ထော့နဲ့ထော့နဲ့ နဲ့ ထွက်ခွာခဲ့ပြီး လူစားလဲခံခဲ့ရလို့ လီဗာပူးလ်ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

လီဗာပူးလ်နောက်ခံလူ ဗန်ဒိုက်ဟာ အသင်းဟောင်း ဆောက်သမ်တန်ကို ၃-ဝဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ဗန်ဒိုက်ရဲ့ဒဏ်ရာအခြေအနေက စောင့်ကြည့်ရဦးမယ်လို့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ပြောပါတယ်။

NINTCHDBPICT000435986835.jpg

Photo: The Sun

 

နောက်ခံလူ ဗန်ဒိုက်ကို ဂျိုးဂိုမက်ဇ်နဲ့လူစားလဲခဲ့တာက ဒဏ်ရာကြောင့်ဖြစ်တယ်လို့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က ဆောက်သမ်တန်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ လီဗာပူးလ်ရဲ့ပရီးမီးယားလိဂ်ခြောက်ပွဲဆက်အနိုင်ရခဲ့တဲ့ပွဲမှာ အားထားရတဲ့နောက်ခံလူ ဗန်ဒိုက်တစ်ယောက် ကွင်းအတွင်းက ထော့နဲ့ထော့နဲ့ နဲ့ ထွက်ခွာခဲ့ပြီး လူစားလဲခံခဲ့ရလို့ လီဗာပူးလ်ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

မန်ယူကစားသမားတွေ(၃၀)ရာခိုင်နှုန်းပဲ အားစိုက်ကစားခဲ့တယ်လို့ မော်ရင်ဟို စွပ်စွဲ 

Photo: The Sun

 

ပွဲအပြီးသတင်းစာရှင်းလင်းပွဲမှာတော့ ဂျာဂင်ကလော့ပ်က ဗန်ဒိုက်ဟာ ဒဏ်ရာဟောင်းလည်းရှိနေပြီး ဒီပွဲမှာနောက်ထပ် ထပ်ထိခဲ့တာလို့ ပြောခဲ့ပါတယ်။ “ပီအက်စ်ဂျီနဲ့ပွဲမတိုင်ခင်ကတည်းက သူ့မှာ နံရိုးတစ်ချောင်းဒဏ်ရာရနေပါတယ်။ ဒီပွဲမှာ နောက်တစ်နေရာကိုထပ်ထိခဲ့တာပါ။ ဒါကမကောင်းပါဘူး။ ဒါပေမယ့် အရမ်းအဆိုးကြီးလည်းမဟုတ်ပါဘူး။ ဒဏ်ရာအခြေအနေက စောင့်ကြည့်ရပါဦးမယ်။” လို့ ကလော့ပ်က ပြောပါတယ်။

Photo: The Sun

 

လီဗားပူးလ်အသင်းဟာ လာမယ့်ရက်သတ္တပတ်အတွင်းမှာ ချယ်လ်ဆီးနဲ့ နှစ်ကြိမ်တိုင်တိုင်တွေ့ဖို့ရှိနေပြီး ဗန်ဒိုက်မပါဝင်နိုင်မှာကို အသင်းနည်းပြအပါအဝင် ပရိသတ်တွေကစိုးရိမ်နေကြပါတယ်။ လီဗာပူးလ်ဟာ ဗုဒ္ဓဟူးနေ့မှာ ချယ်လ်ဆီးနဲ့ ကရာဘောင်းဖလားပွဲကစားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်ပွဲစဉ်(၇)အဖြစ် ချယ်လ်ဆီးနဲ့ပဲ စနေနေ့မှာ စတန်းဖို့ဒ်ဘရစ်ချ်ကို သွားရင်ဆိုင်ရမှာပါ။

Share

Loading Next Article...
က္က