မန်ယူအသင်းကတော့ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၆ နေရာမှာ ယာယီရပ်တည်နေပါတယ်။

မန်ယူအသင်းအနေနဲ့ ဦးဆောင်ဂိုးရပေမယ့်လည်း ချေပဂိုးပြန်ပေးလိုက်ရတာကြောင့် သရေကျခဲ့ပြီး ကစားသမားတွေအနေနဲ့ (၃၀)ရာခိုင်နှုန်း သာ အားစိုက်ခဲ့လို့ အခုလို ရလဒ်မျိုးရရှိတာလို့နည်းပြမော်ရင်ဟိုက စွပ်စွဲပြောဆိုခဲ့တာ ဖြစ်ပါတယ်။

Photo - @PA

 

မနေ့ညက ကစားခဲ့တဲ့ ဝုလ်အသင်းနဲ့ပွဲစဉ်မှာ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီးနောက် မိမိရဲ့ မန်ယူကစားသမားတွေအနေနဲ့ (၁၀၀)ရာခိုင်နှုန်း အားစိုက် ကစားရမယ့်အစား (၃၀)ရာခိုင်နှုန်းသာ အားစိုက်ကစားခဲ့လို့ အခုလို ရလဒ်ထွက်ပေါ်ခဲ့တာဆိုပြီး မော်ရင်ဟိုက စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဝုဗ်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်မယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် 

မန်ယူအသင်းအနေနဲ့ ပထမပိုင်း ၁၈ မိနစ်မှာ ဦးဆောင်ဂိုးရပေမယ့်လည်း ဂိုးထပ်မံ သွင်းယူနိုင်ခြင်းမရှိသလို ဒုတိယပိုင်းမှာလည်း ချေပဂိုး တစ် ဂိုး ပြန်လည်ခွင့်ပြုခဲ့ရလို့ ပွဲအပြီးမှာ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပါတယ်။

Photo - REUTERS

 

"အသင်းတစ်သင်းက အားကြိုးမာန်တက်ကစားနေချိန် အသင်းတစ်သင်းကတော့ လျော့တိလျော့ရဲ ကစားနေခဲ့ပါတယ်။ ဘယ်လောက်ပဲ အား နည်းတဲ့ အသင်းဖြစ်ပါစေ၊ကိုယ်တိုင်က (၁၀၀)ရာခိုင်နှုန်း ကြိုးစားအားထုတ်မှု မရှိရင် နိုင်ဖု့ိ မဖြစ်နိုင်ပါဘူး။အခု မျက်မြင် သာဓကပါပဲ" လို့ မော် ရင်ဟိုက ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

မန်ယူကစားသမားတွေအနေနဲ့ ဝုလ်နဲ့ပွဲမှာ (၁၀၀)ရာခိုင်နှုန်း အားစိုက်ကစားသွားတယ်လို့ မမြင်ပဲ (၃၀)ရာခိုင်နှုန်းပဲ အားစိုက်ကစားခဲ့တယ်လို့ မြင်မိတယ်လို့လည်း မော်ရင်ဟိုက ဆိုပါသေးတယ်။

Photo - REUTERS

 

" ပြိုင်ပွဲအပေါ် အာရုံမစိုက်နိုင်ရင် နိုင်ဖို့ မလွယ်ဘူးဆိုတာ အကယ်ဒမီမှာထဲက သင်ရပါတယ်။ဘာလို့ ဒါကို နားမလည်နိုင်ဖြစ်နေရတာလဲဆိုတာ တော့ ကျွန်တော် မတွေးတတ်တော့ပါဘူး။နောက်ပြီး သူတို့ ကစားနေတာကလည်း အားစိုက်ထုတ်မှု အပြည့်လို့ မမြင်ပါဘူး။(၃၀)ရာခိုင်နှုန်း လောက်ပဲ အားစိုက်ကစားသွားတာပါ။" လို့ စိတ်ပျက်စွာ ပြောခဲ့ပါသေးတယ်။

မန်ယူအသင်းကတော့ အခုပွဲ သရေကျခဲ့လို့ အမှတ်ပေးဇယား အဆင့် ၆ မှတ် ရမှတ် ၁၀ မှတ်နဲ့ ယာယီရပ်တည်ထားပြီး လာမယ့် ကြားရက်မှာ တော့ ဒါဘီကောင်တီအသင်းနဲ့ EFL ကာရာဘောင်ဖလား ပြိုင်ပွဲကို ကစားရမှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က