ဗလင်စီယာ ပါဝင်ကစားမှာမဟုတ်ပါဘူး။

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့နံနက် ၁ နာရီ ၃၀ မိနစ်)မှာ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားမယ့် ယန်းဘွိုင်းအသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အသင်းခေါင်းဆောင် ဗလင်စီယာကို ထည့်သွင်းကစားစေမှာမဟုတ်ဘူးလို့ နည်းပြမော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။

NINTCHDBPICT000430672726-e1537293261450.jpg

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ အသင်းခေါင်းဆောင်ဖြစ်တဲ့ ညာနောက်ခံကစားသမား အန်တိုနီယိုဗလင်စီယာဟာ ဆွစ်ဇာလန်ကို ထွက်ခွာမယ့် အသင်းလူစာရင်းမှာ ပါဝင်မှာမဟုတ်ဘဲ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်း လေ့ကျင့်ရေးပြုလုပ်နေခဲ့ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

ဒဏ်ရာရရှိထားခြင်းမရှိဘဲ ဗလင်စီယာကို ချန်လှပ်ထားတဲ့အကြောင်းအရင်းကို ပရိသတ်တွေအားလုံး စိတ်ဝင်စားခဲ့ကြပြီး နည်းပြမော်ရင်ဟိုက ဗလင်စီယာ ပါဝင်ကစားပေးနိုင်ခြင်းမရှိတာဟာ ဘန်းမြို့မှာရှိတဲ့ ယန်းဘွိုင်းအသင်းရဲ့ကွင်းမျက်နှာပြင်ကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

"ကျွန်တော်တို့ ဗလင်စီယာကို ယန်းဘွိုင်းနဲ့ပွဲစဉ်မှာ မကစားစေဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ဒူးဟာ ဘယ်မြက်ခင်းတုကွင်းမှာမှ ကစားဖို့ လိုအပ်တဲ့ဒူး မဟုတ်လို့ပါ"

"အဲဒီတော့ ကျွန်တော်တို့ လူစာရင်းမှာ လုခ်ရှောကို ပြန်ခေါ်ခဲ့ပါတယ်"

"မနက်ဖြန်ကျရင် လုခ်ရှောကစားရလိမ့်မယ်လို့ ကျွန်တော် ပြောခဲ့ပြီးသားပဲ။ သူ့အပြင် ကျွန်တော်တို့်မှာ ကစားဖို့အဆင်သင့်ဖြစ်နေတာ ဒါလော့၊ ယန်းနဲ့ ဒါမီယန်တို့ ရှိပါသေးတယ်"လို့ ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းရဲ့အသင်းခေါင်းဆောာင် ဗလင်စီယာဟာ မန်ယူအသင်းရဲ့နောက်ဆုံးကစားခဲ့တဲ့ ၃ ပွဲစလုံးမှာ ပါဝင်ကစားပေးထားတဲ့ကစားသမားဖြစ်ပြီး ဥရောပပြိုင်ပွဲဟာ အသင်းဆေးအဖွဲ့ကို စိုးရိမ်ပူပင်မှုတွေ ယူဆောင်လာခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဗလင်စီယာရဲ့ ကာလရှည်ဒူးဒဏ်ရာပြဿနာကို ကာကွယ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းရဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ် ၃ ပွဲမှာ ၁ ပွဲသာပါဝင်ကစားစေခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က