ဦးနှောက်ခွဲစိတ်မှု ခံယူအပြီး ပထမဆုံးအကြိမ် ကွင်းအတွင်းပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ဦးနှောက်ခွဲစိတ်မှု ခံရယူထားတာ ဖြစ်ပြီး ပြန်လည်ကျန်းမာလာတာနဲ့ မန်ယူအသင်းရဲ့ ပွဲစဉ်တွေကို ပုံမှန်အတိုင်း ပြန်လည်ကြည့်ရှုအားပေးဖို့ မနေ့က ပထမဆုံးအကြိမ် ပြန်လည်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo - Getty Images

 

မန်ယူအသင်းရဲ့ ဂန္တဝင် နည်းပြကြီးဖာဂူဆန်ဟာ မန်ယူအသင်းကို ၂၇ နှစ်ကြာ တာဝန်ယူကိုင်တွယ်ခဲ့ပြီးတဲ့ နောက်မှာတော့ ၂၀၁၃ ခုနှစ်က နည်းပြဘဝကနေ အနားယူခဲ့ပါတယ်။

ဝုဗ်ကို အိုးထရက်ဖို့ဒ်မှာ အနိုင်မယူနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် 

အနားယူခဲ့ပြီးချိန်မှာလည်း မန်ယူအသင်းကို သံယောဇဉ် မဖြတ်နိုင်သေးပဲ မန်ယူအသင်းရဲ့ အိမ်ကွင်းပွဲတိုင်းလိုလို ၊တစ်ခါတစ်ရံ အဝေးကွင်းပွဲစဉ် အချို့ကိုပါ အမြဲတစေ ကွင်းအတွင်းလာရောက်အားပေးတတ်သူပါ။

Photo - Yahoo Sport UK

 

ဟိုတလောက ဦးနှောက်ခွဲစိတ်မှု တစ်ရပ် အရေးပေါ် ပြုလုပ်ခဲ့ရလို့ မန်ယူအသင်းရဲ့ ပွဲစဉ် တော်တော်များများကို ကြည့်ရှုခွင့်ဆုံးရှုံးလိုက်ရပေမယ့် လည်း အခု ပြန်လည်သက်သာလာချိန်မှာတော့ ချက်ခြင်းဆိုသလိုပဲ ကွင်းထဲကို ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

မနေ့က မန်ယူအသင်းနဲ့ ဝုလ်အသင်းတို့ကစားတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၆)ကိုတော့ ဖာဂူဆန်တစ်ယောက် ဝေဒနာကနေ သက်သာသာခြင်း လာ ရောက်အားပေးခဲ့ပေမယ့်လည်းအမောမပြေခဲ့ပါဘူး။

Photo - Evening Standard

 

အိမ်ကွင်း ပရိသတ်ရှေ့မှာ ကစားရသလို၊ပြိုင်ဖက်အသင်းကလည်း မိမိထက် အားနည်းတဲ့ အသင်း ဖြစ်လင့်ကစား မန်ယူကစားသမားတွေရဲ့ ပြိုင်ဖက်အပေါ်အထင်သေးမှု၊ ကိုယ့်ကိုယ်ကို အထင်ကြီးမှုအပါအဝင် လုပ်အားနှုန်း အပြည့်အ၀ မစိုက်ထုတ်မှုတွေကြောင့် မလိုလားအပ်ပဲ ရမှတ် တွေဆုံးရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဖာဂူဆန်ကတော့ အပြုံးမပျက် လာရောက်အားပေးနေခဲ့တာဖြစ်ပြီး ပွဲချန် ၂၇ မိနစ်အရောက်မှာတော့ ပရိသတ်တွေက လက်ခု ပ်သြဘာ ညီညီညာညာပေးပြီး ၂၇ နှစ်တာ အသင်းကို အကောင်းဆုံး အုပ်ချုပ်ခဲ့တဲ့ ဖာဂူဆန်ကို ဂုဏ်ပြုခဲ့ပါသေးတယ်။

"ခရီးကြားကြီးတစ်ခု သွားနေရသလိုပါပဲ။ကျွန်တော်က အရမ်းစိတ်အားထက်သန်နေလို့ ဆရာဝန်ကတော့ အံ့သြနေပါတယ်။" လို့ ဖာဂူဆန်က ပြောပါတယ်။

ဖာဂူဆန်အနေနဲ့ ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့က ဦးနှောက်သွေးယိုစီးမှု ဖြစ်ပွားခဲ့လို့ ဆဲလ်ဖို့ဒ်ရွိုင်ရယ် ဆေးရုံမှာ အချိန်တစ်ခုကြာ ဆေးကုသမှု ခံယူ ခဲ့ရတာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က