လီဗာပူးအသင်းကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်းမရှိပါဘူး။

ယနေ့ည ၈ နာရီ ၃၀ မိနစ်အချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ လီဗာပူးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ယခုရာသီမှာ ၆ ပွဲကစားပြီး ၆ ပွဲနိုင် ရမှတ် ၁၈ မှတ်နဲ့ အမှတ်ပေးဇယားကို ခေတ္တဦးဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။



1537625810681_lc_galleryImage_Soccer_Football_Premier_L.JPG 

လီဗာပူးအသင်းဟာ အိမ်ကွင်းအန်းဖီးလ်မှာ ဆောက်သမ်တန်ကို ပထမပိုင်းစတင်ချိန်ကတည်းက ဘောလုံးပိုင်ဆိုင်မှုအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး ၁၀ မိနစ်မှာ ရှာကွီရီ ဖြတ်ပေးလိုက်တဲ့ ဘောလုံးကို ဝက်စ်လေ ဟော့နဲ့ ထိပြီး လီဗာပူးအသင်းက အဖွင့်ဂိုးကို ရရှိသွားခဲ့ပါတယ်။ ၂၁ မိနစ်မှာ အလက်ဇန္ဒားအာနိုးလ်ရဲ့ ဖြတ်တင်ပေးပို့မှုကို မာတစ်က ခေါင်းတိုက်ပြီး လီဗာပူးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပထမပိုင်းပြီးဆုံးခါနီး ၄၇ မိနစ်မှာ လီဗာပူးအသင်းက အလွတ်တည်ကန်ဘော ကန်ခွင့်ရရှိခဲ့ပြီး ရှာကွီရီက ကန်သွင်းယူခဲ့ရာမှာ အပေါ်တိုင်နဲ့ ထိပြီး ဂိုးစည်းပေါ်မှာ ခုန်နေတဲ့ ဘောလုံးကို အသင့်စောင့်ဆိုင်းနေတဲ့ မိုဟာမက်ဆာလာက ပိတ်သွင်းယူပြီး တတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

 

ဒုတိယပိုင်းမှာ အိမ်ရှင်လီဗာပူးအသင်းကပဲ ဆက်လက်ဖိအားပေးကစားနိုင်ခဲ့ပြီး မိုဟာမက်ဆာလာနဲ့ မာနေးတို့ ဂိုးသွင်းခွင့်တွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နောက်ထပ် ဦးဆောင်ဂိုးတွေ မရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ဆောက်သမ်တန်အသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာကြောင့် ပွဲစဉ် ၆ ကို ယှဉ်ပြိုင်ကစားပြီးချိန်မှာ အမှတ်ပေးဇယားကို ခေတ္တဦးဆောင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ ယနေ့ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက်မှာ ရာသီအစ ပွဲစဉ် ၆ ပွဲဆက်တိုက် တတိယအကြိမ်မြောက် အနိုင်ရရှိခဲ့တာဖြစ်ပြီး ယခုလိုစံချိန်မျိုး ရရှိခဲ့တဲ့နှစ်တွေမှာ အမှတ်ပေးချန်ပီယံ (သို့) ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တဲ့သမိုင်းကြောင်းရှိခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က