၂၀၂၀ ဇွန်လအထိ အသင်းနဲ့ စာချုပ်သက်တမ်း ရှိနေပါတယ်။

မူလ လစာငွေထက် ပေါင် ၅၀၀၀၀ အထိ တိုးလိုချင်နေတာ ဖြစ်ပြီး မန်စီးတီးအသင်းကလည်း သဘောမတူသေးတာကြောင့် စတားလင်းနဲ့ မန်စီး တီးတို့ရဲ့ အနာဂတ်ကတော့ စိတ်ဝင်စားဖို့ကောင်းနေပါပြီ။

 

မန်စီးတီးအသင်းက အင်္ဂလန်လက်ရွေးစင် ကစားသမား စတားလင်းအနေနဲ့ ကလပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် ၂၀၂၀ ဇွန်လ အထိ သက်တမ်းရှိပါတယ်။

ဘောလုံးကွင်းထဲထက် ဆေးရုံပေါ်မှာပဲ အချိန်ဖြုန်းနေရတဲ့ လူသား (သို့) ဝီရှီးယား 

ဒါပေမယ့်လည်း လစာထပ်တိုးရေးနဲ့ ပတ်သက်တဲ့ သဘောတူညီမှုကိုတော့ ကစားသမားနဲ့ ကလပ်အသင်းကြားဆွေးနွေးနေကြတယ်လို့ ဂါးဒီး ယန်း သသတင်းဌာနက ဖော်ပြလာပါတယ်။

Photo - arabic.sport360.com

 

တစ်လကို ပေါင် ၁၇၀၀၀၀ ရရှိနေတဲ့ စတားလင်းက တစ်လကို ပေါင် ၂၂၀၀၀၀အထိ တိုးမြင့် ရရှိလိုနေပြီး မူလ လစာငွေထက် ပေါင် ၅၀၀၀၀ ပိုမိုရရှိလိုနေတာ ဖြစ်ပါတယ်။

စတားလင်းက လက်ရှိမန်စီးတီးအသင်းမှာ အကောင်းဆုံး ပုံစံပြကစားနေသလို အသင်းရဲ့ အားထားရတဲ့ ကစားသမားတစ်ယောက်အဖြစ်လည်း ရှိနေပါပြီ။

Photo - Metro

 

ဒါကြောင့် အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်သလို အသင်းမှာ လစာငွေ အများဆုံးရရှိတဲ့ ကစားသမားလည်း ဖြစ်ချင်နေတယ်လို့ သိရပါ တယ်။

ဒါကို ကလပ်အသင်းက သဘောမတူညီနိုင်သေးပဲ တင်းမာနေဆဲ ဖြစ်ပါတယ်။အကယ်လို့သာ ကစားသမားနဲ့ မန်စီးတီးအသင်းအကြား လစာငွေ ကိစ္စ မပြေလည်ဘူးဆိုရင် စတားလင်းရဲ့ အနာဂတ်ကလည်း ပြောင်းလဲသွားနိုင်ပါတယ်။

မန်စီးတီးအသင်းကတော့ ယခုတစ်ပတ်ထဲမှာ ချန်ပီယံလိဂ် ပြိုင်ပွဲကစားဖို့ရှိနေပြီး ပြင်သစ်ကလပ် လိုင်ယွန်အသင်းကို အိမ်ကွင်း ဧည့်ခံ ကစားရ မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က