မာရှယ်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းကနေ ထွက်ခွာခွင့်မပေးဘဲ ထိန်းသိမ်းထားလိုတဲ့ ကစားသမား ၄ ဦးကို ပြောကြားခဲ့ပြီး မကြာမီမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ကစားသမားတစ်ဦးဖြစ်တဲ့ မာရှယ်ဟာ ၎င်းထိန်းသိမ်းထားချင်တဲ့ ကစားသမား ၄ ဦးထဲမှာ တစ်ဦးအပါအဝင်ဖြစ်ခဲ့ပါတယ်။

Mourinho.Martial1.jpg

Photos: Teamtalk

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး အန်သိုနီမာရှယ်ရဲ့အနာဂတ်ဟာ ပြီးခဲ့တဲ့လတွေကတည်းက ဝေဝါးနေခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းဟာ မာရှယ်ကို ရောင်းချမယ်ဆိုရင် ရရှိလာတဲ့ အကျိုးအမြတ်ထဲက ၅၀ ရာခိုင်နှုန်းကို မိုနာကိုအသင်းကို ပေးရမှာဖြစ်ပါတယ်။

လီဗာပူးနဲ့ပွဲစဉ်မှာ နေမာကို ဘယ်နေရာမှာ ကစားခိုင်းမလဲဆိုတာ လျှို့ဝှက်ထားတဲ့ တူချယ် 

မာရှယ်ဟာ အသင်းကနေ ထွက်ခွာဖို့အတွက် သတင်းတွေဆက်လက်ထွက်ပေါ်နေပြီး ယမန်နေ့က နောက်ဆုံးထွက်ပေါ်ခဲ့တဲ့သတင်းအရ အင်တာမီလန်အသင်းဟာ မာရှယ်ပြောင်းရွှေ့လိုတဲ့အသင်းလို့ သိရပါတယ်။ မာရှယ်ဟာ ဒုတိယမြောက်ကလေးမွေးဖွားတာကို သွားရောက်ကြည့်ရှုပြီး မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲစဉ်တွေကို ပျက်ကွက်ခဲ့တာကြောင့် ဒဏ်ငွေရိုက်ခံရပြီးနောက်ပိုင်း မော်ရင်ဟိုနဲ့ အမြဲတမ်း မျက်လုံးချင်းဆုံအောင် နေနေသူဖြစ်ပါတယ်။

Photos: Teamtalk

 

မာရှယ်နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်နွေရာသီမှာ ကုန်ဆုံးတော့မှာဖြစ်ပြီး စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပြီဖြစ်တဲ့ မာရှယ်ကို နောက်ထပ်တစ်နှစ် စာချုပ်သက်တမ်းတိုးခွင့်ရှိနေသေးတာဖြစ်ပါတယ်။ ဒါပေမယ့် မာရှယ်ရဲ့အနာဂတ်ဟာ အိုးထရက်ဖို့ဒ်မှာမရှိတော့ဖို့ သေချာသလောက်ဖြစ်နေပြီး လုခ်ရှော၊ ဟာရဲရားနဲ့ မာတာတို့လည်း စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် မန်ယူအသင်းရဲ့နည်းပြ မော်ရင်ဟိုက ယင်းကစားသမား ၄ ဦးစလုံးကို လာမယ့်နွေရာသီထက် ကျော်လွန်ပြီး အသင်းမှာ ဆက်လက်ထိန်းသိမ်းသွားချင်တဲ့ ဆန္ဒရှိကြောင်း ပြောကြားခဲ့ပါတယ်။

"သူတို့ အသင်းမှာ ဆက်နေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်"

"ပြီးခဲ့တဲ့ရာသီကလည်း ကျွန်တော်တို့ ဖယ်လိုင်နီအကြောင်းကို အခုလိုပဲ တူညီတဲ့စကားပြောဆိုမှုမျိုး လုပ်ခဲ့ဖူးပါတယ်။ ကျွန်တော် အမြဲတမ်းပြောတာက 'သူ ဆက်နေမယ်လို့ မျှော်လင့်ပါတယ်။ သူ ဆက်နေမယ်လို့ ယုံကြည်ပါတယ်'ပဲ"

"ကျွန်တော် တူညီတဲ့စကားကို ပြောပါတယ်။ သူတို့ ဆက်နေမယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဟုတ်တာပေါ့။ ဒီကစားသမားတွေနဲ့ပတ်သက်ပြီး ကျွန်တော် ပျော်ရွှင်ပါတယ်"

"ဒေးဗစ်(ဒီဂီယာ)ကတော့ ဒေးဗစ်ပေါ့။ ဘာစကားလုံးမှ ပြောစရာမလိုပါဘူး"

"လုခ်ရဲ့ ဆင့့်ကဲပြောင်းလဲမှုက ကျွန်တော်တို့ကို သူ မှန်ကန်တဲ့လမ်းကြောင်းကို သွားနေပြီဆိုတာ ယုံကြည်စေခဲ့ပါတယ်။ မှန်တာပေါ့။ ကျွန်တော် သူ့ကို ထိန်းသိမ်းထားချင်ပါတယ်"

"မာတာနဲ့ ဟာရဲရားတို့ကလည်း ကစားရသည်ဖြစ်စေ၊ မကစားရသည်ဖြစ်စေ သူတို့က ခေတ်သစ်ဘောလုံးလူ့အဖွဲ့အစည်းကို ကိုယ်စားပြုတဲ့ နှိုင်းယှဉ်စရာမရှိတဲ့ ကစားသမားတွေနီးပါးပါပဲ။ သူတို့ကိုလည်း မဆုံးရှုံးချင်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က