ကွင်းအတွင်းဝင်ကစားခွင့်ရခဲ့တဲ့အချိန်မှာ အသက် ၁၅နှစ်နဲ့၁၇၄ရက်ပဲရှိပါသေးတယ်။

ဖူလ်ဟမ်အသင်းက လူငယ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဗေးအီလီယော့တ်ဟာ မနေ့ကညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားပွဲမှာ ပါဝင်ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။



NINTCHDBPICT000436881666-e1537915161131.jpg

Photo: The Sun

ဖူလ်ဟမ်အသင်းက မီဝေါလ်အသင်းကို ၃-၁ဂိုးနဲ့အနိုင်ရခဲ့တဲ့ ကာရာဘောင်းဖလားပြိုင်ပွဲပွဲစဉ်မှာ ငါးမိနစ်ဝင်ကစားခွင့်ရပြီး မှတ်တမ်းဝင်ခဲ့တဲ့ လူငယ်ကစားသမားတစ်ဦးပေါ်ထွက်လာခဲ့ပါတယ်။ သူကတော့ ဖူလ်ဟမ်ကစားသမား ဟာဗေးအီလီယော့ခ်ပါ။ ဟာဗေးဟာ ဒီပွဲမှာ ကွင်းအတွင်းဝင်ကစားခွင့်ရခဲ့တဲ့အချိန်မှာ အသက် ၁၅နှစ်နဲ့၁၇၄ရက်ပဲရှိပါသေးတယ်။

Photo: The Sun

 

ကွင်းလယ်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ ဟာဗေးကွင်းအတွင်းဝင်ကစားခွင့်ရချိန်မှာ ဖူလ်ဟမ်ပရိသတ်တွေက စံချိန်သစ်အတွက် တစ်ခဲနက်အားပေးခဲ့ကြပါတယ်။ ဟာဗေးဟာ အင်္ဂလန်ယူ-၁၆လက်ရွေးစင်ကစားသမားတစ်ဦးလည်းဖြစ်ပြီး အင်္ဂလန်ဘောလုံးလောကရဲ့ထာဝရအသက်အငယ်ဆုံးကစားသမား တစ်ဦးအဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။

Photo: The Sun

 

ဟာဗေးမတိုင်ခင်က အင်္ဂလန်ဘောလုံးလောကရဲ့အငယ်ဆုံးကစားသမားအဖြစ် လက်စတာကစားသမား အက်ရှလေချမ်ဘာစ်က ၁၅နှစ် ၂၀၃ရက်နဲ့ စံချိန်တင်ထားပါတယ်။ ချမ်ဘာ့စ်က ဒီစံချိန်ကို ၂၀၀၅ခုနှစ်က ဘလက်ပူးလ်နဲ့ကစားခဲ့တဲ့ပွဲမှာ ရရှိခဲ့တာပါ။ မီဝေါလ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ ဝင်ကစားခွင့်ရခဲ့တဲ့အတွက် ဟာဗေးဟာ ဖူလ်ဟမ်အသင်းနဲ့အတူ ၁၄နှစ်အတွင်း စတုတ္ထအဆင့်ကို သုံးကြိမ်မြောက်တက်ရောက်နိုင်ခဲ့တဲ့ အသင်းဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က