အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ရဲ့ဒုတိယဂိုးကတော့ သိသိသာသာကို လူကျွံနေခဲ့တဲ့အတွက်ဝေဖန်ခံနေရပါတယ်။

အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၇)မှာ အဲဗာတန်ကို ၂-ဝဂိုးနဲ့အနိုင်ရပြီး အဆင့်ခြောက်နေရာကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒီနိုင်ပွဲမှာ အာဆင်နယ်ဂိုးသမား ပီတာချက်အနေနဲ့လည်း ပထမဆုံးပေးဂိုးမရှိ (Clean Sheet) ပွဲအဖြစ် စွမ်းဆောင်နိုင်ခဲ့ပါတယ်။



1537715211221_lc_galleryImage_LONDON_ENGLAND_SEPTEMBER_.JPG

Photo: Daily Mail

အာဆင်နယ်အသင်းဟာ အိမ်ကွင်း အမ်းမရိတ်မှာ အဲဗာတန်ကို ဂိုးပြတ်အနိုင်ရနေကျစံချိန်ကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ နည်းပြသစ် အူနိုင်းအမ်မရီရဲ့အာဆင်နယ်ဟာ ရာသီအစအဖွင့်နှစ်ပွဲဆက်ရှုံးအပြီးမှာ တော့ ဆက်တိုက်နိုင်ပွဲရနေပါတယ်။ ကြားရက်မှာ ယူရိုပါလိဂ်ကစားခဲ့ရပေမယ့် အာဆင်နယ်အသင်းကစားပုံက ကျမသွားပဲ အဲဗာတန်အသင်းကို အသာစီးရယူကစားနိုင်ခဲ့ပါတယ်။

Photo: Daily Mail

 

အာဆင်နယ်ကစားသမားဟောင်း ဝဲလ်ကော့ကတော့ ပထမပိုင်းမှာ အသင်းဟောင်းကို အတော်လေးဒုက္ခပေးနိုင်ခဲ့ပေမယ့် အမှတ်ရအောင်တော့ မစွမ်းဆောင်နိုင်ပေးခဲ့ပါဘူး။ အာဆင်နယ်ဟာ ပထမပိုင်းမှာ ဂိုးရအောင်မစွမ်းဆောင်နိုင်ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ လာကာဇက်နဲ့ အူဘာမီယန်တို့ရဲ့ သွင်းဂိုးတွေနဲ့ အဲဗာတန်ကိုအနိုင်ရအောင်စွမ်းဆောင်နိုင်ခဲ့တာပါ။ ဒီနေ့ပွဲမှာ အဲဗာတန်အသင်းက အင်္ဂလန်လက်ရွေးစင်ဂိုးသမား ပစ်ဖို့ဒ်ရော၊ အာဆင်နယ်က ချက်ဂိုးသမား ပီတာချက်ပါ အကောင်းဆုံးလက်စွမ်း ပြနိုင်ခဲ့ပြီး အာဆင်နယ်ဂိုးသမား ပီတာချက်အတွက် ဒီရာသီပထမဆုံး Clean-Sheet ရခဲ့သလို Man Of The Match အဖြစ်လည်းသတ်မှတ်ခံခဲ့ရပါတယ်။

Photo: Daily Mail

 

ဒီနေ့ပွဲမှာ အာဆင်နယ်တိုက်စစ်မှူး အူဘာမီယန်ရဲ့ဒုတိယဂိုးကတော့ သိသိသာသာကို လူကျွံနေခဲ့တဲ့အတွက် ကွင်းလယ်ဒိုင် ဂျိုနသန်မော့စ်ရဲ့ဆုံးဖြတ်ချက်ကို ပရိသတ်တွေက ဝေဖန်ခဲ့ကြပါတယ်။ ပွဲအပြီးမှာလည်း နှစ်ဖက်ပရိသတ်တွေက ဒီဂိုးကိုသာ VAR ကြည့်ပြီးဆုံးဖြတ်မယ်ဆိုရင် သေချာပေါက်လူကျွံဘောဖြစ်မှာဆိုပြီး တွစ်တာအကောင့်တွေမှာ ဝေဖန်ပြစ်တင်ခဲ့ကြပါတယ်။ အာဆင်နယ်ကတော့ ဒီနိုင်ပွဲကြောင့် အဆင့်ခြောက်နေရာအထိတက်လှမ်းလာပြီး စပါးအသင်းနဲ့ရမှတ်တူသွားပါပြီ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က