မန်စီးတီးမှာ ၁၀ နှစ်လောက် လက်တွဲချင်တယ်လို့ ဆိုပါတယ်။

အဂူရိုကို ပေးချေခဲ့တဲ့ တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ ကို စတားလင်းက ကနဦးတောင်းဆိုခဲ့တာ ဖြစ်ပေမယ့်လည်း မန်စီးတီးအသင်းကတော့ အဂူရိုကိုသာ ပေးချေခဲ့ပြီးစတားလင်းကိုတော့ ပေးချေခြင်း မရှိသေးပါဘူး။

Photo - Getty Images

 

မန်စီးတီးအသင်းကတော့ အသင်းရဲ့ တစ်သက်တာ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်တဲ့ အာဂျင်တီးနား တိုက်စစ်မှူး အဂူရိုကို စာချုပ်သစ် တစ်ရပ် ထပ်တိုး ချုပ်ဆိုလိုက်ပါတယ်။

စာချုပ်သစ်ကိစ္စ ညှိုမရ ဖြစ်နေတဲ့ မန်စီးတီးနဲ့ စတားလင်း 

အဂူရိုက အသင်းရဲ့ ဂိုးအများဆုံး သွင်းထားတဲ့ အသက် ၇၈ နှစ်အရွယ် အဲရစ်ဘရုတ်ရဲ့ စံချိန်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလက ချိုးဖျက်ထားနိုင်ခဲ့တာ လည်း ဖြစ်ပါတယ်။

Photo - @AP

 

လက်ရှိမှာတော့ အဂူရိုကို မန်စီးတီးအသင်းက တစ်ပတ် လုပ်ခ ပေါင် ၂၂၀၀၀၀ တန်ဖိုးရှိတဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ်တစ်ရပ်ကို ချုပ်ဆို လိုက်တာလည်း ဖြစ်ပါတယ်။

အဂူရိုအနေနဲ့ အသင်းဟောင်း အက်သလက်တီကိုအသင်းက စိတ်ဝင်စားခြင်းကို ပြန်လည်ခံခဲ့ရပေမယ့်လည်း ပြောင်းရွှေ့ခဲ့ခြင်းမရှိပဲ အီတီဟတ် မှာသာ ၂၀၂၁ ခုနှစ်အထိ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

"ကျွန်တော့်စိတ်ကူက အသင်းမှာ ၁၀ နှစ်တာ ရှိနေနိုင်ဖို့ပါပဲ၊လက်ရှိမှာတော့ ၇ နှစ် ဖြတ်သန်းပြီးသွားပါပြီ။ဒါကြောင့် နောက်ထပ် ၃ နှစ် ဆက်လက် လက်တွဲချင်ပါသေးတယ်။" လို့ အဂူရိုက ဆိုပါတယ်။

အဂူရိုက အက်သလက်တီကိုအသင်းကနေ ၂၀၁၁ ခုနှစ်က မန်စီးတီးအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး အသင်းအတွက် စုစုပေါင်း ၂၉၉ ပွဲ ကစားပေးအပြီး ၂၀၄ ဂိုးအထိသွင်းယူပေးထားတဲ့ အသက် ၃၀ အရွယ်တိုက်စစ်မှူး ဖြစ်ပါတယ်။

Photo - Getty Images

 

အခုလို အဂူရိုကို ပေးချေခဲ့တဲ့ တစ်ပတ်လုပ်ခ ပမာဏကိုတော့ အသင်းက အခြားသော တိုက်စစ်မှူး တစ်ဦးဖြစ်တဲ့ အင်္ဂလန်လက်ရွေးစင် စတား လင်းက တောင်းဆိုးထားပါတယ်။

စတားလင်းက တစ်ပတ်လုပ်ခ ပေါင် ၁၇၀၀၀၀ ရရှိနေတာကို တစ်ပတ်လုပ်ခ ပေါင် ၂၂၀၀၀၀ အထိ တိုးမြှင့်လိုချင်နေတာဖြစ်ပမေယ့်လည်း မန် စီးတီးအသင်းကတော့ပေးချေဖို့ ဆန္ဒမရှိပဲ အဆိုပါ ပမာဏကိုတော့ အဂူရိုကိုပေးချေခဲ့တာကိုလည်း မြင်တွေ့ရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က