ဒဏ်ငွေနဲ့ လ ၂၀ ကားမောင်းခွင့်ပိတ်ခံခဲ့ရသူပါ။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ဂိုးသမား ဟူဂိုလိုရစ်ဟာ အရက်မူးပြီး ကားမောင်းနှင်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ဒဏ်ငွေ ပေါင် ၅ သောင်းနဲ့ လ ၂၀ ကားမောင်းနှင်ခွင့်ပိတ်ပင်ခံခဲ့ရတဲ့ကစားသမားဖြစ်ပါတယ်။ လိုရစ်ဟာ ၎င်းရဲ့ ပေါ်ရှေးပါနာမီရာကားနဲ့ မီးနီဖြတ်မောင်းခဲ့ပြီးနောက် ရပ်ထားတဲ့ကားတွေကို ဝင်တိုက်မိမလို ဖြစ်ခဲ့တာဖြစ်ပါတယ်။

4F5B1D2600000578-6094681-image-m-79_1535114551398.jpg

Photos: Daily Mail

 

စမ်းသပ်စစ်ဆေးချက်အရ တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကစားသမား ဟူဂိုလိုရစ်ဟာ တရားဝင်သတ်မှတ်ထားတဲ့ အယ်ကိုဟောပမာဏထက် နှစ်ဆပိုမိုနေတယ်လို့ တွေ့ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်ကို နောက်တစ်နေ့ သတင်းမျက်နှာဖုံးတွေမှာ အကျယ်တဝင့် ဖော်ပြခဲ့တာကြောင့် လိုရစ်ကို ဖိအားအောက်ရောက်ရှိစေခဲ့ပါတယ်။

ဒါပေမယ့် တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုက ဟူဂိုလိုရစ်ရဲ့ အသင်းခေါင်းဆောင်နေရာကို အပြောင်းအလဲပြုလုပ်သွားမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ပေါ့ချက်တီနိုက ဆက်လက်ပြီး ဟူဂိုလိုရစ်အနေနဲ့ ဖြစ်လာသမျှ အကျိုးဆက်တွေကို လက်ခံဖို့အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့ပါတယ်။

Photos: talkSPORT

 

"သူ အားလုံးကို တောင်းပန်ခဲ့ပါတယ်။ အသင်းဝန်ထမ်းတွေရော၊ ပရိသတ်တွေရော၊ ကျွန်တော်တို့ကိုရော၊ အသင်းကိုရော တောင်းပန်ခဲ့ပါတယ်။ ပြီးတော့ သူက နည်းပြပဲဖြစ်ဖြစ်၊ အသင်းကပဲဖြစ်ဖြစ် ချမှတ်တဲ့ဘယ်ဆုံးဖြတ်ချက်မဆို တရားမျှတယ်လို့ ထင်တယ်လို့ ပြောပါတယ်"

"ဟုတ်တာပေါ့။ ကျွန်တော်တို့ စကားပြောခဲ့ကြပါတယ်။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ သူ ရှင်းပြခဲ့ပါတယ်"

"သူ့မှာ အပြစ်ရှိတာကို ဝန်ခံပါတယ်။ ဒါပါပဲ။ ယောကျ်ားတစ်ယောက်အနေနဲ့ ခင်ဗျားရဲ့အမှားကို သတိပြုမိဖို့လိုပါတယ်။ ပြီးတော့ အခြေအနေက ပြဿနာဖြစ်နိုင်လား၊ မဖြစ်နိုင်ဘူးလားဆိုတာ ကြည့်ရပါမယ်။ ဒီပြဿနာကတော့ သူ့မှာ အပြစ်ရှိတယ်။ သူ အမှားကျူးလွန်ခဲ့တာပါ"

"အခု အဲဒါက သူ့အတွက် ကြီးမားတဲ့သင်ခန်းစာတစ်ခု ဖြစ်သွားပါတယ်။ ဘဝ သင်ခန်းစာပေါ့။ သူက တော်တဲ့အတွက် သင်ယူနိုင်ပါတယ်။ သူ ဆက်ပြီး ရှေ့ဆက်သွားမှာပါ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က