ခြောက်ပတ်ခန့် အနားယူရဦးမှာ ဖြစ်ပါတယ်။

ဝက်စ်ဟမ်းအသင်းဟာ အသင်းရဲ့ ကွင်းလယ်ကစားသမား ဝီရှီးယားဟာ ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရပြီး အောင်မြင်ခဲ့တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက်အရ ဝီရှီးယားဟာ အဆိုပါ ဒဏ်ရာကြောင့် အနည်းဆုံး (၆)ပတ်ကြာ အနားယူရမယ်လို့လည်း သိရပါတယ်။



Photo : ESPN

 

အသက် (၂၆)နှစ်အရွယ် အာဆင်နယ်ကစားသမားဟောင်းဟာ ဒီနှစ်ဘောလုံးရာသီကမှ ဝက်စ်ဟမ်းကို ပြောင်းရွှေ့ကြေးအလွတ်နဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ ဝီရှီးယားဟာ ဝက်စ်ဟမ်းအသင်းမှာ အဓိကကစားသမားအဖြစ် နည်းပြ ပယ်လီဂရီနီရဲ့ ဦးစားပေးမှုကို ရရှိခဲ့ပေမယ့်လည်း ဒဏ်ရာရရှိခဲ့တာကြောင့် အဲဗာတန်ကို (၃-၁)နဲ့ နိုင်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

ဆွန်ဟောင်မင်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီးအသင်း 

Photo : 101 Great Goal

 

ခွဲစိတ်ကုသမှုခံယူရမယ့် ဝီရှီးယားဟာ ချယ်လ်ဆီး၊ မန်ယူ၊ စပါးတို့နဲ့ ကစားရမယ့် ဝက်စ်ဟမ်းအသင်းရဲ့ ပွဲတွေကို လွဲချော်ရပြီ ဖြစ်ပါတယ်။ ဒါဟာ ဝက်စ်ဟမ်းအတွက်လည်း နစ်နာခဲ့သလို အသင်းကြီးတွေနဲ့ တွေ့ဆုံရမယ့် ပွဲမှာ အဓိကကစားသမားကို လက်လွှတ်ရမှာ ဖြစ်ပါတယ်။ ဝီရှီးယားအတွက်လည်း ပွဲကြီးတွေကို လွဲချော်ရတာကြောင့် စိတ်ပျက်စရာ ဖြစ်လာခဲ့ပါတယ်။

Photo : Goal.com

 

ဒီရာသီမှာ ဝက်စ်ဟမ်းအတွက် ဝီရှီးယားက (၄)ပွဲ ပါဝင်ကစားပေးထားပြီး ဝုလ်ကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ဝက်စ်ဟမ်းအတွက် နောက်ဆုံးကစားပေးနိုင်ခဲ့ပါတယ်။ ဝက်စ်ဟမ်းအသင်းရဲ့ ဆေးအဖွဲ့ခေါင်းဆောင် ရစ်ချတ်ကိုလင်ဂီကလည်း ဝီရှိးယားရဲ့ ဒဏ်ရာဟာ ခွဲစိတ်ကုသရခဲ့တယ်လို့ အတည်ပြုပြောကြားသွားခဲ့ပါတယ်။

Photo : Newlocker

 

ဝီရှီးယားကတော့ ကစားသမားဘဝမှာ မကြာခဏဆိုသလို ဒဏ်ရာအနာတရတွေနဲ့ ရုန်းကန်နေခဲ့ရပြီး အနားယူခဲ့ရသူ ဖြစ်ပါတယ်။ ဘောလုံးကွင်းထဲမှာထက် ဆေးရုံပေါ်မှာသာ အချိန်ကုန်နေခဲ့ရသူလို့လည်း ပရိသတ်အချို့က တင်စားခဲ့ရတဲ့အထိ ဝီရှီးယားဟာ ဒဏ်ရာတွေရဲ့ သားကောင်ဘဝကို ရောက်ခဲ့ရပြီး ကစားသမားဘဝမှာ ရုန်းကန်နေခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က