စနေနေ့ မြန်မာစံတော်ချိန် ည၈နာရီခွဲမှာ ကစားမယ့် ပွဲစဉ်(၅)ပွဲကို စတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။

မနှစ်က လိဂ်ဖလားနဲ့အက်ဖ်အေဖလားပြိုင်ပွဲရဲ့ ပွဲစဉ်အချို့မှာစမ်းသပ်အသုံးပြုခဲ့ပြီး ဒီနှစ်ကစကာ ပရီးမီးယားလိဂ် ပွဲစဉ် အနည်းဆုံး ၁၉ ပွဲကနေ အများဆုံး ပွဲ ၆၀ အထိ အသုံးပြုသွားတော့မှာ ဖြစ်ပါတယ်။

Photo - Extra.ie

 

ပရီးမီးယားလိဂ် ပြိုင်ပွဲကို မနက်ဖြန်ကစပြီး ဗီဒီယိုစောင့်ကြည့်စနစ်(VAR) စတင်အသုံးပြုသွားတော့မယ်လို့ သိရပြီး တစ်ချိန်တည်းမှာ ပွဲ ၅ ပွဲ ကို တစ်ပြိုင်နက်တည်း အသုံးပြုသွားမှာလည်း ဖြစ်ပါတယ်။

နယူးကာဆယ်နဲ့ပွဲမတိုင်ခင် အိုဇေးလ်ကို သတိပေးလိုက်တဲ့ အမ်မရီ 

ပြီးခဲ့တဲ့နှစ်က တစ်ပွဲတစ်လေမှာအသုံးပြုခဲ့ရာမှာ ဒီနှစ်မှာတော့ ဒီဗီဒီယို စောင့်ကြည့်စနစ်အနေနဲ့ တစ်ချိန်တည်းမှာ ဘယ်လောက်ထိ အလုပ်လုပ် နိုင်စွမ်းရှိမလဲဆိုတာ စတင်စမ်းသပ်သွားတော့မှာလည်း ဖြစ်ပါတယ်။

Photo - Daily Mail

 

မြန်မာစံတော်ချိန် ညနေ ၈ နာရီခွဲမှာ တစ်ချိန်တည်းကစားမယ့် ပွဲစဉ် ၅ ပွဲကို ဗီဒီယိုစောင့်ကြည့်စနစ် ဗဟိုစနစ်နဲ့ စောင့်ကြည့်သွားမှာလို့လည်း သိရပါတယ်။

ဒီစနစ်အသုံးပြုပြီဆိုရင်တော့ ဂိုးဝင်မဝင်၊ပင်နယ်တီဖြစ်မဖြစ်၊တိုက်ရိုက်အနီကဒ် ပြသင့်မပြသင့်နဲ့ ပြစ်ဒဏ်သင့်မသင့်တို့ကို အတိအကျ လုပ်ဆောင်နိုင်မှာ ဖြစ်ပြီး ကွင်းလယ်ဒိုင်ရဲ့စွမ်းဆောင်ရည်တွေကို ပိုပြီး တိကျစေမှာလည်း ဖြစ်ပါတယ်။

Photo - Mirror

 

ဒီစနစ်အသုံးပြုမယ်ဆိုတော့ ပရီးမီးယားလိဂ်ကပလ်တွေက ကန့်ကွက်ခဲ့ကြတာ ရှိပေမယ့်လည်း အခုတော့ ဒီစနစ်ကို စတင်အသုံးပြုသွားတော့ မှာ ဖြစ်ပါတယ်။

မနှစ်ကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲတွေမှာ အသုံးမပြုခဲ့ပဲ လိဂ်ဖလားနဲ့ အက်ဖ်အေဖလား ပွဲစဉ်အချို့မှာ စမ်းသပ်အသုံးပြုခဲ့ပြီးအောင်မြင်မှု ရခဲ့ တာလည်း ဖြစ်ပါတယ်။

အနည်းဆုံး ၁၉ ပွဲကနေ ပွဲ ၆၀ အထိ တိုးမြှင့်အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့သိရပြီး ဒီစနစ်ကိုအသာ အမှန်တစ်ကယ် အသုံးပြုခဲ့မယ်ဆိုရင် တော့ ပရီးမီးယားလိဂ်မှာ သေချာပေါက် ပင်နယ်တီတွေ သိသိသာသာမြင့်မားစွာ တိုးမြှင့်လာတော့မှာလည်း ဖြစ်ပါတယ်။

အကြောင်းကတော့ ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ VAR စနစ်ကို အသုံးပြုခဲ့ရာမှာတော့ ပွဲစဉ်တိုင်းလိုလို ပင်နယ်တီပြစ်ဒဏ်ဘောတွေ ရရှိခဲ့တာတွေ့မြင်ရပြီး ယခင် ကမ္ဘာ့ဖလားပြိုင်ပွဲတွေထက် ပင်နယ်တီအရေအတွက် မြင့်တက်ခဲ့တာလည်း ဖြစ်ပါတယ်။

ဗီဒီယို စောင့်ကြည့်စနစ်(VAR)ကို စတင်အသုံးပြုမယ့် ပွဲစဉ်တွေကတော့ ဘုန်းမောက်နဲ့လက်စတာ၊ချဲလ်ဆီးနဲ့ကာဒစ်၊ဟက်ဒါဖီးလ်နဲ့ပဲလေ့စ်၊မန် စီးတီးနဲ့ဖူဟမ်၊နယူးကာဆယ်နဲ့အာဆင်နယ်ပွဲတွေ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က