တိုက်စစ်လေ့ကျင့်ရေးတွေပြုလုပ်ဖို့ ကူညီပေးနေတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး လူကာကူဟာ အသင်းဖော် မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အသင်းလေ့ကျင့်ရေးအပြီးမှာ နောက်ထပ် နာရီဝက်အတူတူ တိုက်စစ်လေ့ကျင့်ခန်းအစီအစဉ်တွေ ထပ်မံကူညီပြသပေးပြီး ညီအစ်ကိုသံယောဇဉ်ရှိကြောင်း ပြသခဲ့တယ်လို့ Metro ရဲ့ဖော်ပြချက်အရ သိရပါတယ်။

sei_25881790-5f45-e1536572956559.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ လီဗာပူးအသင်းရဲ့ဂန္တဝင်နောက်ခံကစားသမား ဂျေမီကာရေဂါက ရက်ရှ်ဖို့ဒ်ကို အိုးထရက်ဖို့ဒ်ကနေ ထွက်ခွာဖို့ အကြံပြုပြီးနောက်ပိုင်း ပြီးခဲ့တဲ့အပတ်က ရက်ရှ်ဖို့ဒ်ကို ပါဝင်ကစားစေခဲ့ပြီး အသင်းကနေ ထွက်ခွာမယ့်အရေးကို ကာကွယ်ခဲ့ပါတယ်။

လူကာကူဟာ ရက်ရှ်ဖို့ဒ်ရဲ့ နေရာဖြစ်တဲ့ တိုက်စစ်အထောင်နေရာမှာ ကစားနေတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ ပွဲထွက်ခွင့်အတွက် ရုန်းကန်နေရတာဖြစ်ပြီး လူကာကူဟာ ယခုရာသီမှာ မန်ယူအသင်းအတွက် ၅ ပွဲကစားပြီး ၄ ဂိုးသွင်းယူပေးထားသူဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်အနေနဲ့လည်း ၎င်းဟာ မန်ယူအသင်းရဲ့အဓိကတိုက်စစ်မှူးအဖြစ် အဆင်သင့်မဖြစ်သေးကြောင်း အသိအမှတ်ပြုခဲ့တယ်လို့ သိရပါတယ်။

Photos: Metro

 

လူကာကူဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့အဓိကကစားသမားတွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်ပြီး နည်းပြမော်ရင်ဟိုက လူကာကူဟာ မာတစ်နဲ့ ဒေးဗစ်ဒီဂီယာတို့နဲ့အတူ အယုံကြည်ရဆုံးကစားသမားတစ်ဦးအဖြစ် မှတ်ယူခြင်းခံထားရသူဖြစ်ပါတယ်။ မော်ရင်ဟိုဟာ လူကာကူရဲ့ ခေါင်းဆောင်မှုအရည်အသွေးကို အထင်ကြီးလေးစားနေခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပတ်က လေ့ကျင့်ရေးအပြီးမှာ ရက်ရှ်ဖို့ဒ်နဲ့အတူ နောက်ထပ် အပိုလေ့ကျင့်ရေးပြုလုပ်ခဲ့ပါတယ်။

လူကာကူဟာ ရက်ရှ်ဖို့ဒ်ရဲ့ခြေစွမ်းတိုးတက်လာအောင် ရွေ့လျားမှု၊ နေရာယူမှုနဲ့ အဆုံးသတ်ပိုင်းဆိုင်ရာ လေ့ကျင့်မှုတွေကို ကူညီလေ့ကျင့်ပေးခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းကနေ အယ်လ်အေဂလက်ဆီအသင်းကို ပြောင်းရွှေ့သွားခဲ့တဲ့ ဝါရင့်တိုက်စစ်မှူး အီဘရာဟီမိုဗစ်ဟာလည်း ရက်ရှ်ဖို့ဒ်ကို အခုလိုမျိုး ကူညီပေးခဲ့ဖူးတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က