နောက်တန်းအားနည်းမှုကြောင့်လို့ ထောက်ပြခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး ရီယိုဖာဒီနန်က မန်ချက်စတာယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် ဖလားကို မရရှိနိုင်ဘူးလို့ ပြောဆိုလိုက်ပါတယ်။ မန်ယူကတော့ ချန်ပီယံလိဂ်အဖွင့်ပွဲအဖြစ် ယန်းဘွိုင်းအသင်းနဲ့ အဝေးကွင်းမှာ သွားရောက်ကစားရမှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက (၁၆)သင်းအဆင့်ကနေ ထွက်ခဲ့ရတာ ဖြစ်ပါတယ်။



Photo : Daily Mail

 

ပရီးမီးယားလိဂ် အဖွင့်ပွဲ (၅)ပွဲမှာ (၃)ပွဲသာ အနိုင်ရရှိထားတဲ့ မန်ယူအသင်းဟာ တစ်ပွဲသာ ပေးဂိုးမရှိခဲ့ပဲ ကျန်ပွဲတိုင်းမှာ အနည်းဆုံး (၁)ဂိုး ပေးခဲ့ရပါတယ်။ ဖာဒီနန်က မန်ယူအသင်းရဲ့ ခံစစ်ပိုင်းအားနည်းမှုက ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ ဝေးကွာစေပြီး ဆုဖလားမျှော်လင့်ချက်ကို မေ့လျော့ထားဖို့ အသင်းဟောင်းအပေါ်ကို သုံးသပ်ပြောဆိုခဲ့ပါတယ်။

ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီးအသင်း 

Photo : Daily Mail

 

"မဖြစ်နိုင်ပါဘူး၊ သူတိုတွေ ဒီဆုဖလားကို မရရှိနိုင်ပါဘူး၊ ကစားသမားတစ်ဦးတစ်ယောက်မှ မခေါ်ယူနိုင်ခဲ့ပဲနဲ့ ဒီဆုဖလားကို စိန်ခေါ်နိုင်ဖို့က မလွယ်ပါဘူး၊ သူတို့အသင်းမှာ စူပါမန်း (ဒီဂီယာ)က ဂိုးသမားအဖြစ် ရှိနေပါတယ်၊ သူ့လို ဂိုးသမားမရှိခဲ့ရင် လွန်ခဲ့တဲ့ (၄)နှစ်မှာ မန်ယူက ဘယ်လိုဖြစ်ခဲ့မလဲဆိုတာ မသိနိုင်ပါဘူး၊ ဒီကစားသမားက တစ်သင်းလုံးရဲ့ ရှေ့မှာ ထင်ပေါ်နေခဲ့ပါတယ်"

 

"ခိုင်မာတောင့်တင်းတဲ့ နောက်တန်းကို မတည်ဆောက်နိုင်ခဲ့ပဲ ဘယ်လိုမှ ရှေ့မဆက်နိုင်ပါဘူး၊ လင်ဒီလော့ဖ်ရဲ့ ကစားပုံ၊ ဘိုင်ယီရဲ့ ကစားပုံက အားရစရာမရှိပါဘူး၊ စမောလင်း နဲ့ ဖီးလ်ဂျုံးကလည်း မကန်ရသေးဘူး၊ သူတို့စထွက်လာကတည်းက ဘာတွေဖြစ်မလဲဆိုတာကို သိနေပါပြီ" လို့ ဖာဒီနန်က ပြောကြားခဲ့ပါတယ်။

Photo : ESPN.in

 

မော်ရင်ဟိုကတော့ ခံစစ်အားသန် နည်းပြတစ်ဦးဖြစ်ပြီး ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကာလမှာ နောက်ခံကစားသမားတစ်ဦး ဝယ်ယူပေးဖို့ အသင်းကို တောင်းဆိုခဲ့ပေမယ့် ဖြစ်မြောက်လာခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းဗဟိုခံစစ်အတွဲဟာ တည်ငြိမ်မှုမရှိသေးပဲ ပြိုင်ဘက်တွေရဲ့ ဖိအားပေးခြင်းကို ခံနေရဆဲ ဖြစ်ပါတယ်။

Photo : Squawka

 

ဖာဒီနန်ကတော့ မန်ယူအသင်းမှာ နီမန်ဂျာဗီဒစ်နဲ့ တွဲဖက်ပြီး ခိုင်မာတောင့်တင်းတဲ့ နောက်တန်းကျောက်ဆောင်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီး ဆာအဲလက်စ်ဖာဂူဆန်ရဲ့ လက်ထက်မှာ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သူ ဖြစ်ပါတယ်။ ဖာဒီနန်ရဲ့ ဝေဖန်ထောက်ပြမှုက မှန်ကန်မှာလားဆိုတာကိုတော့ စောင့်ကြည့်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က