ကာဒစ်နဲ့ပွဲမှာ ဟက်ထရစ်သွင်းယူခဲ့တာပါ။

ချယ်လ်ဆီးနည်းပြ ဆာရီက အသင်းရဲ့ ကွင်းလယ်ကစားသမား ဟာဇက်ဟာ ရွှေဖိနပ်ဆုကို ရရှိနိုင်တယ်လို့ ခန့်မှန်းပြောကြားလိုက်ပါတယ်။ ကာဒစ်ကို (၄-၁)နဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ ပွဲမှာ ဟာဇက်ဟာ ချယ်လ်ဆီးအတွက် ဟက်ထရစ်သွင်းယူပေးခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဒီရလာဒ်ကြောင့် ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲရရှိပြီး အမှတ်ပေးဇယားကို ဦးဆောင်နေဆဲ ဖြစ်ပါတယ်။

Photo : Newscabal

 

ဆာရီက ဘယ်လ်ဂျီယံကစားသမားဟာ နောက်ထပ်သွင်းဂိုးတွေ ထပ်မံရရှိဦးမယ်လို့ မျှော်လင့်နေပြီး ရွှေဖိနပ်ဆုကိုပါ ရရှိနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ အသက် (၂၇)နှစ်အရွယ် ဟာဇက်ဟာ လက်ရှိမှာ (၅)ဂိုးအထိ သွင်းယူထားပြီး ဂိုးသွင်းအများဆုံးစာရင်းမှာ ထိပ်ဆုံးက ဦးဆောင်နေသူ ဖြစ်ပါတယ်။ ဟာဇက်အနေနဲ့ ကလပ် နဲ့ နိုင်ငံအသင်းအတွက် နောက်ဆုံး (၈)ပွဲမှာ သွင်းဂိုးတွေနဲ့ ပါဝင်ပတ်သက်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဂိုးသွင်းပြန်ရင်လည်း စံချိန်သစ်လေး ယူလိုက်ရမှဆိုတဲ့ ရော်နယ်ဒို 

Photo : Colossus SportsTV

 

"မနေ့ကပဲ သူနဲ့ စကားပြောဖြစ်ခဲ့တယ်၊ သူ ဂိုး (၄၀)လောက် သွင်းယူနိုင်လိမ့်မယ်လို့ပေါ့၊ တချို့နေရာတွေမှာ သူတိုးတက်ဖို့ လိုနေသေးပေမယ့် သူ အဲဒါကို ပြုလုပ်နိုင်မှာပါ၊ ကာဒစ်နဲ့ပွဲမှာဆိုရင်လည်း သူ့ကစားပုံကို ခင်ဗျားတို့ မြင်တွေ့ခဲ့မှာပါပဲ၊ ဒါကြောင့် ဟာဇက်အနေနဲ့ ဂိုးသွင်း ဘုရင်ဖြစ်နိုင်လားဆိုရင် ကျွန်တော်ကတော့ ဖြစ်နိုင်တယ်လို့ ပြောမှာပါ" လို့ ဆာရီက ပြောဆိုခဲ့ပါတယ်။

Photo : We Ain't Got No History

ဆာရီက ဟာဇက်အနေနဲ့ သူ့ကိုယ်သူ ဂရုစိုက်ဖို့လည်း လိုလားနေပြီး နေရာလွတ်ရှာဖွေခြင်း၊ ပြိုင်ဘက်ရဲ့ နောက်ဆုံးခံစစ်ဇုန်အတွင်းမှာ အခွင့်အရေးရအောင် ဖန်တီးခြင်းတွေက ဟာဇက်အနေနဲ့ ခွန်အားဖြုန်းတီးနေတာ ဖြစ်တယ်လို့ ယူဆပြီး မကြာခဏဆိုသလို ဘောလုံးကို ကွင်းလယ်အထိ ဆင်းယူတာမျိုးတွေ မပြုလုပ်ဖို့လည်း ဆာရီက တိုက်တွန်းခဲ့ပါတယ်။

 

"ကြာသာပတေးနေ့မှာ ဟာဇက် (သို့) ပက်ဒရိုကို အနားပေးသွားမှာပါ၊ လော့တပ်ချိခ်က ဒဏ်ရာပြသနာ အနည်းငယ်ရှိနေပါတယ်၊ သူ နောက်ထပ် (၂)ရက်၊ (၃)ရက်လောက်နေရင် ပြန်ပြီး ကောင်းလာမယ်လို့ ထင်ပါတယ်၊ သူ့အတွက် အခွင့်အရေးတွေ ပေးနိုင်မယ်လို့လည်း ကျွန်တော် ထင်ပါတယ်၊ လက်ရှိမှာတော့ သူ့ရဲ့ အနေအထားက ကစားဖို့အတွက် မဖြစ်သေးတာ သေချာပါတယ်" လို့လည်း အသင်းတွင်းအခြေအနေကိုလည်း ဆာရီက ပြောကြားခဲ့ပါတယ်။

Photo : Football Web Pages.co.uk

 

ချယ်လ်ဆီးကတော့ ကြာသာပတေးနေ့မှာ PAOK အသင်းနဲ့ ယူရိုပါလိဂ်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။ ဆာရီက အသင်းရဲ့ တိုက်စစ်ပိုင်းမှာ မိုရာတာ နဲ့ ဂီရော့ဒ်တို့ကို အလှည့်ကျစနစ်နဲ့ အသုံးပြုသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ ချန်ပီယံလိဂ်ဝင်ခွင့် ဆုံးရှုံးပြီးနောက်မှာ ဆာရီက ယူရိုပါလိဂ်ဖလားကို အရယူဖို့ဟာ ချယ်လ်ဆီးအတွက် အရေးကြီးဆုံးဖြစ်တယ်လို့လည်း ပြောခဲ့ပါသေးတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က