ယခုနှစ်ရာသီ လိဂ်(၅)ပွဲ ကစားပြီးချိန်ထိ တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။

လုပ်ခလစာ များစွာရရှိထားပေမယ့်လည်း တူညီတဲ့ ခြေစွမ်း မပြနိုင်သေးပဲ ပြီးခဲ့တဲ့ ရာသီဝက်မှာလည်း ၃ ဂိုးသာ သွင်းထားနိုင်သလို အခုရာသီ မှာလည်း ၅ ပွဲကစားပြီးချိန်ထိ တစ်ဂိုးမှ မသွင်းနိုင်သေးပါဘူး။

Photo - Metro

 

မန်ယူအသင်းရဲ့ ချီလီတိုက်စစ်မှူး ဆန်းချက်အနေနဲ့ ခြေစွမ်းပိုင်း အခုထက် ပိုမို ထူးခြားလာခြင်းမရှိပါက ရာသီအကုန်မှာ ရောင်းခံရဖွယ်ရှိနေ တယ်လို့ အာဆင်နယ် ကစားသမားဟောင်း အီယန်ရွိုက်က သုံးသပ်ပြောခဲ့ပါတယ်။

ဒါဘီကို ဘယ်လိုရင်ဆိုင်မလဲ ပြောပြသွားခဲ့တဲ့ မော်ရင်ဟို 

ဆန်းချက်က ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက အာဆင်နယ်အသင်းကနေ မန်ယူအသင်းကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၃၉၁၀၀၀ ရရှိနေသူ ဖြစ်ပါတယ်။

Photo - soychile.cl

 

"ကျွန်တော်သာ စီးပွားရေးသမားတစ်ယောက်ဆိုရင် ရာသီအကုန်မှာ ဘယ်လောက် အကျိုးရှိနိုင်မလဲဆိုတာ စောင့်ကြည့်မှာပါပဲ။"လို့ အီယန် ရွိုက်က ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် ဆန်းချက်အနေနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလက မန်ယူအသင်းနဲ့ယီဗိုးလ်အသင်းတို့ပွဲမှာ စတင်ကစားခဲ့ပြီး အဆိုပါ အက်ဖ်အေဖလားပွဲမှာတော့ ခြေစွမ်းပြ ကစားထားနိုင်ခဲ့ပါတယ်။

Photo - Worldfootball

 

အဲ့နောက် အသင်းအတွက် ၂၃ ပွဲမှာတော့ စုစုပေါင်း သွင်းဂိုး ၃ ဂိုးသာ သွင်းယူထားနိုင်တဲ့အထိ ခြေစွမ်းပိုင်းက မေးခွန်းထုတ်စရာ ကောင်းခဲ့ပါ တယ်။

ဒီအခြေအနေအပေါ်မှာတော့ ရွိုက်က -" ဆန်းချက်ကို ပေးနေရတဲ့ လစာငွေနှုန်းထားအပေါ်မှာ ကျွန်တော်ဆို ပြန်သုံးသပ်နေပါပြီ။ဘယ်လောက် ပြန်ရနေလဲဆိုတာက အရေးကြီးပါတယ်။" လို့ အီယန်က ထောက်ပြ ဝေဖန်ခဲ့တာလည်း ဖြစ်ပါတယ်။

ဆန်းချက်အနေနဲ့ ဒီရာသီ အသင်းအတွက် လိဂ်ပွဲ ၅ ပွဲပါဝင်ကစားပေးထားနှင့်ပြီး ဖြစ်သော်လည်း တစ်ဂိုးမှ ရယူထားနိုင်ခြင်းမရှိသလို ပြီးခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပထမပွဲမှာလည်း ချန်လှပ်ခံခဲ့ရပါတယ်။

ဆန်းချက်အနေနဲ့ မန်ယူမှာ အခုလို ခြေစွမ်းမပြနိုင်ရခြင်းမှာ လွတ်လပ်မှုနဲ့ ပျော်ရွှင်မှု မရှိလို့ ဖြစ်ပြီး အာဆင်နယ်မှာတုန်းကဆိုရင် သူ လွတ်လွတ် လပ်လပ်ကစားခဲ့ရသလို ပျော်ရွှင်နေခဲ့ရတယ်လို့လည်း ရွိုက်က ဆိုပါတယ်။

Share

Loading Next Article...
က္က