ဒုတိယပိုင်းပွဲကစားချိန်ပြီးခါနီးမှ ချေပဂိုးပြန်ပေးခဲ့ရတာပါ။

စနေနေ့ည ၁၁ နာရီအချိန်မှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘရိုက်တန်အသင်းနဲ့ တော့တင်ဟမ်ဟော့စပါးအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ပွဲစဉ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အိမ်ရှင်ဘရိုက်တန်အသင်းဟာ တော့တင်ဟမ်ဟော့စပါးအသင်းကို ခြေစွမ်းပိုင်းအရ မယှဉ်နိုင်ခဲ့ဘဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။



1537636706066_lc_galleryImage_Soccer_Football_Premier_L.JPG

ပထမပိုင်းစတင်ချိန်ကတည်းက အိမ်ရှင် ဘရိုက်တန်အသင်းကို တော့တင်ဟမ်ဟော့စပါးအသင်းက ကစားကွက်အသာစီးနဲ့ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူကစားနိုင်ခဲ့ပါတယ်။ ၄၂ မိနစ်မှာ အလွတ်တည်ကန်ဘောကနေ ထရစ်ပီယာ ကန်သွင်းယူတဲ့ဘောလုံးဟာ မာရေးရဲ့လက်နဲ့ထိခဲ့တဲ့အတွက် ကွင်းလယ်ဒိုင်က ပင်နယ်တီပြစ်ဒဏ်ဘောအဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ပင်နယ်တီကို ဟယ်ရီကိန်းက ကန်သွင်းခဲ့ပြီး တော့တင်ဟမ်ဟော့စပါးအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒုတိယပိုင်းမှာလည်း တော့တင်ဟမ်ဟော့စပါးအသင်းကပဲ ဘောလုံးပိုင်ဆိုင်မှုအသာစီးရယူခဲ့ပြီး အိမ်ရှင်ဘရိုက်တန်အသင်းကို အသာစီးရယူကစားနိုင်ခဲ့ပါတယ်။

 

၇၆ မိနစ်မှာ ၆၈ မိနစ်မှာ ဆွန်ဟောင်မင်ရဲ့နေရာမှာ လူစားဝင်လာတဲ့ လာမယ်လာက ဒန်နီရို့စ်ရဲ့ ဖန်တီးပေးပို့မှုကနေတစ်ဆင့် တော့တင်ဟမ်ဟော့စပါးအသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့တိုက်စစ်မှူး ဟယ်ရီကိန်းဟာ နောက်ထပ်ဦးဆောင်ဂိုး ရရှိဖို့အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် ဘရိုက်တန်အသင်းရဲ့ ဂိုးသမား မက်သရူးရိုင်ယန်က အကောင်းဆုံးပုံစံနဲ့ ကာကွယ်နိုင်ခဲ့တာကြောင့် နောက်ထပ်ဦးဆောင်ဂိုးတွေ မရရှိခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းပွဲကစားချိန်ပြီးဆုံးချိန်မှာ ချေပဂိုး ရရှိဖို့အတွက် ဖိအားပေးတိုက်စစ်ဆင်လာတဲ့ ဘရိုက်တန်အသင်းဟာ ရှိန်းဒပ်ဖီရဲ့ဖန်တီးပေးပို့မှုကနေတစ်ဆင့် နော့ဟတ်က ဘရိုက်တန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က