ပြိုင်ဘက်တွေထက် နောက်ကျနေတယ်လို့ ပြောခဲ့တာပါ။

ဝက်စ်ဟမ်း နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာ ချယ်လ်ဆီးနည်းပြ ဆာရီက ချယ်လ်ဆီးဟာ ပရီးမီးယားလိဂ်ပြိုင်ဘက် လီဗာပူးလ်နဲ့ မန်စီးတီးတို့ရဲ့နောက်မှာ တစ်နှစ်လောက် နောက်ကျနေခဲ့တယ်လို့ ပြောဆိုလိုက်ပါတယ်။ ချယ်လ်ဆီးနည်းပြ ဘဝမှာ ရာနှုန်းပြည့် အောင်မြင်နေတဲ့ ဆာရီဟာ ဝက်စ်ဟမ်းနဲ့ သရေကျခဲ့ပြီးနောက် နိုင်ပွဲဆက်နေမှု ရပ်တန့်သွားခဲ့ပါတယ်။



Photo : Talk Sports

 

"လွန်ခဲ့တဲ့ (၃၅)ရက်၊ ရက် (၄၀)လောက် ကျွန်တော်တို့ အတူတကွ စတင်ပြီး အလုပ်လုပ်ခဲ့ကြပါတယ်၊ ကြားထဲမှာ နိုင်ငံတကာပွဲတွေကလည်း ပါဝင်ပါသေးတယ်၊ ဒါက ကျွန်တော်တို့အတွက် နည်းနည်းတော့ အခက်တွေ့စေတာပေါ့၊ အသင်းက တိုးတက်ဖို့ လိုနေပါသေးတယ်၊ ဆုဖလားကို စိန်ခေါ်နိုင်ဖို့အတွက် အနည်းဆုံး တစ်နှစ်လောက်တော့ အချိန်ယူရဦးမှာပါ" လို့ ဆာရီက ပြောဆိုလိုက်ပါတယ်။

The Best ဆုပေးပွဲကို ရော်နယ်ဒို ဘာလို့ မတက်ရောက်မှာလဲ? 

 

ချယ်လ်ဆီးနဲ့အတူ ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် ရရှိထားပြီး လက်ရှိမှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ နောက်ခံလူ အက်ဇ်ပီလီကျူတာကလည်း  - "ဒီဘက်နှစ်တွေအတွင်းမှာ ကျွန်တော်တို့က အင်္ဂလန်မှာ ဆုဖလားအများအပြား ရရှိထားတဲ့ အသင်းပါ၊ ပြီးခဲ့တဲ့ လေးနှစ်အတွင်းမှာ ဒါက အမှန်တကယ်ကို ဖြစ်ခဲ့တာလေ၊ ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပြီး နောက်နှစ်မှာ ကျွန်တော်တို့ ကောင်းကောင်းမကစားနိုင်ခဲ့ဘူး"

Photo : The Guardian

 

"ဒီရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့ပါဘူး၊ ဒါဆိုရင် ပရီးမီးယားလိဂ်ကိုပဲ ပစ်မှတ်ထားရမယ်ဆိုတာက သေချာပါတယ်၊ တတ်နိုင်သမျှ ဆုဖလားအတွက် စိန်ခေါ်နိုင်စွမ်းရှိအောင် ကျွန်တော်တို့ ကြိုးစားတိုက်ပွဲဝင်သွားရမှာပါ" လို့ ပြောခဲ့ပြီး ကွန်တီလက်ထက်မှာ ပရီးမီးယားလိဂ် ရပြီးနောက် နောက်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တဲ့အပေါ်မှာ သုံးသပ်ခဲ့ပါတယ်။

 

ချယ်လ်ဆီးနည်းပြ ဆာရီက နိုင်ပွဲရပ်တန့်သွားခဲ့မှုဟာ ယူရိုပါလိဂ်ကြောင့် ပွဲပန်းခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်ကို ငြင်းဆန်သွားခဲ့ပါတယ်။ "ယူရိုပါလိဂ်မှာ ကစားရတာက တကယ်ခက်ခဲပါတယ်၊ မတ်လ နဲ့ ဧပြီလမှာ ပိုပြီးတော့ ခက်ခဲလာမှာပါ၊ ယူရိုပါလိဂ်အဝေးကွင်းပွဲ ကစားအပြီးမှာ တနင်္လာညမှာမှ ဘာလို့မကန်ရလဲဆိုတာကိုတော့ ကျွန်တော်လည်း မသိဘူးလို့ပဲ ပြောနိုင်ပါတယ်" လို့ ဆာရီက ပြောခဲ့ပါတယ်။

Photo : Evening Express

 

"အီတလီမှာဆိုရင် ဒါက ဖြစ်နိုင်ပါတယ်၊ အင်္ဂလန်မှာဆိုရင်တော့ ယူရိုပါလိဂ်ပွဲကန်အပြီး (၆၄)နာရီအတွင်းမှာ နောက်တစ်ပွဲ ကစားရနေတယ်၊ ဒါက ဒီအချိန်မှာ ပြသနာအကြီးကြီးမဟုတ်သေးပါဘူး၊ ဒါပေမယ့် ဧပြီလအတွင်းမှာဆိုရင်တော့ ပြသနာ ဖြစ်လာနိုင်ပါတယ်" လို့လည်း ပွဲစဉ်ဇယားအနေအထားအပေါ်ကို ဆာရီက သုံးသပ်ဝေဖန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က