မစ်ဂနိုလတ်ကို ပွဲထွက်ကစားစေမှာပါ။

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်ဟာ ယနေ့ညမှာ ကရာဘောင်ဖလားပွဲစဉ်အဖြစ် ချယ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်မှာ ဆိုင်မွန်မစ်ဂနိုလတ်ကို ပွဲထွက်ကစားစေမယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။ မစ်ဂနိုလတ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ဘီဆစ်ခ်တက်အသင်းကို အငှားချခံခဲ့ရတဲ့ ကားရီးယပ်စ်ကြောင့် ပွဲထွက်ခွင့်ရရှိဖို့ ရုန်းကန်ခဲ့ရသူဖြစ်ပါတယ်။

process.jpg

Photos: Sky Sport



လီဗာပူးအသင်းရဲ့ဒုတိယဂိုးသမားဖြစ်တဲ့ ဆိုင်မွန်မစ်ဂနိုလတ်ဟာ ယခုရာသီမှာ ပွဲထွက်ခွင့်တစ်ပွဲမှ ရရှိခြင်းမရှိသေးသူဖြစ်ပြီး ယာဂင်ကလော့ပ်က ယနေ့ညပွဲစဉ်အတွက် သတင်းစာရှင်းလင်းပွဲမှာ မစ်ဂနိုလတ်ကို ပွဲထွက်ခွင့်ပေးသွားမယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ မစ်ဂနိုလတ်ဟာ ကားရီးယပ်စ်နည်းတူ အမှားအယွင်းတွေ ပြုလုပ်ခဲ့သူဖြစ်ပြီး မစ်ဂနိုလတ်ရဲ့ လွဲချော်မှုတွေကြောင့် ကားရီးယပ်စ်က လီဗာပူးအသင်းရဲ့ ပွဲထွက်ဂိုးသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။

လီဗာပူးအသင်းရဲ့နည်းပြ ယာဂင်ကလော့ပ်က ယမန်နေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ နေရာတစ်နေရာအတွက် အတည်ပြုနိုင်ကြောင်း ပြောကြားခဲ့ပြီး ကျန်တဲ့နေရာတွေအတွက်ကတော့ နောက်နေ့မှသာ သိရမှာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

"ဒီနေ့ ကျွန်တော် အတည်ပြုနိုင်တဲ့နေရာတစ်နေရာကတော့ ဆိုင်မွန်ပါပဲ။ ဆိုင်မွန် ပွဲထွက်ကစားပါလိမ့်မယ်။ ကျန်တဲ့နေရာအားလုံးအတွက်ကတော့ မနက်ဖြန်အထိ စောင့်ကြပေါ့။ ဒါပေမယ့် အဲဒါက ကောင်းမွန်တဲ့အသင်းဖြစ်ပါလိမ့်မယ်။ ကျွန်တေ်ာ့ကို ယုံပါ"

Photos: Sky Sport

 

"ပွဲစဉ်တစ်ခုချင်းစီက အခွင့်အလမ်းတွေပါပဲ။ ခင်ဗျား ပွဲထွက်ကစားသမားစာရင်းအတွက် စဉ်းစားတဲ့အခါမှာ ကစားသမားက အဆင်သင့်ဖြစ်နေလား အခြေအနေတွေအားလုံးကို ထည့်တွက်ရပါလိမ့်မယ်။ မနက်ဖြန်မှာ ပြိုင်ဘက်ကောင်းနဲ့ တွေ့ဆုံရတဲ့ ပွဲကောင်းဖြစ်လာပါလိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီက ပွဲထွက်ခွင့်အတွက် ရုန်းကန်ခဲ့ရတဲ့ အသက် ၃၀ အရွယ်ရှိပြီဖြစ်တဲ့ မစ်ဂနိုလတ်ဟာ ပထမဂိုးသမားနေရာကနေ ပွဲထွက်ခွင့်ရမယ့် အသင်းကို ရှာဖွေနေပြီး လီဗာပူးအသင်းကနေ ထွက်ခွာလိုနေတယ်လို့ သတင်းတွေအရ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာဂင်ကလော့ပ်က ယခုရာသီအစကတည်းက အယ်လီဆင်ရဲ့နောက် ဒုတိယဂိုးသမားနေရာမှာ ရပ်တည်နေရတဲ့ မစ်ဂနိုလတ်ရဲ့ အလုပ်အပေါ်ထားတဲ့ကျင့်ဝတ်ကို ချီးကျူးခဲ့ပြီး ယခုလိုအခွင့်အလမ်းမျိုးနဲ့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က