ချဲလ်ဆီးအသင်းက ဂိုးကွာခြားချက်အသာနဲ့ အဆင့်(၁)နေရာကို ရယူသွားပါတယ်။

ချဲလ်ဆီးအသင်းကတော့ ကာဒစ်ကို ဂိုးပြတ်နိုင်ခဲ့လို့ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးကို လီဗာပူးအသင်းထံကနေ ဂိုးကွာခြားချက်အသာနဲ့ ရယူသွား နိုင်ခဲ့ပြီး အမှတ်ပေးဇယားအထက်ပိုင်းအပြောင်းအလဲအချို့ရှိခဲ့ပါတယ်။

Photo - Reuters

 

မြန်မာစံတော်ချိန် ည ၈ နာရီခွဲမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၅)ပွဲမှာတော့ အသင်းကြီးတွေ ကစားတဲ့ ၃ ပွဲပါဝင်ခဲ့ပြီး အားလုံးကတော့ အမှားအယွင်းမရှိ နိုင်ပွဲရခဲ့ကြပါတယ်။

ဝင်ဘလေမြေက ကြိုးကြာတောင်ပံခတ်သံ(သို့) စပါး ၁-၂ လီဗာပူး 

လက်ရှိချန်ပီယံ မန်စီးတီးအသင်းက ဖူဟမ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ပြီး ဆာနေး၊ဒေးဗစ်ဆေးလ်ဗား၊စတားလင်းတို့ရဲ့ ဂိုးတွေနဲ့ ဂိုး ပြတ်နိုင်ခဲ့သလို ချဲလ်ဆီးအသင်းကလည်း တန်းတက်ကာဒစ်ကို ဟာဇက်ရဲ့ ဟက်ထရစ်သွင်းဂိုးအပါအဝင် ၄-၁ ဂိုးနဲ့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။

Photo - @AP

 

ဒီနေ့ည ၈ နာရီခွဲမှာ ကစားခဲ့တဲ့ ပွဲစဉ် (၅)ပွဲစလုံးကို VAR စနစ်နဲ့စောင့်ကြည့်ခဲ့တာ ဖြစ်ပြီး ပင်နယ်တီ ပြစ်ဒဏ်ဘော ၃ လုံးကိုလည်း တွေ့မြင် ရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းကတော့ ပွဲချိန် ၈၀ မိနစ်မှာ ပင်နယ်တီရခဲ့ပြီး အီဒင်ဟာဇက်က သွင်းယူခဲ့တာ ဖြစ်သလို အခြားပွဲတစ်ပွဲဖြစ်တဲ့ ဘုန်းမောက်နဲ့ လက်စတာတို့ပွဲမှာလည်း ဘုန်းမောက်အသင်းက ပင်နယ်တီ ၂ လုံးထိ ရပြီး ၄-၂ ဂိုးဆိုတဲ့ ရလဒ်နဲ့ နိုင်ခဲ့ပါတယ်။

Photo - Reuters

 

အာဆင်နယ်အသင်းကတော့ နယူးကာဆယ်အသင်းကို အဝေးကွင်းသွားကစားခဲ့ရပေမယ့်လည်း ၂-၁ ဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါ တယ်။

 

ဟက်ဒါဖီးလ်နဲ့ ပဲလေ့စ်အသင်းတို့ရဲ့ပွဲမှာတော့ ဧည့်သည်ပဲလေ့စ်အသင်းက ပွဲချိန် ၃၈ မိနစ်မှာ ဇာဟာသွင်းယူတဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

Photo - Reuters

 

ဒီကနေ့ညအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ လာမယ့် မြန်မာစံတော်ချိန် ည ၁၁ နာရီမှာ ကစားမယ့် ဝက်ဖို့ဒ်အသင်းနဲ့ မန်ယူအသင်းတို့ ပွဲစဉ် ဖြစ်ပြီး ရှေ့ကအသင်းကြီးတွေလို မန်ယူအသင်းရော နိုင်ပွဲရမလား စိတ်ဝင်စားဖို့ကောင်းပါတယ်။

Share

Loading Next Article...
က္က