ကင်ဆာဝေဒနာရှင်အတွက် ငွေကြေးလှူဒါန်းခဲ့တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ နီမန်ဂျာမာတစ်ဟာ ကင်ဆာရောဂါဝေဒနာ ခံစားနေရတဲ့ လေးနှစ်အရွယ် ကလေးငယ်အတွက် ပေါင် (၇)သောင်း လှူဒါန်းသွားခဲ့ပါတယ်။ ဒူဆန်တိုဒိုရိုဗစ်လို့ အမည်ရတဲ့ ကလေးလေးကို လှူဒါန်းခဲ့တာ ဖြစ်ပြီး ဒူဆန်လေးဟာ ဆိုးဝါးတဲ့ ကင်ဆာအကြိတ်ဝေဒနာကို ခံစားနေရရှာတာ ဖြစ်ပါတယ်။



Photo : Bilic

 

ဒီလိုလှူဒါန်းခဲ့ရာမှာ မာတစ်က သူ့ရဲ့နာမည်ကို မသိစေချင်ခဲ့ပဲ ကွယ်ဝှက်ပေးဖို့ ဆန္ဒရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း ဆာဘီးယားရုပ်သံလိုင်း တစ်ခုဖြစ်တဲ့ B92 က မာတစ်ရဲ့ နာမည်ကို ဖော်ပြသွားခဲ့ပါတယ်။ ဒူဆန်ရဲ့ ဖခင် အလက်ဇန္ဒါးတိုဒိုရိုဗစ်ကလည်း မာတစ် လှူဒါန်းခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားခဲ့ပေမယ့်လည်း B92 က သိရှိခဲ့တာ ဖြစ်ပါတယ်။

Photo : Sportbible

လက်ရှိမှာ ဒူဆန်ဟာ ဘာစီလိုနာမှာ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ရောဂါအခြေအနေကလည်း တိုးတက်ကောင်းမွန်လာဖို့ မျှော်လင့်နိုင်တဲ့ အနေအထားမှာ ရှိတယ်လို့ sportbible က ဖော်ပြခဲ့ပါတယ်။ လေးနှစ်သား အရွယ်သာရှိသေးတဲ့ ဒူဆန်ဟာ ပါတီဇန်အသင်းရဲ့ အမာခံ ပရိသတ်တစ်ဦးဖြစ်ပါတယ်။

Photo : Sportbible

 

ဆေးဝါးကုသဖို့အတွက် ဒူဆန်ဟာ ဒေါ်လာ (၂)သိန်းနီးပါးခန့် လိုအပ်နေတယ်လို့ သိရပါတယ်။ ပါတီဇန် နဲ့ FK Rad တို့ ကစားသွားမယ့် ပွဲစဉ်က ရရှိမယ့် ကွင်းဝင်ကြေးတွေကိုလည်း ဒူဆန်အတွက် လှူဒါန်းပေးသွားမယ်လို့ သိရပါတယ်။ ဒါ့အပြင် ရက်စတားဘဲဂရိတ်အသင်းရဲ့ ပရိသတ်တစ်ဦးဟာ သူဝယ်ယူထားတဲ့ ဘဲဂရိတ်အသင်းရဲ့ ချန်ပီယံလိဂ်ပွဲ လက်မှတ်ကို အွန်လိုင်းကတဆင့် လေလံတင်ရောင်းချပြီး ဒူဆန်အတွက် ပေးအပ်သွားမယ်လို့လည်း သိရပါတယ်။

Photo : Sportbible

 

မာတစ်ကတော့ ဆာဘီးယားလက်ရွေးစင်ကစားသမားတစ်ဦးဖြစ်ပြီး ဆာဘီးယားနိုင်ငံမြောက်ပိုင်းက Vrelo ဆိုတဲ့ ရွာလေးမှာ ကြီးပြင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါရွာလေးဟာ လူဦးရေ (၁၆၀၀)ခန့်သာ ရှိတယ်လို့လည်း သိရပါတယ်။ မာတစ်ဟာ သူရရှိနေတဲ့ ဝင်ငွေတွေထဲကနေ နိုင်ငံအတွင်းမှာ ကလေးငယ်များအတွက် စာသင်ကျောင်းတွေ ပြုပြင်တည်ဆောက်ဖို့လည်း လှူဒါန်းနေသူ တစ်ဦးလို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က