မန်ယူနည်းပြသစ်ဖြစ်လာဖို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပြီး ကိုယ်တိုင်လည်း မန်ယူကိုနည်းပြချင်တယ်လို့ အသံထွက်ထားပါတယ်။

အိုးထရက်ဖို့ဒ်ရဲ့ အမှုဆောင် ဒု-ဥက္ကဌ အက်ဝက်ဝုဒ်ကလည်း မန်ယူအသင်းဟာ မော်ရင်ဟိုလက်ထဲမှာနောက်ပြန်သွားနေပြီး ဇီဒန်းအနေနဲ့ အစားထိုးဖို့အသင့်ရှိနေတဲ့လူလို့ ပြောဆိုထားခြင်းလည်း ရှိထားပြန်ပါတယ်။

14915527889338.jpg

Photo - marca.com

ရီးရဲမက်ဒရစ်အသင်းရဲ့ နည်းပြဟောင်း ဇီဒန်းကို မန်ယူနည်းပြ ဖြစ်လာမယ်လို့ သတင်းတွေက ဝိုင်းဝန်းဖော်ပြနေသလို ဇီဒန်းကိုယ်တိုင်ကလည်း မန်ယူနည်းပြအဖြစ် တာဝန်ယူချင်တယ်လို့ သူ့သူငယ်ချင်းကို ပြောခဲ့ဖူးတဲ့သတင်းထွက်ပေါ်ခဲ့ဖူးပါတယ်။

ဒုတိယချေပဂိုးမရခဲ့တဲ့ အင်္ဂလန်အသင်း အမှန်တစ်ကယ်ပဲ နစ်နာခဲ့တာလား? 

အိုးထရက်ဖို့ဒ်ရဲ့ အမှုဆောင် ဒု-ဥက္ကဌ အက်ဝက်ဝုဒ်ကလည်း မန်ယူအသင်းဟာ မော်ရင်ဟိုလက်ထဲမှာနောက်ပြန်သွားနေပြီး ဇီဒန်းအနေနဲ့ အစားထိုးဖို့အသင့်ရှိနေတဲ့လူလို့ ပြောဆိုထားခြင်းလည်း ရှိထားပြန်ပါတယ်။

Photo - Real Madrid - Diario AS

 

လက်ရှိမှာတော့ ဇီဒန်းအနေနဲ့လည်းအနာဂတ်အလုပ်အတွက် ရည်ရွယ်ပြီး ပြင်ဆင်ထားတဲ့ အကြောင်းအရာတစ်ချို့ အတွင်းစည်းကနေ ပေါက် ကြားမှု ဖြစ်ပေါ်လာခဲ့ပြီး ဒီသတင်းကိုတော့ Mirror သတင်းဌာနက ဖော်ပြလာတာ ဖြစ်ပါတယ်။

ဇီဒန်းအနေနဲ့ မန်ယူနည်းပြ ဖြစ်လာခဲ့မယ်ဆိုရင်တော့ ခေါ်ယူဖို့ စဉ်းစားထားတဲ့ ကစားသမားစာရင်း ပေါက်ကြားခဲ့တာ ဖြစ်ပြီး ဒီကစားသမား တွေကတော့ သူ့အသင်းဟောင်းရီးရဲက တိုနီခရူးစ်၊ဘိုင်ယန်မြူးနစ်က အယ်လ်ကန်တာရာ၊ဂျိမ်းရိုဒရီဂွဇ်၊နဲ့ ပီအက်စ်ဂျီ တိုက်စစ်မှူး ကာဗာနီတို့ပဲ ဖြစ်ပါတယ်။

Photo - Sport English

 

ဒီကစားသမားတွေကို စာရင်းပြုစုထားတာ ဖြစ်ပြီး သူမန်ယူအသင်းကို ကိုင်တွယ်ခွင့်ရခဲ့ချိန်မှာ ခေါ်ယူဖို့ ရည်ရွယ်ထားသူတွေလည်း ဖြစ်ပါ တယ်။

ဒါပေမယ့်လည်း သူမန်ယူအသင်းကို တစ်ကယ်ပဲကိုင်တွယ်ဖြစ်မှာလား၊သူကိုင်တွယ်ဖြစ်ချိန်မှာရော ဒီကစားသမားတွေကို အမှန်တစ်ကယ်ပဲ ခေါ် ယူဖို့ ကြိုးပမ်းသွားမှာလားဆိုတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။

Photo - twitter.com

 

မန်ယူအသင်းကတော့ ပေါ်တူဂီ လူမျိုး နည်းပြ မော်ရင်ဟိုရဲ့ လက်အောက်မှာ ရုန်းကုန်နေရပြီး လက်ရှိ ပရီးမီးယားလိဂ် ၄ ပွဲကစားပြီးချိန်မှာ လည်း ၂ ပွဲနိုင် ၂ ပွဲရှုံးထားလို့ ရမှတ် ၆ မှတ်သာရရှိထားပြီး အဆင့် ၁၀ မှာရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က