ယနေ့ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁ နာရီ ၁၅ မိနစ်)မှာ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ကရာဘောင်ဖလားပွဲစဉ် ၃ အဖြစ် လီဗာပူးအသင်းရဲ့အိမ်ကွင်း အန်းဖီးလ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ယခုနှစ် ကရာဘောင်ဖလားပြိုင်ပွဲမှာ ပွဲထွက်ကစားဖို့ အခွင့်အရေးရရှိနိုင်ဖွယ်ရှိနေတဲ့ လူငယ်ကြယ်ပွင့်ကစားသမား ၃ ဦးအကြောင်းကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။



ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

အီသန်အမ်ပါဒူ

Ethan-Ampadu-965956.jpg

Photos: Daily Express

 

ချယ်ဆီးအသင်းရဲ့အသက် ၁၈ နှစ်အရွယ် ကွင်းလယ်ကစားသမား အမ်ပါဒူဟာ ပြီးခဲ့တဲ့နှစ်နွေရာသီမှာ အိတ်ဇီတာအသင်းကနေ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ အမ်ပါဒူကို ထွန်းတောက်လာမယ့်ကြယ်ပွင့်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ထားကြပြီး အိုင်ယာလန်အသင်းကို ဝေးလ်အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ဥရောပနေးရှင်းလိဂ်ပွဲစဉ်မှာ ပရိသတ်တွေရဲ့ အားပေးထောက်ခံမှုကို တခဲနက် ရရှိခဲ့သူဖြစ်ပါတယ်။ ယင်းပွဲစဉ်အပြီး ရက်အနည်းငယ်အကြာမှာ ချယ်ဆီးအသင်းက အသက် ၁၈ နှစ်ပြည့်မြောက်သွားပြီဖြစ်တဲ့ အမ်ပါဒူကို ၅ နှစ်သက်တမ်းရှိစာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။

အမ်ပါဒူဟာ ထက်မြက်ပြီး နည်းစနစ်ပိုင်းမှာ ပါရမီရှိတဲ့ ဗဟိုခံစစ်ကစားသမားဖြစ်ပြီး ကွင်းလယ်ခံစစ်မှာပါ ကစားနိုင်သူဖြစ်ပါတယ်။ ဒါပေမယ့် အမ်ပါဒူအတွက် ပြဿနာက နည်းပြဆာရီရဲ့လက်အောက်မှာ ရာသီကြိုခြေစမ်းပွဲစဉ်တွေကလွဲပြီး ပြိုင်ပွဲတွေမှာ ပွဲထွက်ကစားခွင့်မရရှိသေးတာဖြစ်ပါတယ်။ ချယ်ဆီးအသင်းရဲ့ပရိသတ်တွေဟာ ပြီးခဲ့တဲ့အပတ်က PAOK နဲ့ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ် ပဏာမလူစာရင်းမှာတောင် အမ်ပါဒူကို မမြင်တွေ့ခဲ့ရတဲ့အတွက် စိတ်ပျက်ခဲ့ကြပါတယ်။ ဒါပေမယ့် အမ်ပါဒူအတွက် ပွဲထွက်ကစားခွင့်ရရှိနိုင်တဲ့ ကရာဘောင်ဖလားပြိုင်ပွဲရှိနေသေးပြီး လီဗာပူးအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်မရရင်တောင် အရန်ခုံကနေ ဝင်ရောက်ကစားခွင့်ရရှိဖွယ်ရှိနေပါတယ်။

 

ကယ်လန်ဟတ်ဆင်အိုဒွိုင်း

Photos: Sky Sport

 

ဟတ်ဆင်အိုဒွိုင်းကလည်း ချယ်ဆီးအသင်းရဲ့ပထမအသင်းမှာ ပွဲထွက်ပါဝင်ကစားခွင့်ရဖို့အတွက် စိတ်လှုပ်ရှားစွာနဲ့ စောင့်ဆိုင်းနေရတဲ့ နောက်ထပ် လူငယ်ကြယ်ပွင့်ကစားသမားတစ်ဦးဖြစ်ပါတယ်။ အသက် ၁၇ နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်ဆီးအသင်းရဲ့အကယ်ဒမီမှာ ၂၀၀၇ ခုနှစ်ကတည်းက ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီမှာ ပထမအသင်းအတွက် ရွေးချယ်ခံခဲ့ရသူဖြစ်ပါတယ်။ ဟတ်ဆင်အိုဒွိုင်းဟာ အသက် ၁၈ နှစ်မပြည့်သေးပေမယ့်လည်း အသင်းကြီးအတွက် ပွဲထွက်ကစားခွင့်ရရှိခဲ့ပြီးသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလက အက်ဖ်အေဖလားပြိုင်ပွဲမှာ နယူးကာဆယ်ကို ၃ ဂိုး ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းပြီးဆုံးခါနီးမှာ လူစားဝင် ကစားခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့နည်းပြဆာရီဟာ ဟတ်ဆင်အိုဒွိုင်း လျင်မြန်မှုပြီး စွမ်းရည်ကောင်းမွန်တဲ့ လူငယ်တိုက်စစ်မှူး အိုဒွိုင်းကို ပထမအသင်းအတွက် ကစားစေဖို့အစီအစဉ်ရှိကြောင်း ချယ်ဆီးအသင်းနည်းပြဖြစ်ဖြစ်ချင်းမှာ ပြောကြားခဲ့ပါတယ်။ ဟတ်ဆင်အိုဒွိုင်းရဲ့ နွေရာသီ ရာသီကြိုပွဲစဉ်တွေတုန်းက ပြသခဲ့တဲ့ စွမ်းဆောင်ရည်ကောင်းတွေကလည်း ကွန်မြူနတီဒိုင်းပွဲစဉ်အဖြစ် မန်ချက်စတာစီးတီးအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ပါဝင်ကစားခွင့်ရဖို့အတွက် အထောက်အပံ့ကောင်းဖြစ်ခဲ့ပါတယ်။

 

ကာတစ်ဂျုံးစ်

Photos: Sky Sport

 

ကာတစ်ဂျုံးစ်ဟာ လီဗာပူးအသင်းရဲ့ပထမအသင်းကို တက်လှမ်းနိုင်မယ့် နောက်ထပ်လူငယ်ကြယ်ပွင့်တစ်ဦးဖြစ်ပါတယ်။ နည်းပြယာဂင်ကလော့ပ်ဟာ လူငယ်တွေကို ယုံကြည်မှုပေးဖို့ ကြောက်ရွံ့တတ်သူမဟုတ်ကြောင်းကို အလက်ဇန္ဒားအာနိုးလ်နဲ့ ဂျိုးဂိုးမက်ဇ်တို့ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်း ပထမအသင်းရဲ့အဓိကကစားသမားဖြစ်လာတာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။ အသက် ၁၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လူငယ်ကွင်းလယ်ကစားသမား ကာတစ်ဂျုံးစ်ဟာ အသက် ၁၅ နှစ်အရွယ်ကတည်းက ပထမအသင်းနဲ့ လေ့ကျင့်ရေးလုပ်နိုင်လောက်အောင် ထက်မြက်တဲ့ကစားသမားဖြစ်ပြီး ယင်းအချိန်ကတည်းက ပထမအသင်းကို တက်လှမ်းနိုင်မယ့်သူလို့ တစ်ကြိုပေးခြင်းခံထားရသူဖြစ်ပါတယ်။

ဂျုံးစ်ဟာ လီဗာပူးအသင်းရဲ့ အမေရိကန်ရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ ပြိုင်ဘက်ထိပ်သီးအသင်းကြီးတွေနဲ့ တွေ့ဆုံခဲ့တဲ့ပွဲစဉ်တွေမှာ အထင်ကြီးလေးစားဖွယ်ခြေစွမ်းပြသနိုင်ခဲ့သူဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က ဂျုံးစ်အနေနဲ့ ၎င်းရဲ့မျှော်မှန်းချက်တွေပြည့်မြောက်ဖို့အတွက် အဝေးကြီးလျှောက်လှမ်းရဦးမယ်လို့ ပြောကြားခဲ့ပေမယ့် ဂျုံးစ်က မိမိကိုယ်ကိုယ်ယုံကြည်စိတ်ချစွာနဲ့ အထင်ကြီးလေးစားမှုရရှိအောင် ခြေစွမ်းပြသခဲ့ပါတယ်။ ကာတစ်ဂျုံးစ်ဟာ ၎င်းအနေနဲ့ မကြာမီအချိန်အတွင်းမှာ နောက်ထပ်အဆင့်တစ်ခုကို တက်ရောက်နိုင်ဖို့အတွက် တိုးတက်မှုတွေရှိနေပြီဆိုတာကို သက်သေပြသဖို့အတွက် စိတ်အားထက်သန်နေပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က