ဟယ်ရီကိန်းက စပါးအသင်းအတွက် မနားရဘူးလို့ပြောခဲ့တာပါ။

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းဟာ စပါးအသင်းအတွက် ကစားပေးနေရတာ မထိုက်တန်ဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။၂၀၁၈ ကမ္ဘာ့ဖလားရဲ့ရွှေဖိနပ်ဆုပိုင်ရှင် ဟယ်ရီကိန်းဟာ အင်္ဂလန်အသင်းကို ဆီမီးဖိုင်နယ်အဆင့်အထိ ရောက်အောင် ပို့ဆောင်ပေးခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့အပတ်တွေမှာ အကောင်းဆုံးပုံစံ ပျောက်ဆုံးနေသူဖြစ်ပါတယ်။



829fd-1536921603-800.jpg

Photos: Sportskeeda

အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာ ပြီးခဲ့တဲ့လက ဖူလ်ဟမ်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့သူဖြစ်ပါတယ်။ လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က ဟယ်ရီကိန်းဟာ လက်ရှိအချိန်မှာ ပုံမှန်ခြေစွမ်းအောက် ကျဆင်းနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ငြင်းပယ်ခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

လီဗာပူးအသင်းဟာ စနေနေ့နေ့လယ်မှာ စပါးအသင်းရဲ့ဝင်ဘလေကွင်းကို သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ စွမ်းဆောင်ရည်ကို ဝေဖန်နေတဲ့အပေါ်မှာ ကာကွယ်ပြောကြားခဲ့ပါတယ်။

Photos: Teamtalk

 

"ဒါက လုံးဝကို မထိုက်တန်ပါဘူး။ ကျွန်တော် ပြောနိုင်ပါတယ်"

"အင်္ဂလန်အသင်း ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အဆင့်ထိရောက်ခဲ့ပြီး သူတို့တွေ အနားမယူခဲ့ကြရပါဘူး"

"ဟယ်ရီကိန်းက အားလပ်ရက် နှစ်ပတ်လောက်ပဲ ရခဲ့တာပါ။ သူ အနားမယူနိုင်ခဲ့ပါဘူး"

"သူ့ရဲ့ပုံစံကို သူ ရှာဖွေပါလိမ့်မယ်။ ဒီအပတ်ကုန်မှာ ဖြစ်ချင်ဖြစ်ပါလိမ့်မယ်။ ပြီးတော့ သူ့အနေနဲ့ အသင်းကို အကောင်းဆုံးပို့ဆောင်ပေးခဲ့ပြီးသားပါ။ ကျွန်တော်တို့ ဟယ်ရီကိန်းကို ဆုံးဖြတ်ကြတယ်။ ဘာလို့လဲဆိုတော့ သူက အမြင့်မားဆုံးအဆင့်မှာရှိနေလို့ပါ"

"ခင်ဗျား တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ပွဲထွက်ကစားသမားစာရင်းကို ကြည့်မယ်ဆိုရင် သူတို့က အလီနဲ့ လိုရစ်တို့ နေရာမှာအစားထိုးနိုင်ပါတယ်။(နှစ်ဦးစလုံး ဒဏ်ရာကြောင့် လီဗာပူးနဲ့ပွဲစဉ်ကို လွဲချော်)သူတို့မှာ အခြေအနေအားလုံးအတွက် အသုံးပြုလို့ရနိုင်တဲ့ တကယ်ကောင်းမွန်တဲ့ လူစာရင်းရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က