ကွန်တီရဲ့နည်းစနစ်ကြောင့် ခံစားခဲ့ရတယ်လို့ ပြောခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့တိုက်စစ်မှူး မိုရာတာဟာ ၎င်းရဲ့ပရီးမီးယားလိဂ်ပထမဆုံးရာသီမှာ ခံစားခဲ့ရတာတွေထဲမှာ ကွန်တီရဲ့နည်းစနစ်ကြောင့်ဆိုတာလည်း တစ်စိတ်တစ်ပိုင်း ပါဝင်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ မိုရာတာဟာ ချယ်ဆီးအသင်းအတွက် စစချင်း ၆ ပွဲမှာ ၆ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့အထိ အထင်ကြီးစရာကောင်းတဲ့ ခြေစွမ်းပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ အရာအားလုံးက ပြောင်းလဲသွားခဲ့ပါတယ်။



d3efe-1536137705-800.jpg

Photos: Sportskeeda

မိုရာတာဟာ ဆိုးရွားတဲ့ကျောဒဏ်ရာရရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ရာသီရဲ့ပွဲစဉ်တော်တော်များများကို လွဲချော်ခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန်မှာတော့ နောက်ထပ် ပရီမီးယားလိဂ်သွင်းဂိုး ၅ ဂိုးနဲ့ ဖလားပြိုင်ပွဲသွင်းဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဘာစီလိုနာကို ပြောင်းရွှေ့ဖို့သတင်းထွက်နေတဲ့ ပေါ့ဂ်ဘာနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ ဆွာရက်ဇ် 

မိုရာတာဟာ ချယ်ဆီးအသင်းက နည်းပြကွန်တီရဲ့နေရာမှာ မူရီဇီယိုဆာရီကို အစားထိုးခန့်အပ်ခဲ့ချိန်မှာ စိတ်အားတက်ကြွတဲ့အမူအရာပြသခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အာဆင်နယ်အသင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မိုရာတာဟာ ယခုရာသီအတွက် ပထမဆုံးသွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့ပြီး နည်းပြဆာရီရဲ့စနစ်သစ်နဲ့ ပိုမိုကိုက်ညီမှုရှိတယ်လို့ ထင်နေတာဖြစ်ပါတယ်။

Photos: Sky Sports

 

မူရီဇီယိုဆာရီ နည်းပြအဖြစ် တာဝန်ယူနေတာဟာ ကွန်တီနဲ့တုန်းကထက် မိုရာတာအနေနဲ့ ပိုပြီး သက်တောင့်သက်သာဖြစ်နေလားဆိုတဲ့မေးခွန်းကို အခုလိုပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။

"ဟုတ်တာပေါ့။ ဟုတ်တယ်။ ကျွန်တော့်အတွက်ကတော့ ဟုတ်ပါတယ်။ အဲဒါက ဘာမှမဟုတ်တာမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ကစားတဲ့စတိုင်လ်အတွက်တော့ ဟုတ်ပါတယ်။ အဲဒါက ကျွန်တော်ကစားနေကျပုံစံမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော် နည်းနည်းခံစားခဲ့ရပါတယ်"

မိုရာတာဟာ ပြီးခဲ့တဲ့ရာသီကုန်ခါနီးမှာ ဂျာမနီနိုင်ငံက ဆရာဝန်ရဲ့အကိုက်အခဲပျောက်ဆေးထိုးပြီး ကစားခဲ့ရတယ်လို့ မကြာသေးမီကမှ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က ရီးရဲမက်ဒရစ်အသင်းကနေ ချယ်ဆီးအသင်းကို ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့ခဲ့တဲ့ မိုရာတာဟာ ချယ်ဆီးအသင်းလုပ်ပေးခဲ့သလောက် ပြန်မပေးဆပ်ရသေးကြောင်း ပြောကြားခဲ့ပါတယ်။

"ဒီနေ့ ကမ္ဘာမှာတော့ ဒီလိုဝေဖန်မှုတွေကတော့ သာမန်ပါပဲ။ ချယ်ဆီးအသင်းက ကျွန်တော့်အတွက် ကြီးမားတဲ့အားထုတ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒါကို ပြန်မလုပ်ပေးရသေးပါဘူး။ ကျွန်တော့်အနေနဲ့ အသင်းကို ၂ ဆပြန်ပေးဆပ်သင့်ပါတယ်။ တစ်ရာသီကို ၁၅ ဂိုးနဲ့တောင် အဆုံးမသတ်နိုင်တဲ့ တိုက်စစ်မှူးတစ်ယောက်ကို သူတို့ ပိုက်ဆံပေးခဲ့ပါတယ်"

"လူတွေက ကျွန်တော်တို့ကို စက်တွေလို့ ထင်နေကြပါတယ်။ ကျွန်တော် သုံးလလောက် မဆော့ဘဲ ရပ်လိုက်မယ်ဆိုရင် ကျွန်တော် ခေါင်းရှင်းရှင်းနဲ့ ပြန်လာနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်က ပရော်ဖက်ရှင်နယ်ဖြစ်နေတဲ့အတွက် အရာအားလုံးကို ပေးချင်ပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က