ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ လွဲချော်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။

ဝက်စ်ဟမ်းနဲ့ချယ်လ်ဆီးတို့ရဲ့ပရီးမီးယားလိဂ်ပွဲစဉ်ကတော့ ဂိုးမရှိသရေနဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။ လန်ဒန်ဒါဘီပွဲဖြစ်တာနဲ့အညီ အကြိတ်အနယ်ကစားခဲ့ကြပြီး ပွဲချိန်အတွင်းမှာရော ပွဲအပြီးမှာပါ လွဲချော်မှုတွေ ဖြစ်ပွားခဲ့ကြပါတယ်။ ဝက်စ်ဟမ်းနဲ့ချယ်လ်ဆီးပွဲအပြီး ထူးခြားတဲ့ လွဲချော်မှု(၆)ခုကို ကြည့်လိုက်ကြရအောင်။

4493064-0-image-a-41_1537713755094.jpg

Photo: Daily Mail

 

ပထမဆုံးအမှတ်ဆုံးရှုံးခဲ့တဲ့ ဂျော်ဂျင်ဟို

နာပိုလီကနေ ချယ်လ်ဆီးကိုပြောင်းရွှေ့လာပီးနောက်မှာ ဘရာဇီးနွယ်ဖွားအီတလီကစားသမား ဂျော်ဂျင်ဟိုဟာ အထင်ကြီးစရာခြေစွမ်းကို ချယ်လ်ဆီးမှာပြသနေပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်စံချိန်သစ်ဖြစ်တဲ့ ဘောလုံးထိချက် ၁၉၁ချက်အထိရအောင်စွမ်းဆောင်နိုင်ခဲ့ပါတယ်။

ဒီနေ့ပွဲမှာ ဂျော်ဂျင်ဟိုဟာ ဘောလုံးပေးပို့မှု ၁၈၀အထိလုပ်နိုင်ခဲ့ပြီး ဒါက ကွင်းအတွင်းက တစ်ခြားကစားသမားတွေအားလုံးအတွက် အကြိမ် ၁၀၀အထိပိုများပါတယ်။ ဒါပေမယ့် ဂျော်ဂျင်ဟို လွဲချော်ခဲ့ရတာကတော့ နိုင်ပွဲပါ။ ဝက်စ်ဟမ်းနဲ့ဂိုးမရှိသရေကျခဲ့တဲ့အတွက် ဒီပွဲမှာ သုံးမှတ်အပြည့်မရပဲ တစ်မှတ်သာရခဲ့လို့ ဂျော်ဂျင်ဟိုဟာ ပရီးမီးယားလိဂ်ရမှတ်ပထမဆုံး ဆုံးရှုံးတဲ့ပွဲဖြစ်ခဲ့ရပါတယ်။

Photo: Daily Mail

 

လွဲပေမယ့် မှတ်တမ်းကောင်းခဲ့တဲ့ ဖေဘီယန်စကီး

အာဆင်နယ်ဂိုးသမားဟောင်းဟာ ဒီနေ့ပွဲမှာ ဘောလုံးကိုကာကွယ်ဖို့ ကြိုးစားခဲ့ရာမှာ ဟန်ချက်လွဲချော်ပြီး မျက်နှာနဲ့ဘောလုံးမိတ်ဆက်ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းရဲ့လူစားဝင်တိုက်စစ်မှူး မိုရာတာရခဲ့တဲ့ ရွှေအခွင့်အရေးဟာ ဖေဘီယန်စကီးရဲ့မျက်နှာကြောင့် ဂိုးပိုက်နဲ့မိတ်မဆက်ခဲ့ရပါဘူး။

ဝက်စ်ဟမ်းဂိုးသမား ဖေဘီယန်စကီးရဲ့အလွဲကတော့ အလွဲကောင်းပါ။ ဘောလုံးကို ဟန်ချက်လွဲပြီး မျက်နှာနဲ့ ကာကွယ်နိုင်ခဲ့လို့ ပေးဂိုးမရှိ (Clean-Sheet) မှတ်တမ်းရခဲ့ပါတယ်။

Photo: Daily Mail

 

ဆေးလိပ်မီးခိုးငွေ့နဲ့အတူလွင့်စင်ခဲ့ရတဲ့ ဆာရီရဲ့စံချိန်အိပ်မက်

ချယ်လ်ဆီးနည်းပြ ဆာရီဟာ ဒီပွဲမှာသာ အနိုင်ရခဲ့မယ်ဆိုရင် အန်ဆယ်လော့တီ၊ ဂွာဒီယိုလာတို့နဲ့အတူ ပရီးမီးယားလိဂ်ခြောက်ပွဲဆက်အနိုင်ရတဲ့နည်းပြသစ်အဖြစ် မှတ်တမ်းရေးထိုးနိုင်မှာပါ။ ဒါပေမယ့် ဆာရီရဲ့ စံချိန် အိပ်မက်ဟာ သူ့ရဲ့ဆေးလိပ်မိုးခိုးငွေ့နဲ့အတူ ပျက်ပြယ်ခဲ့ရပါပြီ။

ဆာရီဟာ ဆေးလိပ်ကို အဆက်မပြတ်သောက်တတ်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး အသင်းက သူ့ကို ဆေးလိပ်သောက်ခွင့်တရားဝင်ပေးထားရသူပါ။ ဆာရီရဲ့စံချိန်ဟာ ငါးပွဲဆက်အနိုင်နဲ့ပဲရပ်တန့်ပြီး ရှိတ်စပီးယားနဲ့အတူ အန်ဆယ်လော့တီနဲ့ဂွာဒီယိုလာတို့နောက်မှာသာ ကျန်ခဲ့ရပါတော့တယ်။

Photo: Daily Mail

ဖူလ်ဟမ်ကွင်းမှာ ကွန်တီ ဘာလာလုပ်တာလဲ 

ထောင့်ကန်ဘောကန်ဖို့ နေရာရှာမရခဲ့တဲ့ အန်ဒါဆင်

ဝက်စ်ဟမ်းကစားသမား အန်ဒါဆင်ဟာ ပွဲချိန်အတွင်းမှာ ထောင့်ကန်ဘောကန်ဖို့ကို ချိန်သားကိုက်ဖို့အတွက် နေရာရှာမရဖြစ်ခဲ့ပါတယ်။ ဒီပြဿနာကိုတော့ လုံခြုံရေးတစ်ယောက်က အမြန်ဆုံးဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

ထောင့်ကန်ဘောကို အလံတိုင်ထောင့်မှာချိန်ပြီးကန်ဖို့ နေရာဘယ်လိုယူရမှန်းမသိဖြစ်နေတဲ့ အန်ဒါဆင်ကို လုံခြုံရေးကက သူ့ရဲ့ရေဘူးနဲ့နေရာညွှန်ပြီး ချိန်သားကိုက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ လုံခြုံရေး ညွှန်ပြတဲ့အတိုင်းနေရာယူပြီး အန်ဒါဆင်ကလည်း ထောင့်ကန်ဘောကန်ခဲ့ပါတယ်။

Photo: Daily Mail

 

ဂိုးပေါက်လွဲချော်နေဆဲ ဂီရော့ဒ်

ချယ်လ်ဆီးနည်းပြ ဆာရီဟာ သူအသင်းကိုစကိုင်ပြီးကတည်းက သွင်းဂိုးတစ်ဂိုးပဲရသေးတဲ့ စပိန်တိုက်စစ်မှူး မိုရာတာနေရာမှာ ပြင်သစ်တိုက်စစ်မှူး ဂီရော့ဒ်ကို အစားထိုးခဲ့ပေမယ့် ဂီရော့ဒ်ကတော့ သူ့စံချိန်ကို ဆက်ထိန်းထားနိုင်ဆဲပါ။ ဂီရော့ဒ်ဟာ ဒီနေ့ပွဲရဲ့ပထမပိုင်းမှာ ဘောလုံးထိချက်အနည်းဆုံးကစားသမား ဖြစ်ခဲ့ပြီး ပထမပိုင်းတစ်ပိုင်းလုံးမှာ ဘောလုံးနဲ့ ၁၄ကြိမ်ပဲထိခဲ့ပါတယ်။

ဂိုးသွင်းစံချိန်ကတော့ ကမ္ဘာ့ဖလားတုန်းကခြေစွမ်းကို မီနေဆဲပဲလို့ဆိုရမလိုပါ။ ဒီအတွက် ဆာရီဟာ နောက်ဆုံးတော့ သူမကြိုက်တဲ့ တိုက်စစ်မှူး မိုရာတာနဲ့ပဲလူစားလဲခဲ့ရပါတော့တယ်။

Photo: Daily Mail

 

ဘောလုံးတစ်လုံးလုံးကို လွဲကန်ခဲ့တဲ့ ဇာဘလက်တာ

မန်စီးတီးကနေပြောင်းလာတဲ့ ဝက်စ်ဟမ်းတောင်ပံခံစစ်မှူး ဇာဘလက်တာကတော့ ဒီညမှာ ပရိသတ်တွေကို အဖျော်ဖြေနိုင်ဆုံးကစားသမားလို့ပြောလို့ရပါတယ်။ ဂိုးမရှိသရေကျနေလို့နှစ်ဖက်ပရိသတ်တွေ ငြီးငွေ့နေချိန်မှာ ဇာဘလက်တာက တစ်ကွင်းလုံးကို ရယ်သံတွေဖုံးလွှမ်းသွားအောင် စွမ်းဆောင်နိုင်ခဲ့တာပါ။

ဇာဘလက်တာဟာ ညာတောင်ပံတစ်လျှောက်ကနေ ဘောလုံးကိုဖြတ်တင်ဖို့ အားရပါးရလွှဲကန်လိုက်ချိန်မှာ အံ့သြစရာကောင်းအောင် လုံးဝကိုမထိပဲလွဲခဲ့ရပါတယ်။ တစ်ကွင်းလုံးက ပရိသတ်တွေပွဲကျခဲ့ရပြီး ပရိသတ်တစ်ချို့ကတော့ လေတိုက်နှုန်းကို အပြစ်တင်သင့်တယ်ဆိုပြီး တွစ်တာမှာလှောင်ပြောင်တဲ့ ပို့စ်တွေတင်ခဲ့ကြပါတယ်။

Share

Loading Next Article...
က္က