စိတ်ခံစားချက်ကို မဖုံးကွယ်တတ်ဘူးလို့ ပြောခဲ့တာပါ။

မော်ရင်ဟိုဟာ ဟန်ဆောင်တတ်သူမဟုတ်ပဲ ခံစားချက်အစစ်အမှန်အတိုင်းသာ နေထိုင်တတ်သူဖြစ်တယ်လို့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တိုက်စစ်မှူး လူကာကူက ပြောကြားလိုက်ပါတယ်။ BBC ရဲ့ ရေးသားချက်အရ မော်ရင်ဟိုဟာ ပရီးမီးယားလိဂ်ရဲ့ အခြားနည်းပြတွေလိုမျိုး အတုအယောင်စိတ်ခံစားချက်တွေနဲ့ ပြောဆိုဆက်ဆံတတ်တာမဟုတ်ဘူးလို့ လူကာကူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

 

စပါးအသင်းကို (၃)ဂိုးပြတ်နဲ့ အိုးထရက်ဖို့ဒ်မှာ အရေးနိမ့်ပြီးနောက် သူ့အပေါ်လေးစားမှုရှိဖို့လိုတယ်လို့ မော်ရင်ဟိုက မီဒီယာတွေကို ဒေါသတကြီးနဲ့ ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့်လည်း လူကာကူက ပေါ်တူဂီသား မန်နေဂျာကြီးဟာ မိသားစုဆန်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်းနဲ့ ကစားသမားတွေကို ပြုံးရယ်နေအောင်၊ တိုက်ပွဲဝင်စိတ်ပြင်းပြလာအောင် လှုံ့ဆော်ပေးနိုင်ပြီး လေးစားမှုနဲ့ ထိုက်တန်တဲ့သူဖြစ်တယ်လို့ ထောက်ခံခဲ့ပါတယ်။

စံချိန်တင်အမြတ်အစွန်း ရရှိခဲ့တဲ့ မန်ချက်စတာစီးတီး 

 

"လူတွေက သူ့ကို အခြားတစ်ဖက်မှာ အောင်နိုင်သူတစ်ယောက်အဖြစ် သိထားကြပါတယ်၊ ကျွန်တော်သိရသလောက်တော့ သူကဘယ်တော့မှ စိတ်ခံစားချက်ကို ဟန်ဆောင်တတ်သူ မဟုတ်ပါဘူး၊ သူ ကျွန်တော့်ကို စိတ်ဆိုးဒေါသထွက်နေတဲ့အချိန်ဆိုလည်း သူ အဲဒီလိုဖြစ်နေမှန်း ကျွန်တော်သိတယ်၊ အဲဒီနောက် သူ လိုချင်တာကို ရအောင်လုပ်ပေးဖို့ ကျွန်တော်ကြိုးစားတဲ့အခါ သူ ပျော်နေတော့တာပဲ"

 

"သူ ပျော်ရွှင်နေတဲ့အချိန်မှာဆိုလည်း ပျော်ရွှင်နေတယ်ဆိုတာကို ခင်ဗျားသိမှာပဲ၊ သူနဲ့ကျွန်တော့်ကြား ဆက်ဆံရေးက အေးအေးဆေးဆေး ပါပဲ၊ ကျွန်တော့်ကို အမြဲစနောက်နေတတ်သလို ကစားသမားတွေကိုလည်း သူ စနောက်နေတာပဲ၊ သူက တကယ့်ကို မိသားစုဆန်တဲ့ လူတစ်ယောက်ပါ၊ ခင်ဗျားမပျော်ရွှင်တဲ့အချိန်မှာ ခင်ဗျားရဲ့ စိတ်ခံစားချက်ကို အတုအယောင်တွေနဲ့ ဖုံးကွယ်ထားဖို့ မလိုပါဘူး" လို့ လူကာကူက ပြောကြားခဲ့ပါတယ်။

 

မော်ရင်ဟိုကတော့ မန်ချက်စတာယူနိုက်တက်အသင်းနည်းပြဘဝမှာ ကစားသမားတွေနဲ့ ဆက်ဆံရေးအဆင်မပြေနေသူလို့ သတင်းတွေ ထွက်ပေါ်နေသူ ဖြစ်ပါတယ်။ မာရှယ်၊ ပေါ့ဂ်ဘာတို့နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်နေတယ်လို့ သတင်းများက ဖော်ပြခဲ့ကြပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း နောက်ခံလူ လုခ်ရှောကို လူသိရှင်ကြားဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မော်ရင်ဟိုဟာ ပြန်လည်ဝေဖန်မှုတွေကို ရရှိခဲ့သူ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က