ကွန်တီဟာ ချယ်လ်ဆီးနဲ့လမ်းခွဲပြီးနောက်ပိုင်း အင်္ဂလန်ကို ပထမဆုံးပြန်လာခဲ့တာပါ။

ချယ်လ်ဆီးနည်းပြရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြ ကွန်တီကို မနေ့ကညက  ဖူလ်ဟမ်ရဲ့အိမ်ကွင်း ကရာဗင်ကော့တေးချ်မှာ ဘောလုံးပွဲလာကြည့်တာတွေ့လိုက်ရပါတယ်။ ဒီမြင်ကွင်းကြောင့် ကွန်တီတစ်ယောက် ဖူလ်ဟမ်ကွင်းကို ဘာလာလုပ်တာလဲဆိုတဲ့ သတင်းတွေ ပျံ့နှံ့ခဲ့ပါတယ်။



NINTCHDBPICT000435960669-e1537621221741.jpg

Photo: The Sun

 

ပရီးမီးယားလိဂ်တန်းတက်ကလပ်အသင်း ဖူလ်ဟမ်ရဲ့အိမ်ကွင်းဖြစ်တဲ့ ကရာဗင်ကော့တေးချ်မှာ ဖူလ်ဟမ်-ဝက်ဖို့ဒ်ပွဲလာကြည့်ခဲ့တဲ့ ကွန်တီရဲ့ပုံရိပ်ကြောင့် ပရီးမီးယားလိဂ်ကို ပြန်လာမှာလားဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ကွန်တီဟာ ချယ်လ်ဆီးနဲ့လမ်းခွဲပြီးနောက်ပိုင်း အင်္ဂလန်ကို ပထမဆုံးပြန်လာခဲ့တာဖြစ်ပြီး ဖူလ်ဟမ်အသင်းနဲ့သတင်းတွေကိုလည်း အင်္ဂလန်မီဒီယာတွေက ခန့်မှန်းဖော်ပြခဲ့ကြပါတယ်။

စပါးမှာဆက်ရှိဖို့ ကတိပေးလိုက်တဲ့ ဆွန်ဟောင်မင် 

Photo: The Sun

 

အသက် ၄၉နှစ်အရွယ် ဂျုဗင်တပ်နည်းပြဟောင်းဟာ ချယ်လ်ဆီးနဲ့စာချုပ်သက်တမ်းမကုန်ခင်မှာပဲ လမ်းခွဲခဲ့ရပြီး နည်းပြဆာရီနဲ့အစားထိုးခံခဲ့ရသူပါ။ ဖူလ်ဟမ်အသင်းကတော့ လက်ရှိနည်းပြ ဂျိုကာနိုဗစ်ရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်နေပြီး အစားထိုးဖို့အတွက် နည်းပြသစ်ရှာဖွေနေတယ်လို့သိရပါတယ်။ ဂျိုကာနိုဗစ်ဟာ ကွန်တီနဲ့ ချယ်လ်ဆီးလမ်းမခွဲမီက ချယ်လ်ဆီးအသင်းဘုတ်အဖွဲ့ရဲ့ လျာထားနည်းပြစာရင်းမှာပါဝင်ခဲ့ဖူးသူပါ။

Photo: The Sun

 

ဒါပေမယ့် လက်ရှိအချိန်မှာတော့ ဂျိုကာနိုဗစ်ရဲ့ဖူလ်ဟမ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်ခြောက်ပွဲအပြီးမှာ ရမှတ် ငါးမှတ်ပဲရရှိထားပါတယ်။ ကွန်တီနဲ့ပတ်သက်တဲ့သတင်းတွေကိုတော့ ဖူလ်ဟမ်အသင်းက တရားဝင် ထုတ်ပြန်ခြင်းမရှိသေးပေမယ့် မီဒီယာတွေနဲ့ ပရိသတ်အကြားမှာတော့ ကွန်တီဖူလ်ဟမ်နည်းပြ ဖြစ်လာဖို့ ရေပန်းစားနေပါပြီ။

 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က