ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့နိုင်တယ်လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းရဲ့ နောက်ခံလူ ဂယ်ရီကာဟေးလ်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ နည်းပြဆာရီရဲ့ လက်အောက်မှာ ပုံမှန်နေရာ မရရှိတော့တဲ့နောက် အသင်းက ပြောင်းရွှေ့နိုင်လား ဆိုတဲ့ မေးခွန်းကို ကာဟေးလ်က ပြောင်းရွှေ့နိုင်တယ်လို့ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

Photo : ESPN

 

အန်တိုနီယိုကွန်တီရဲ့ လက်အောက်မှာ ပုံမှန်ကစားခွင့် ရခဲ့ပေမယ့် ကာဟေးလ်ကတော့ ဆာရီရဲ့လက်ထက်မှာ အရန်ခုံမှာသာ အချိန်ကုန်နေရတာဖြစ်ပါတယ်။ ဆာရီက အသင်းရဲ့ ဗဟိုခံစစ်မှာ ဒေးဗစ်လုဇ်ကို ပြန်လည်နေရာပေးနေပြီး ကာဟေးလ်ကိုတော့ အချို့ပွဲတွေမှသာ အသုံးပြုနေတာလည်း ဖြစ်ပါတယ်။ ဒါကြောင့် ကာဟေးလ်က အသင်းပြောင်းဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

မာတစ် ပြောပြခဲ့တဲ့ ဘောလုံးလောကရဲ့ တခြားဖက်က အလှတရား 

Photo : Evening Standard

 

"ကျွန်တော်က ပွဲကစားခွင့် မရတာကို လက်သင့်ခံမယ့် ကစားသမားမျိုး မဟုတ်ပါဘူး၊ ကစားသမားဘဝက တိုတောင်းလွန်းပါတယ်၊ ချယ်လ်ဆီးမှာရှိတဲ့ လူတိုင်းအပေါ် ကျွန်တော် လေးစားမှုအပြည့်ရှိပါတယ်၊ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်ရဲ့ ကစားသမားဘ၀ ရှေ့ဆက်ဖို့အတွက် စဉ်းစားဆုံးဖြတ်ရတာမျိုး ရှိပါတယ်"

Photo : Premier League

 

"လက်ရှိအခြေအနေကို ကျွန်တော် ဘယ်လိုမှ မပျော်ရွှင်ပါဘူး၊ ဒိအသင်းမှာ အဓိကအစိတ်အပိုင်းအနေနဲ့ (၇)နှစ်လောက် ကျွန်တော် ရှိခဲ့ပါတယ်၊ အခုတော့ အသင်းလူစာရင်းမှာတောင် မပါဝင်တော့ပါဘူး၊ ဒီအခြေအနေကို လက်သင့်ခံဖို့ဆိုတာက တော်တော်လေး ခက်ခဲပါတယ်၊ " လို့ ဂယ်ရီကာဟေးလ်က ပြောဆိုခဲ့ပါတယ်။

Photo : FortuneBetNG

 

ကာဟေးလ်ဟာ ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၂)လုံး၊ ချန်ပီယံလိဂ်ဖလား (၁)ကြိမ် နဲ့ အက်ဖ်အေဖလားတို့ကို (၅)နှစ်တာကာလအတွင်း ရရှိခဲ့သူ ဖြစ်ပါတယ်။ လက်ရှိမှာ ချယ်လ်ဆီးနဲ့ စာချုပ်သက်တမ်းဟာ ရာသီအကုန်မှာ ပြည့်တော့မှာဖြစ်ပြီး ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ စဉ်းစားလာတာ ဖြစ်ပါတယ်။

Photo : LE BUZZ - Eurosport

 

 ချယ်လ်ဆီးဂိုးသမားဟောင်း ပီတာဆက်ချ်ဟာလည်း အသင်းမှာ ပုံမှန်နေရာမရခဲ့တဲ့နောက် လိဂ်ပြိုင်ဘက် အာဆင်နယ်ကို ပြောင်းရွှေ့သွားခဲ့ပါတယ်။ ကာဟေးလ်ကလည်း ပီတာဆက်ချ်လိုမျိုး အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့နိုင်ဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က