လစာငွေများပြားလာမှုကိုကာမိဖို့အတွက် ချန်ပီယံဆုဖလားတွေကိုသာပိုလိုအပ်တယ်လို့ ဆိုပါတယ်။

မန်ချက်စတာယူနိုက်တက်ကစားသမားတွေကို ပေးချေနေရတဲ့ လစာနှုန်းထား အဆမတန်လျှင်မြန်စွာ မြင့်မားလာမှုကြောင့် ဆုဖလားတွေရယူဖို့လိုအပ်နေပြီလို့ အသင်းဒု-ဥက္ကဌ ဝုဒ်ဝက်က နည်းပြ မော်ရင်ဟိုနဲ့ ကစားသမားတွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။

50A51A1E00000578-6205597-image-a-39_1537875836008.jpg

Photo: Daily Mail

 

မန်ချက်စတာယူနိုက်တက်အသင်းဟာ အမေရိကန်သန်းကြွယ်သူဌေးတွေဖြစ်တဲ့ ဂလေဇာမိသားစုပိုင်ဆိုင်ပြီး နောက်ပိုင်းမှာ ကမ္ဘာ့အဆင့်ကစားသမားတွေကိုခေါ်ယူပြီး မြင့်မားတဲ့လစာနှုန်းထားတွေပေးချေခဲ့ပါတယ်။ ဒီလို ငွေကြေးသုံးစွဲမှုက အသင်းအောင်မြင်မှုအတွက်နဲ့ ဆုဖလားတွေရယူနိုင်ဖို့အတွက်ပါ။ အခုတော့ အဓိက ဆုဖလားတွေနဲ့ခေတ္တဝေးကွာနေတဲ့ မန်ယူကို ဖလားယူချိန်တန်ပြီလို့ ဒု-ဥက္ကဌ ဝုဒ်ဝက်က သတိပေးပြောကြားလိုက်ပါပြီ။

Photo: Daily Mail

ဘာစီလိုနာက စိတ်ဝင်စားပေမယ့် မန်ယူမှာပဲ နေချင်တဲ့ ကွင်းလယ်လူ 

ဝုဒ်ဝက်အခုလိုသတိပေးပြောကြားခဲ့ရတဲ့နောက်ကွယ်မှာ အဓိကအကြောင်းတစ်ခုရှိနေပါတယ်။ ဒါကတော့ ကစားသမားတွေကိုပေးချေနေရတဲ့ လစာနှုန်းထားဟာ ကာလတိုအတွင်း အဆမတန်မြင့်တက်လာတာကြောင့်ပါ။ မန်ယူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စံချိန်တင်ဝင်ငွေ ပေါင်သန်း ၅၉၀ရှိခဲ့တယ်လို့ကြေညာခဲ့ပေမယ့် ကစားသမားလစာပေးချေမှုနှုန်းကလည်း ပေါင် ၃၂.၄သန်းကနေ ပေါင် ၂၉၅.၉သန်းအထိတိုးလာခဲ့ပါတယ်။

Photo: The Sun

 

ဒီနှစ်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရလို့ အသင်းဝင်ငွေတိုးလာနိုင်ပေမယ့်လည်း ဝုဒ်ဝက်ကတော့ လစာငွေများပြားလာမှုကိုကာမိဖို့အတွက် ချန်ပီယံဆုဖလားတွေကိုသာပိုလိုအပ်တယ်လို့ ဆိုပါတယ်။  “ကလပ်မှာရှိတဲ့လူတိုင်း မမောနိုင်မပန်းနိုင်နဲ့အလုပ်လုပ်ပြီး ဆုဖလားတွေကို ထပ်ဖြည့်နိုင်ဖို့လိုနေပါပြီ။ ဒါက ပရိသတ်တွေရဲ့ကြီးမားတဲ့ဆန္ဒဖြစ်သလို ကလပ်ရဲ့သမိုင်းဝင်လိုအပ်ချက်လည်းဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ကမ္ဘာ့ထိပ်တန်းအကယ်ဒမီတွေရှိပြီး ကမ္ဘာ့အဆင့်ကစားသမားတွေကို မွေးထုတ်နိုင်ပါတယ်။ ကစားသမား လစာလျှော့ချနိုင်ဖို့နဲ့ အပြောင်းအရွှေ့ဈေးကွက်မှာ ပြိုင်ဆိုင်မှုလျှေ့ချနိုင်ဖို့အတွက် ဒီလိုကစားသမားတွေ လိုပါလိမ့်မယ်”လို့ ဝုဒ်ဝက်ကပြောပါတယ်။

Photo: Daily Mail

 

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက အဆင့်၂နဲ့ ရာသီသိမ်းခဲ့တဲ့အတွက် ရုပ်သံထုတ်လွှင့်ခွင့်ခွဲတမ်း ပေါင် ၁၀သန်းရခဲ့ပါတယ်။ ဒါပေမယ့် ပွဲနေ့မှာ လက်မှတ်ခအပါအဝင် အခြားအထွေထွေဝင်ငွေကတော့ ပေါင် ၁၉.၄သန်းအထိလျော့ကျခဲ့ပါတယ်။ မန်ယူအသင်းမှာဝင်ငွေအများဆုံးရနေတဲ့ ကစားသမားကတော့ ချီလီတိုက်စစ်မှူး ဆန်းချက်ဇ်ဖြစ်ပြီး လစာတစ်ပတ် ပေါင် သုံးသိန်းတစ်သောင်းခွဲအပြင် အခြားဝင်ငွေအပါအဝင် စုစုပေါင်း တစ်ပတ် ပေါင် ငါးသိန်းအထိ ပေးချေနေရပါတယ်။

Share

Loading Next Article...
က္က