ရေဗူးကို ကြမ်းပြင်ပေါ် လွှင့်ပစ်ခဲ့တာပါ။

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ယနေ့နံနက်က ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ လီဗာပူးအသင်းကို အနိုင်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို ဖာမီနိုက သွင်းယူပေးခဲ့ချိန်မှာ အံ့အားသင့်ဖွယ် တုံ့ပြန်မှုကို ပြုလုပ်ခဲ့ပါတယ်။ မိုဟာမက်ဆာလာဟာ ၈၅ မိနစ်မှာ ရှာကွီရီနဲ့ လူစားလဲလှယ်ခံခဲ့ရသူဖြစ်ပြီး ၇၂ မိနစ်မှာ လူစားဝင်ကစားခဲ့တဲ့ ဖာမီနိုက မိနစ် ၉၀ မှာ တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

sei_30710934-3077.jpg

လီဗာပူးအသင်းဟာ ပထမပိုင်းမှာ စတားရစ်၊ ဂျိမ်းစ်မီလ်နာတို့ရဲ့သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးခါနီးမှာ သောမတ်စ်မူနီယာက ပီအက်စ်ဂျီအသင်းအတွက် ချေပဂိုးတစ်ဂိုး ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဒုတိယပိုင်းမှာ ကစားပုံ ပိုမိုကောင်းမွန်ခဲ့ပေမယ့် အခွင့်အရေးတွေကို အရအမိ မဖမ်းဆုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းပြီးဆုံးခါနီး ၇ မိနစ်အလိုမှာ နေမာက ကွင်းလယ်ကနေ တောက်လျှောက်ဆွဲပြေးလာပြီး ဘတ်ပီကို အပေးမှာ ဘတ်ပီက အမှားအယွင်းမရှိ ကန်သွင်းယူပြီး တစ်ဖက် ၂ ဂိုးစီ ညီမျှသွားခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ပွဲစဉ်မှာ ခြေစွမ်းမပြသနိုင်တဲ့ မိုဟာမက်ဆာလာကို ယာဂင်ကလော့ပ်က ၈၅ မိနစ်မှာ လူစားလဲလှယ်ခဲ့ပြီး မိုဟာမက်ဆာလာဟာ စိတ်ပျက်ဒေါသထွက်နေခဲ့တာကို တွေ့ရပါတယ်။

 

စနေနေ့က တော့တင်ဟမ်ဟော့စပါးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ မျက်လုံးဒဏ်ရာရရှိခဲ့တဲ့ ဖာမီနိုဟာ ၇၂ မိနစ်မှာ စတားရစ်ရဲ့နေရာမှာ လူစားဝင်ကစားခဲ့ပြီး မိနစ် ၉၀ မှာ တစ်ကိုယ်တော်ထိုးဖောက်ပြီး လီဗာပူးအသင်းအတွက် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

[No available link text] 

အရန်ခုံမှာ စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့တဲ့ လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ အသင်းဖော် ဖာမီနိုရဲ့ နောက်ကျအနိုင်ဂိုး သွင်းယူအပြီးမှာ ပျော်ရွှင်ခဲ့ပုံမရဘဲ လက်ထဲက ရေဗူးကို ကြမ်းပြင်ပေါ်ကို ဒေါသတကြီးနဲ့ လွှင့်ပစ်ခဲ့တာကို ရုပ်သံဖိုင်ထဲမှာ မြင်တွေ့ခဲ့ရပါတယ်။ မိုဟာမက်ဆာလာရဲ့ တုံ့ပြန်မှုဟာ ဘာအတွက်ကြောင့် အဲဒီလိုပြုလုပ်ခဲ့တယ်ဆိုတာကို မသိရဘဲ အများစုကတော့ မိမိရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတာလို့ ယူဆနေကြပါတယ်။

Share

Loading Next Article...
က္က