ဂျုဗင်တပ်အသင်းကနေ မန်ယူကို ပြောင်းလာခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းအထိရရှိနေသူပါ။

မန်ချက်စတာယူနိုက်တက်အသင်းကနေထွက်ခွာလိုနေတယ်လို့ သတင်းတွေထွက်နေတဲ့ ပေါ့ဂ်ဘာတစ်ယောက် နည်းပြမော်ရင်ဟိုနဲ့သူ့အကြားက ဆက်ဆံရေးကို ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ဒီရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ဘာစီလိုနာကိုပြောင်းဖို့သတင်းတွေထွက်ခဲ့ပေမယ့် မန်ယူမှာပဲ ဆက်ရှိခဲ့သူပါ။

4FA79E6100000578-6138861-image-m-103_1536237910779.jpg

Photo: Daily Mail

 

မန်ယူအသင်းက ပြင်သစ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာက နည်းပြ မော်ရင်ဟိုနဲ့ သူ့အကြားမှာ နည်းပြနဲ့ ကစားသမားအဆင့်ပဲရှိပြီး မိတ်ဆွေတွေလိုမရင်းနှီးဘူးလို့ဖွင့်ဟလိုက်ပါတယ်။ ပေါ့ဂ်ဘာဟာ ဒီရာသီအပြောင်း အရွှေ့ဈေးကွက်မပိတ်ခင်မှာ စပိန်ဘီလူး ဘာစီလိုနာကိုပြောင်းဖို့အတွက် နီးစပ်ခဲ့ပေမယ့် မပြောင်းဖြစ်ခဲ့ပဲ မန်ယူအသင်းမှာ ဆက်ရှိခဲ့ပါတယ်။

Photo: Daily Mail

 

မန်ယူက ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးကို ပေါင် ၉၈သန်းသတ်မှတ်ထားပြီး ဘာစီလိုနာအသင်းကလည်း ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်းခေါ်ယူနိုင်ဖို့အတွက် ကစားသမား အေးဂျင့်ကို ချဉ်းကပ်နေတယ်လို့ သတင်းတွေထွက်နေပါတယ်။ လက်ရှိအချိန်မှာ ပြင်သစ်လက်ရွေးစင်အသင်းလေ့ကျင့်ရေးစခန်းမှာ နိုင်ငံလက်ရွေးစင်အသင်းအတွက်လေ့ကျင့်ပြင်ဆင်နေတဲ့ ပေါ့ဂ်ဘာက မန်ယူနဲ့အနာဂတ် မော်ရင်ဟိုနဲ့ဆက်ဆံရေးအခြေအနေတွေကို ဂျာမနီ Sky Sports ရုပ်သံလိုင်းနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဖွင့်ဟခဲ့တာပါ။

Photo: Daily Mail

အနာဂတ်နဲ့ပတ်သက်ပြီး မော်ရင်ဟိုနဲ့ ဆွေးနွေးချင်နေတဲ့ ကြယ်ပွင့်ကစားသမား 

“ကျွန်တော့်အနာဂတ်က စာချုပ်ရှိနေသးတော့ မန်ယူမှာပဲ ရှိနေဆဲပါ။ ဒါပေမယ့် လာမယ့်လတွေမှာ ဘာဖြစ်မလဲဆိုတာကတော့ ဘယ်သူသိနိုင်မှာလဲ။ ကျွန်တော့်မှာရှိတဲ့အရာတိုင်းကို အသင်းအတွက် ၁၀၀ရာခိုင်နှုန်းပေးဆပ်နေသရွေ့တော့ နည်းပြနဲ့ ကျွန်တော့်အကြားမှာ ဘာပြဿနာမှမရှိပါဘူး။ ကျွန်တော်တို့အကြားမှာ ပရော်ဖက်ရှင်နယ်ဆက်ဆံရေးသပ်သပ်ပဲရှိပါတယ်။” လို့ ပေါ့ဂ်ဘာက ပြောပါတယ်။

Photo: The Sun

 

ပေါ့ဂ်ဘာဟာ ၂၀၁၆ဘောလုံးရာသီက ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ဂျုဗင်တပ်အသင်းကနေ မန်ယူကို ပြောင်းလာခဲ့သူဖြစ်ပြီး တစ်ပတ်လုပ်ခလစာ ပေါင်နှစ်သိန်းအထိရရှိနေသူပါ။ မန်ချက်စတာယူနိုက်တက်အသင်းမှာ ပေါ့ဂ်ဘာမပျော်ရွှင်ရတော့တဲ့အကြောင်းအရင်းတွေထဲမှာ အလက်ဆစ်ဆန်းချက်ဇ်ပြောင်းရွှေ့လာတာကြောင့်လည်းဖြစ်နိုင်တယ်လို့လည်း အင်္ဂလန်မီဒီယာတွေကသုံးသပ်နေကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆန်းချက်ဇ်ရဲ့တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းက သူ့ထက်ပိုများနေလို့ပါ။

Share

Loading Next Article...
က္က