ညနေ ၆ နာရီမှာ စတင်ယှဉ်ပြိုင်ကစားသွားမှာပါ။

ယခုအပတ်ရဲ့ပရီးမီးယားလိဂ်ပွဲစဉ် ၆ ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ဖူလ်ဟမ်နဲ့ ဝက်ဖို့ဒ်အသင်းတို့ဟာ စနေနေ့ညနေ ၆ နာရီမှာ စတင်ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။ ဘောလုံးရေးရာကျွမ်းကျင်သူဖြစ်တဲ့ ပေါလ်မာဆွန်က ယခုအပတ်မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေအတွက် ပွဲကြိုခန့်မှန်းချက်တွေ ပြုလုပ်ခဲ့တာကို Duwun Sports ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့အကွက်ကျကျ လက်စားချေမှုလား 

ဖူလ်ဟမ် Vs ဝက်ဖို့ဒ်

Ikechi+Anya+Fulham+v+Watford+6dQzR2glvYcl.jpg 

ဝက်ဖို့ဒ်အသင်းက ကစားပုံကောင်းနေပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းကို ရှုံးနိမ့်ခဲ့တာတောင်မှ အဆုံးမှာ သူတို့ အခွင့်အရေးတွေ ရခဲ့ပါသေးတယ်။ ဝက်ဖို့ဒ်အသင်းက ဖူလ်ဟမ်အသင်းအတွက် နည်းနည်းပိုပြီး ခြေသာနေပြီး အတွေ့အကြုံတွေကို အသုံးချပြီး ရလဒ်ကောင်း ရယူသွားလိမ့်မယ်ထင်ပါတယ်။ သူတို့က ပရီးမီးယားလိဂ်မှာ ကစားနေတာ ကြာလှပြီလေ။ သူတို့ရဲ့ စွမ်းဆောင်ရည်ကောင်းကို ပြသနိုင်မယ်လို့ ကျွန်တော်မြင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်- (ဖူလ်ဟမ် ၁-၂ ဝက်ဖို့ဒ်)

 

ဝက်စ်ဟမ်း Vs ချယ်ဆီး

 

ပြီးခဲ့တဲ့အပတ်က ကျွန်တော် ဝက်စ်ဟမ်းကို အဲဗာတန်အသင်းရဲ့အိမ်ကွင်းမှာ အနိုင်ကစားနိုင်မယ်လို့ မထင်ခဲ့ပါဘူး။ သူတို့က ဒီရာသီမှာ အိမ်ကွင်းထက်စာရင် အဝေးကွင်းစွမ်းဆောင်ရည်က ပိုလို့တောင်ကောင်းနေသလိုပဲလို့ တွေးမိပါတယ်။ အိမ်ကွင်းမှာတော့ ရုန်းကန်ရနိုင်ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ပရိသတ်တွေရဲ့ထောက်ခံအားပေးမှုနဲ့ ရင်ဆိုင်ရမှာပါ။ ဒါပေမယ့် သူတို့ အီဒင်ဟာဇက်ကိုတော့ ထိန်းနိုင်မယ်လို့ မထင်ပါဘူး။ ဝက်စ်ဟမ်းအသင်းက ပွဲစဉ်အတွင်းမှာ သူတို့ရဲ့ကောင်းမွန်တဲ့ပုံစံကို ပြသနိုင်လောက်တယ်ဆိုပေမယ့် အဲဒီလောက်နဲ့ မလုံလောက်ပါဘူး။ ဟာဇက်က အခုအချိန်မှာ ကမ္ဘာ့အကောင်းဆုံးဆိုတာထက်ကို ပိုနေတယ်လေ။

ခန့်မှန်းပွဲပြီးရလဒ်- (ဝက်စ်ဟမ်း ၁-၃ ချယ်ဆီး)

 

အာဆင်နယ် Vs အဲဗာတန်

 

ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ရလဒ်ဟာ အဲဗာတန်အသင်းအတွက် ဆိုးရွားတဲ့ရလဒ်ပါပဲ။ သူတို့ဟာ ပြီးခဲ့တဲ့အပတ် မတိုင်မီအချိန်အထိ ရှုံးပွဲမရှိခဲ့ဘူးဆိုတာ ကျွန်တော် သိပါတယ်။ ဒါပေမယ့် သူတို့ ပွဲအများကြီးလည်း အနိုင်မရခဲ့ပါဘူး။ အာဆင်နယ်အသင်းက သူတို့အတွက် အရမ်းကို ထိန်းချုပ်ရခက်မယ့်အသင်းလို့ ထင်ပါတယ်။ ဝက်စ်ဟမ်းအသင်းက အဲဗာတန်ကို ဘယ်လိုအနိုင်ယူသွားလဲဆိုတာပဲ ခင်ဗျား ပြန်ကြည့်လေ။ အာဆင်နယ်လည်း အဲဒီအတိုင်း လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ အဲဗာတန်အသင်းက သရေပွဲတွေ တော်တော်လေးများနေတယ်။ ခင်ဗျား ပွဲစဉ်အနည်းငယ်သရေကျထားတယ်ဆိုရင် နောက်ပွဲကို ရှုံးလို့ မရနိုင်ပါဘူး။ အဲဒါက ပြဿနာပဲ။

ခန့်မှန်းပွဲပြီးရလဒ်- (အာဆင်နယ် ၃-၀ အဲဗာတန်)

 

ကာဒစ် Vs မန်စီးတီး

 

ပြီးခဲ့တဲ့နှစ် FA ဖလားပြိုင်ပွဲတုန်းက ကာဒစ်အသင်းက အိမ်ကွင်းမှာ မန်ချက်စတာစီးတီးအသင်းကို ပညာပေးခဲ့တာလေး ကျွန်တော်မှတ်မိနေသေးတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ လိုင်ယွန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တာက မန်စီးတီးအသင်းရဲ့ ယုံကြည်မှုကို လျော့ကျစေပါတယ်။ လိုင်ယွန်အသင်းက မန်စီးတီးအသင်းကို ၄ ဂိုး ဒါမှမဟုတ် ၅ ဂိုးလောက်နဲ့ အနိုင်ရရှိခဲ့သင့်ပါတယ်။ ဒါပေမယ့် ကျွန်တော် ဒီပွဲမှာ သူတို့နိုင်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကာဒစ်ကတော့ သူတို့ကို အခက်အခဲဖြစ်စေမယ်ဆိုတာကတော့ သံသယဖြစ်စရာမရှိပါဘူး။

ခန့်မှန်းပွဲပြီးရလဒ်- (ကာဒစ် ၁-၃ မန်စီးတီး)

 

လီဗာပူး Vs ဆောက်သမ်တန်

 

လီဗာပူးအသင်းဟာ ပီအက်စ်ဂျီအသင်းနဲ့ပွဲစဉ်မှာ အရမ်းကောင်းမွန်ခဲ့ပါတယ်။ သူတို့ဟာ ပီအက်စ်ဂျီအသင်းကို တကယ့်ကိုဆိုးရွားအောင် လုပ်နိုင်ခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းကတော့ ချန်ပီယံလိဂ်ဖလားကို ရရှိဖို့ အခွင့်အရေးမရှိတော့ဘူးလို့ ထင်သွားလောက်အောင်ပါပဲ။ ဆောက်သမ်တန်အသင်းအနေနဲ့ လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ နိုင်ဖို့အခွင့်အရေးမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်။ လီဗာပူးအသင်းက အရမ်းကောင်းမွန်နေပြီး ကစားသမားတွေအားလုံးက ကောင်းကောင်းကစားနိုင်နေပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်- (လီဗာပူး ၃-၀ ဆောက်သမ်တန်)

 

မန်ချက်စတာယူနိုက်တက် Vs ဝုဗ်

 

ကျွန်တော်ကတော့ မန်ုယူအသင်း နိုင်မယ့်ဘက်ကပဲ ရှိပါတယ်။ ဒီပွဲက ဝုဗ်အသင်းအနေနဲ့ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာ စမ်းသပ်ခံရမယ့်ပွဲပါ။ ယူနိုက်တက်အသင်းက ယန်းဘွိုင်းအသင်းနဲ့ကစားခဲ့တဲ့ အဝေးကွင်းပွဲစဉ်မှာ ရလဒ်ကောင်းရရှိခဲ့ပါတယ်။ ကွင်းက တော်တော်လေး ကြမ်းတမ်းပြီး သစ်သားကြမ်းခင်းကို အစိမ်းရောင်သုတ်ထားသလိုပါပဲ။ အဲဒါမြက်ခင်းပြင်က ကျွန်တော့်ကို ကျူပီအာအသင်းရဲ့ မြက်ခင်းဟောင်းကို ပြန်သတိရစေပါတယ်။ ယူနိုက်တက်အသင်းရဲ့အရည်အသွေးက ဝုဗ်ကို အနိုင်ယူဖို့အတွက် တော်တော်များများ သာလွန်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။

ခန့်မှန်းပွဲပြီးရလဒ်- (မန်ချက်စတာယူနိုက်တက် ၃-၁)

 

ဘရိုက်တန် Vs တော့တင်ဟမ်ဟော့စပါး

 

တော့တင်ဟမ်ဟော့စပါး ဘာတွေဖြစ်ခဲ့တာလဲ ကျွန်တော် မသိတော့ပါဘူး။ သူတို့ အင်တာမီလန်နဲ့ပွဲစဉ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ အဲ့ပွဲမှာ ရှုံးသွားတယ်။ အင်တာမီလန်အသင်းကတော့ ဒီရာသီရဲ့ ဆိုးရွားတဲ့ကစားပုံနဲ့ကစားပြီး အနိုင်ရရှိသွားတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဘရိုက်တန်အသင်းကတော့ ပြီးခဲ့တဲ့အပတ်က ဆောက်သမ်တန်အသင်းရဲ့အိမ်ကွင်းမှာ သရေရလဒ် ရယူနိုင်ခဲ့တာတွေ့ရပြီး စပါးအသင်းအတွက် ဘရိုက်တန်အသင်းရဲ့အိမ်ကွင်းဟာ လုံးဝကို ကွဲပြာခြားနားတဲ့နေရာဖြစ်နိုင်ပါတယ်။ စပါးအသင်းဟာ ပွဲစဉ်တွေမှာ ကောင်းကောင်းကစားနိုင်ခဲ့တာမှန်ပေမယ့် ရှုံးနေတုန်းပါပဲ။ ဒီပွဲကတော့ သရေလောက်ပါပဲ။

ခန့်မှန်းပွဲပြီးရလဒ်- (ဘရိုက်တန် ၁-၁ တော့တင်ဟမ်ဟော့စပါး)

Share

Loading Next Article...
က္က