အန်ဆယ်လော့တီနဲ့ဂွာဒီယိုလာက ခြောက်ပွဲဆက် အနိုင်စံချိန်နဲ့ဦးဆောင်နေပါတယ်။

ပရီးမီးယားလိဂ်ကို စရောက်ရောက်ချင်း နည်းပြအသစ်တွေထဲက နိုင်ပွဲဆက်စံချိန်တင်ထားနိုင်တဲ့ နည်းပြတွေရှိပါတယ်။ လက်ရှိအချိန်မှာတော့ ချယ်လ်ဆီးနည်းပြသစ် ဆာရီဟာ စံချိန်မှတ်တမ်းတွေဆက်တိုက် ရယူနေပြီး စံချိန်အသစ်တင်နိုင်ဖို့အတွက်ပါ တာစူနေပါပြီ။

2018-08-18T163619Z_743454808_RC156FBAAFD0_RTRMADP_3_SOCCER-ENGLAND-CHE-ARS.JPG

Photo: Mirror

 

ချယ်လ်ဆီးအသင်းကို နည်းပြကွန်တီနေရာအစားဝင်ပြီး တာဝန်ယူနေတဲ့ နည်းပြသစ် ဆာရီဟာ စံချိန်မှတ်တမ်းကောင်းတွေရရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ဆာရီဟာ ပရီးမီးယားလိဂ်ငါးပွဲဆက်အနိုင်ရလဒ်ရရှိထားပြီး ရာသီအစအဖွင့်ပွဲဆက်တိုက်အနိုင်ရထားတဲ့ နည်းပြသစ်တွေ စာရင်းဝင်နေပါပြီ။

မန်ယူအသင်းမှာ နေခဲ့စဉ်က ငရဲကျနေခဲ့တယ်လို့ ပြစ်တင်ပြောဆိုလိုက်တဲ့ ဇာဟာ 

Photo: Mirror

 

ပရီးမီးယားလိဂ်ရဲ့မှတ်တမ်းအရတော့ ပရီးမီးယားလိဂ်ကို ပထမဆုံးရောက်လာပြီး နိုင်ပွဲဆက်စံချိန်တင်ထားတဲ့ နည်းပြတွေထဲမှာ အန်ဆယ်လော့တီ၊ ဂွာဒီယိုလာ၊ မော်ရင်ဟို စတဲ့ ကမ္ဘာကျော်နည်းပြတွေပါဝင်နေပါတယ်။ ပရီးမီးယားလိဂ်ပထမဆုံးရာသီမှာ နိုင်ပွဲဆက်စံချိန်ကိုတော့ အန်ဆယ်လော့တီနဲ့ဂွာဒီယိုလာက ခြောက်ပွဲဆက် အနိုင်စံချိန်နဲ့ဦးဆောင်နေပါတယ်။ သူတို့နှစ်ယောက်နောက်မှာတော့ ဆာရီနဲ့ ရှိတ်စပီးယားတို့က ငါးပွဲဆက်အနိုင်၊ ဟစ်ဒင့်နဲ့မော်ရင်ဟိုက လေးပွဲဆက်အနိုင်နဲ့ အစဉ်လိုက်ရပ်တည်နေပါတယ်။

Photo: Mirror

 

အီတလီနည်းပြ အန်ဆယ်လော့တီက ၂၀၀၉-၁၀ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်းနဲ့အတူ ၆ပွဲဆက်အနိုင်စံချိန်တင်ထားတာဖြစ်ပြီး ဂွာဒီယိုလာကတော့ ၂၀၁၆-၁၇ဘောလုံးရာသီမှာ မန်စီးတီးနဲ့အတူ စံချိန်တင်ထားတာပါ။ ဆာရီအနေနဲ့ ဒီတစ်ပတ်ကစားမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်စံချိန်ဆက်ထိန်းနိုင်မယ်ဆိုရင် ဒီနည်းပြနှစ်ဦးနဲ့စံချိန်တူသွားမှာပါ။ ပရီးမီးယားလိဂ်မှာ တစ်ရာသီလုံးရှုံးပွဲမရှိစံချိန်တင်ထားတဲ့နည်းပြကတော့ တစ်ဦးတည်းရှိပြီး သူက အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က