AD
AD
AD

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ကစားသမား ဒေးဗစ်ဆေးဗားလ်က ပြီးခဲ့တဲ့ဘောလုံးရာသီမှာ သူ့အတွက် ခက်ခဲခဲ့ရတဲ့ အချိန်တွေ အကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မိသားစုကိစ္စ နဲ့ အသင်းရဲ့ ချန်ပီယံခရီးလမ်းကြောင်းကြားမှာ ဗျာများနေခဲ့ရတဲ့ ဆေးဗားလ်က ဖခင်တစ်ယောက်ရဲ့တာဝန်နဲ့ ပရော်ဖက်ရှင်နယ်ဘောလုံးသမားဘ၀ကြားက အခက်အခဲတွေအကြောင်းကို ရင်ဖွင့်ခဲ့တာပါ။

play

 

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းမှာ ဆေးဗားလ်ရဲ့ သားဖြစ်သူ မတ်တီယိုကို လမစေ့ပဲ မွေးဖွားခဲ့ပြီး ကလေးဟာ ပေါင်မပြည့်တဲ့ အနေအထားမှာ ရှိခဲ့ပါတယ်။ ဆေးဗားလ်အနေနဲ့ သားဖြစ်သူရဲ့ အခြေအနေကြောင့် စပိန်ကို ပြန်သွားခဲ့ရပါတယ်။ ဒီအချိန်မှာ မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့အတွက် အပြင်းထန်ဆုံးတိုက်ပွဲဝင်နေရချိန်ဖြစ်ပါတယ်။

 

play

 

ဆေးဗားလ်အနေနဲ့ မန်စီးတီးရဲ့ ပွဲစဉ်အချို့ကို လွဲချော်ခဲ့ရပြီး သားဖြစ်သူကို အနီးကပ်ကြည့်ရှုစောင့်ရှောက်ဖို့အတွက် တာဝန်က ဖိစီးခဲ့ပါတယ်။ BBC က ပြုလုပ်ခဲ့တဲ့ Premier League Show အစီအစဉ်မှာတော့ ဆေးဗားလ်က သူ့ခံစားခဲ့ရတဲ့ စိတ်ခံစားချက် နဲ့ ခက်ခဲခဲ့ရတဲ့အချိန်များကို ပြန်ပြောင်းပြပြောဆိုသွားခဲ့ပါတယ်။

play

 

"အရမ်းကို ကြမ်းတမ်းခဲ့တဲ့ အချိန်တွေပါ၊ ဆေးရုံမှာ ရှိနေခဲ့ရတဲ့ ကာလတွေက အရမ်းကို ရှည်လျားလွန်းခဲ့ပါတယ်၊ ကျွန်တော် ဘယ်လိုမှ အိပ်မပျော်ခဲ့ဘူး၊ အစားလည်း ကောင်းကောင်းမစားဖြစ်ခဲ့ဘူး၊ ဒါပေမယ့် ကံကောင်းတာက အသင်းက အကောင်းဆုံးပုံစံတွေ ပြသပြီးတော့ ကျွန်တော့်ကို သူတို့တွေ အများကြီး ကူညီပေးခဲ့ပါတယ်"

 

"အခုဆိုရင်တော့ သူ့အတွက် တော်တော်လေးကို အခြေအနေကောင်းသွားပါပြီ၊ ဝေဒနာတွေ ခံစားခဲ့ရပေမယ့် အခုအချိန်မှာ သူက တော်တော်လေးကို မြန်မြန်ဆန်ဆန်နဲ့ ကြီးထွားလာပါတယ်" လို့ ဒေးဗစ်ဆေးဗားလ်က သူ့ရဲ့ သားငယ်လေး မက်တီယိုအကြောင်းကို ပြောကြား ခဲ့ပါတယ်။ ဒီစကားတွေပြောနေချိန်မှာတော့ ဆေးဗားလ်ဟာ ၀မ်းနည်းနေခဲ့တဲ့ အသွင်အပြင် ရှိခဲ့ပါတယ်။

play

 

ဒေးဗစ်ဆေးဗားလ်ကတော့ မန်စီးတီးနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ၂၀၂၀ ခုနှစ်မှာ အီတီဟတ်ကို စွန့်ခွာပြီး လာလီဂါမှာ ပြန်လည်ကစားဖို့ စဉ်းစားနေတယ်လို့လည်း အသိပေးပြောဆိုသွားခဲ့ပါတယ်။ အသက် (၃၂)နှစ်အရွယ် ဒေးဗစ်ဆေးဗားလ်ဟာ ဗလင်စီယာကနေ မန်စီးတီးကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး စပိန်မှာပြန်လည်ကစားမယ်ဆိုရင်တော့ လာ့ပါးမက်စ်အသင်းမှာ ကစားဖွယ်ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD