ဒီဘရိုင်းမှာ စာချုပ်လျော်ကြေး ဘယ်လောက်ရှိရှိ ရောင်းဖို့မဟုတ်ဘူးလို့ ဂွါဒီယိုလာက ပြောခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အသင်းနဲ့ ၆ နှစ်သက်တမ်းတိုး စာချုပ်ချုပ်ဆိုထားတာ ဖြစ်ပြီး အဆိုပါ စာချုပ်အရ စာချုပ်လျော်ကြေး ယူရို သန်း ၂၅၀ ရှိနေတာလည်း ဖြစ်ပါတယ်။

Photo - The Premium Sports

 

ပြီးခဲ့တဲ့ ဇန်နဝါရီလကမှ အသင်းနဲ့ ၆ နှစ်သက်တမ်းတိုးစာချုပ် တိုးမြှင့်ချုပ်ဆိုထားတဲ့ ကီဗင်ဒီဘရိုင်းရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး နည်းပြ ဂါွဒီယိုလာက အခုလို မှတ်ချက်ပေးခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာ ပင်နယ်တီတွေ ပိုများလာတော့မယ် 

ဂွါဒီယိုလာကပြောခဲ့ရာမှာတော့ -" ဘရိုင်းက ရောင်းရန်မဟုတ်ပါဘူး။လက်ရှိချုပ်ဆိုထားတဲ့စာချုပ်အရလည်း သူ့ကို ခေါ်ယူချင်ပါက စာချုပ် လျော်ကြေး ယူရို သန်း ၂၅၀ ပေးနိုင်မှ ရပါလိမ့်မယ်။" လို့ ပြောခဲ့ပါတယ်။

Photo - Gulf Daily News

 

ဒီဘရိုင်းက မနှစ်က မန်စီးတီးအသင်း ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ခဲ့ချိန်က အသင်းအတွက် အဓိက အရေးပါတဲ့ ကစားသမားတစ်ယောက် ဖြစ်ခဲ့သလို နည်းပြ ဂါွဒီယိုလာရဲ့ စိတ်ကြိုက် ကစားသမားလည် းဖြစ်ပါတယ်။

အခုတော့ မန်စီးတီးအနေနဲ့ ဒီဘရိုင်းကို လက်လွှတ်ထားရပါတယ်၊အကြောင်းကတော့ ဘရိုင်းအနေနဲ့ ဒူးဒဏ်ရာရထားလို့ အနည်းဆုံး လာမယ့် နိုဝင်ဘာလ မတိုင်ခင်အထိ အနားယူရမှာဖြစ်ပါတယ်။

"သူကအရမ်းတော်တဲ့ ကစားသမားပါ။ဒါ့အပြင် ဘောလုံးကစားရမှာလည်း အရမ်းကို တက်ကြွပါတယ်။လိဒ်ယူနိုက်တက် နည်းပြဆိုရင် သူ့ရဲ့ အကြိုက်ဆုံးကစားသမားက ဒီဘရိုင်းလို့တောင်ပြေထားတာ ရှိပါတယ်။" လို့ ဂွါဒီယိုလာက ထပ်မံ အမွှန်းတင်ပြောခဲ့ပြန်ပါသေးတယ်။

ဂွါဒီယိုလာက ဘရိုင်းရဲ့ မိဘတွေနဲ့ တွေ့ဆုံစဉ်မှာလည်း သူ့ရဲ့ငယ်ဘ၀ ထူးခြားမှုတွေကို သိရှိရတယ်လို့ ပြောဆိုခဲ့ပြီး စာချုပ်လျော်ကြေးကတော့ အခုချိန်မှာ ယူရို သန်း ၂၅၀ ရှိတယ်လို့ ပြောခဲ့ပါတယ်။

"ဆော်ရီးကျွန်တော်တောင်းပန်ပါတယ်။ စာချုပ်လျော်ကြေး ယူရို သန်း၂၅၀ ပဲရှိရှိ ဘယ်လောက်ပဲရှိရှိ၊ဘရိုင်းက ရောင်းရန်မဟုတ်ပါ။" လို့ ပြန်လည် ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

တဆက်တည်းမှာပဲ နိုင်ငံအသင်းကို နည်းပြအဖြစ် တာဝန်ယူမှု မရှိမရှိဆိုတဲ့ မေးခွန်းအပေါ်မှာလည်း အခွင့်အရေးတစ်ခု ပေါ်ပေါက်လာခဲ့မယ်ဆိုရင် တာဝန်ယူကိုင်တွယ်ချင်တယ်လို့ ဖွင့်ဟခဲ့ပါတယ်။

လက်ရှိ ဂွါဒီယိုလာ ကိုင်တွယ်နေတဲ့ မန်စီးတီးအသင်းကတော့ ပရီးမီးယားလိဂ်မှာ ၄ ပွဲကစား ၃ ပွဲနိုင်တစ်ပွဲသရေကျပြီး ရမှတ် ၁၀ မှတ်ရရှိထား ပါတယ်။

Share

Loading Next Article...
က္က