ချဲလ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ်မှာ ဦးဆောင်နေတာပါ။

ချဲလ်ဆီးအသင်းက လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နေပေမယ့် မိမိတို့ထက် ပိုကောင်းတဲ့ အသင်း ၂ သင်းရှိနေတယ်လို့ ဆာရီက ဆိုပါတယ်။

 

ယခုနှစ် ပရီးမီးယားလိဂ် ဘောလုံးရာသီမှာချဲလ်ဆီးအသင်းအနေနဲ့ အကောင်းဆုံး တတိယအသင်းအနေနဲ့သာရှိပြီး သူတို့အသင်းထက် ပိုကောင်း တဲ့အသင်း ၂ သင်းသာရှိတယ်လို့ နည်းပြ ဆာရီက ဆိုပါတယ်။

ရွှေဖိနပ်ဆုကို ဟာဇက် ရရှိနိုင်တယ်လို့ ဆာရီ ဟောကိန်းထုတ် 

လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းက အမှတ်ပေးဇယားအဆင့် ၁ မှာ ရပ်တည်နေပြီး နည်းပြသစ် ဆာရီရဲ့ စွမ်းဆောင်ရည်ကောင်းတွေကို ပြသထားနိုင်ပါတယ်။

 

"ရာသီအစတုန်းက အသင်းကို ၈ ယောက်သာ လာရောက်ပူးပေါင်းခဲ့ပါတယ်။ဒါကြောင့် ကျွန်တော်ထင်ပါတယ်၊ကျွန်တော်တို့မှာ ပြဿနာ အနည်းငယ်တော့ရှိနေပြီဆိုတာ။ကျွန်တော်တို့ ပြဿနာကို အကောင်းဆုံးဖြေရှင်းနိုင်ခဲ့ပါတယ်။ဒါပေမယ့် ခံစစ်ကစားဟန်နဲ့တော့ မဟုတ်ပါဘူး။ တိုက်စစ်ကစားဟန်နဲ့ပါ။" လို့ ဆာရီက ဆိုပါတယ်။

လက်ရှိအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေပေမယ့် သူတို့အသင်းထက် ပိုကောင်းတဲ့ ၂ သင်းရှိတယ်လို့လည်း ဆာရီက ထုတ်ဖော် ပြောခဲ့ပါတယ်။

 

" ကျွန်တော့် အမြင်အရ လီဗာပူးနဲ့ မန်စီးတီးက ချဲလ်ဆီးထက်ပိုကောာင်းပါတယ်။ကျွန်တော်တို့ တိုးတက်ဖို့အတွက် တစ်ဆင့်ချင်းစီ သွားရပါ မယ်။ကျွန်တော့်ရည်ရွယ်ချက်က ချဲလ်ဆီးအသင်းကို တစ်နှစ်အတွင်းမှာ အင်္ဂလန်ရဲ့ အကောင်းဆုံး အသင်းတစ်သင်းဖြစ်လာဖို့ပါပဲ။" လို့ ဆိုပါ တယ်။

လီဗာပူးအသင်းက ဒီနှစ်မှာ ချဲလ်ဆီးနည်းပြ ရာနှုန်းပြည့်နိုင်ပွဲရယူထားနိုင်တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး မန်စီးတီးကတော့ ၂ မှတ်လျော့နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

Share

Loading Next Article...
က္က