တိုက်စစ်ကစားချင်တယ်လို့ ပြောလိုက်တာပါ။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ ပေါ့ဂ်ဘာက အိုးထရက်ဖို့ဒ်မှာ ကစားရတဲ့ ပွဲစဉ်တွေမှာ တိုက်စစ်ကို ပိုပြီးတော့ အားပြုကစားချင်တဲ့ သူ့ရဲ့ ဆန္ဒကို ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဝုလ်ဗ်ကို အိမ်ကွင်းမှာ တစ်ဂိုးစီ သရေကျပြီးတဲ့ ပွဲမှာ မန်ယူအသင်းရဲ့ တိုက်စစ်ကစားပုံဟာ အားရစရာမရှိခဲ့ပဲ အိမ်ကွင်းမှာ အဖိုးတန်အမှတ်တွေကို ဆုံးရှုံးခဲ့ရပါတယ်။

Photo : Evening Standard

 

"ကျွန်တော်တို့က အိမ်ကွင်းမှာ ကစားနေရတာ၊ ဝုလ်ဗ်နဲ့ပွဲမှာ ဒီထက်ကောင်းအောင် ကစားနိုင်ခဲ့သင့်တယ်၊ အိမ်ကွင်းမှာ ကစားရချိန်မှာ တိုက်စစ်ကိုပိုပြီးတော့ ကစားသင့်ပါတယ်၊ တိုက်စစ်၊ တိုက်စစ်၊ တိုက်စစ်ဆိုပြီး ဖြစ်နေရမှာပါ၊ ဒါက အိုးထရက်ဖို့ဒ်လေ၊ ပြိုင်ဘက်အသင်းတွေ အနေနဲ့ ဒီကွင်းမှာ လာကစားတိုင်း အသင်းရဲ့ တိုက်စစ်ကို ထိတ်လန့်နေရမှာပါ၊ မလုပ်နိုင်ခဲ့တာက ကျွန်တော်တို့ အမှားပဲ" လို့ ပေါ့ဂ်ဘာက ပြောသွားခဲ့ပါတယ်။

The Best ဆုပေးပွဲကို ရော်နယ်ဒို ဘာလို့ မတက်ရောက်မှာလဲ? 

Photo : Evening Standard

 

တိုက်စစ်ဆင်ကစားနေမှုကို ဘာအတွက် ရပ်တန့်ခဲ့ရသလဲဆိုတဲ့ မေးခွန်းကို ပေါ့ဂ်ဘာက - "ခင်ဗျားကို မပြောပြတတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်က ကစားသမားတစ်ယောက်ပါ၊ နည်းပြမဟုတ်ပါဘူး" လို့ ပေါ့ဂ်ဘာက တုန့်ပြန်ဖြေဆိုသွားခဲ့ပါတယ်။ ဝုလ်ဗ်နဲ့ပွဲမှာ မန်ယူ ရရှိခဲတဲ့ ဖရက်ဒ်ရဲ့ သွင်းဂိုးကို ပေါ့ဂ်ဘာက ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ်။

Photo : Evening Standard

 

"ကျွန်တော်က မန်နေဂျာမဟုတ်ပါဘူး၊ အဲဒါကြောင့် ဘာမှမပြောနိုင်ပါဘူး၊ ဒါပေမယ့် ဒီထက်ပိုပြီးတော့ ကျွန်တော်တို့ တိုက်စစ်ကို ကစားခဲ့သင့်တယ်၊ ဒါက ကျွန်တော့်ရဲ့ အတွေးအမြင်ပါ" လို့ ပေါ့ဂ်ဘာက ထပ်ပြောခဲ့ပါတယ်။ အလက်ဆစ်ဆန်းချက်ဇ်ရဲ့ အနေအထားနဲ့ ပတ်သက်ပြီးလည်း ပေါ့ဂ်ဘာက အခုလိုပဲ ပြောခဲ့ပါတယ်။

Photo : Evening Standard

 

"သူက အရမ်းကြိုးစားတဲ့ ကစားသမားတစ်ယောက်ပါ၊ ကောင်းကောင်းလေ့ကျင့်တယ်၊ အပင်ပန်းခံပြီးတော့ကို အသင်းကို ကူညီတယ်၊ အသင်းတစ်သင်းမှာ အချိန်အကြာကြီးကစားပြီးတဲ့နောက် တခြားအသင်းကို ပြောင်းရွှေ့လာမယ်ဆိုရင် ကွဲပြားခြားတဲ့ အနေအထားတွေတော့ ရှိမှာပါပဲ၊ ဒါကြောင့် သူ ရုန်းကန်နေရတာပါ" လို့ သူ့ရဲ့ ထင်မြင်ချက်ကို ပြောပြခဲ့ပါတယ်။

Share

Loading Next Article...
က္က