အတွေ့အကြုံနဲ့ပတ်သက်ပြီး ခိုုင်းနှိုင်းခဲ့တာပါ။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ အင်တာမီလန်အသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ အတွေ့အကြုံအကြောင်း ပြောဆိုဆွေးနွေးခဲ့ရာမှာ နွားတစ်ကောင်နဲ့ ထူးထူးဆန်းဆန်းနှိုင်းယှဉ် ပြောကြားသွားခဲ့ပါတယ်။ တော့တင်ဟမ်ဟော့စပါးအသင်းဟာ ယနေ့ညမှာ အင်တာမီလန်အသင်းရဲ့ဆန်စီရိုကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

tottenham-hotspur-v-liverpool-fc-premier-league-5b9f65c4283a72e320000005.jpg

Photos: 90 min

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပြီးခဲ့တဲ့ ၂ ရာသီမှာ ချန်ပီယံလိဂ်အတွေ့အကြုံရရှိခဲ့တဲ့အသင်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ရာသီမှာ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရပြီး ပြီးခဲ့တဲ့ရာသီမှာ ၁၆ သင်းရှုံးထွက်အဆင့်ကနေ လှည့်ပြန်ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ပေါ့ချက်တီနိုက ထူးဆန်းတဲ့ခိုင်းနှိုင်းမှုနဲ့ ၎င်းရဲ့ကစားသမားတွေဟာ အတွေ့အကြုံထက်ပိုတဲ့အရာတွေကို လုပ်ပြနိုင်ခဲ့မယ်ဆိုရင် အတွေ့အကြုံဟာ ရေတွက်မှုတစ်ခုသာဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

လီဗာပူးနဲ့ပွဲစဉ်မှာ နေမာကို ဘယ်နေရာမှာ ကစားခိုင်းမလဲဆိုတာ လျှို့ဝှက်ထားတဲ့ တူချယ် 

"အတွေ့အကြုံက အတွေ့အကြုံပါပဲ။ ဒါပေမယ့် ခင်ဗျားအနေနဲ့ အတွေ့အကြုံအပေါ်မှာ ဆာလောင်မှု၊ ကိုယ်ပိုင်စိတ်အားထက်သန်မှုတွေ ထပ်ပေါင်းပြီး ပြင်ဆင်မွမ်းမံဖို့ လိုပါတယ်"

Photos: Sportskeeda

 

"ခင်ဗျားကသာ မတော်ခဲ့ဘူးဆိုရင် အတွေ့အကြုံက သူ့ဘာသာရှိနေမှာဖြစ်ပြီး ခင်ဗျားကို အနာဂတ်မှာ အကူအညီဖြစ်စေမှာမဟုတ်ပါဘူး"

"အဲဒါက ဘာနဲ့အလားသဏ္ဌာန်တူလဲဆိုတော့ ၁၀ နှစ်လောက် နေ့တိုင်း ရထားဖြတ်သွားတာကို မြင်တွေ့နေရတဲ့ နွားတစ်ကောင်လိုပါပဲ။ ခင်ဗျား အဲဒီနွားကို ရထားဘယ်အချိန်လာမလဲသွားမေးမယ်ဆိုရင် သူ့မှာ မှန်ကန်တိကျတဲ့အဖြေရှိမှာမဟုတ်ဘူး"

"ဘောလုံးကလည်း အဲဒီလိုပဲ။ ဒါပေမယ့် ဆာလောင်မှု၊ စိတ်အားတက်ကြွမှု၊ အချိန်အခါတို့လို အရာတွေအများကြီးက အရမ်းအရေးကြီးပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

ပေါ့ချက်တီနိုုရဲ့တော့တင်ဟမ်ဟော့စပါးအသင်းဟာ အင်တာမီလန်အသင်းနဲ့ သွားရောက်ယှဉ်ပြိုင်မယ့်ပွဲစဉ်မှာ ထရစ်ပီယာနဲ့ တိုဘီအယ်ဒါဝီလ်တို့ မပါဝင်ဘဲ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ပေါ့ချက်တီနိုက ယင်းကစားသမားတွေ မပါဝင်မှုအတွက် နည်းစနစ်ဆိုင်ရာဆုံးဖြတ်ချက်လို့ ကိုးကားပြောဆိုခဲ့ပါတယ်။

Share

Loading Next Article...
က္က