၂ ရက်အကြာမှာ ထပ်မံတွေ့ဆုံရဦးမှာပါ။

ယနေ့ည(မြန်မာစံတော်ချိန် ကြာသပတေးနေ့ နံနက် ၁ နာရီ ၁၅ မိနစ်)မှာ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ဟာ ကရာဘောင်ဖလားပွဲစဉ် ၃ အဖြစ် လီဗာပူးအသင်းရဲ့အိမ်ကွင်း အန်းဖီးလ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပါတယ်။ ယနေ့ညပွဲစဉ်အပြီး နောက်ထပ် ၂ ရက်အကြာမှာ ချယ်ဆီးအသင်းရဲ့စတန်းဖို့ဒ်ဘရစ်ဂျ်ကို လီဗာပူးအသင်း သွားရောက်ယှဉ်ပြိုင်ရဦးမှာဖြစ်ပါတယ်။



ဖီဖာရဲ့အကောင်းဆုံးကစားသမားဆုအတွက် မဲပေးရာမှာ ရော်နယ်ဒိုနဲ့ ဆာလာကို ချန်လှပ်ခဲ့တဲ့ မြန်မာ 

ထိပ်တိုက်တွေ့ဆုံမှု

- လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းနဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၄ ပွဲမှာ ၂ ပွဲသာအနိုင်ရရှိထားပြီး ၇ ပွဲသရေ ၅ ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားပါတယ်။ အနိုင်ရရှိခဲ့တဲ့ ၂ ပွဲစလုံးဟာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်းစတန်းဖို့ဒ်ဘရစ်ဂျ်မှာ ကစားခဲ့တဲ့ပွဲစဉ်တွေ ဖြစ်ပါတယ်။ လီဗာပူးအသင်းနဲ့ ချယ်ဆီးအသင်းတို့ လိဂ်ဖလားပွဲစဉ်မှာ နောက်ဆုံးတွေ့ဆုံခဲ့တာကတော့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့မှာဖြစ်ပြီး ယင်းပွဲစဉ်မှာ လီဗာပူးအသင်းဟာ ချယ်ဆီးအသင်းရဲ့အိမ်ကွင်းမှာ ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

 

ပွဲကြိုအချက်အလက်များ

51d6f-15377249865235-800.jpg

- လီဗာပူးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လိဂ်ဖလားပွဲစဉ် ၃ ပွဲမှာ တစ်ဂိုးမှ သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။

- လီဗာပူးအသင်း လိဂ်ဖလားတတိယအဆင့်ကနေ ၂ ရာသီဆက်တိုက်မထွက်ခဲ့ရတာဟာ ၁၉၈၉-၁၉၉၀၊ ၁၉၉၀-၁၉၉၁ နောက်ပိုင်းကတည်းက ဖြစ်ပါတယ်။

- ချယ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ တတိယအဆင့်ပွဲစဉ်တိုင်းမှာ အနိုင်ရရှိပြီး နောက်ထပ်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီး ၂၀၁၀-၂၀၁၁ ရာသီ လိဂ်ဖလားတတိယအဆင့်ပွဲစဉ်မှာ နယူးကာဆယ်အသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း တတိယအဆင့်ကနေ ထွက်ခဲ့ရခြင်းမရှိသေးပါဘူး။

- ချယ်ဆီးအသင်းကို ယခင်က ကိုင်တွယ်ခဲ့တဲ့ နည်းပြ ၈ ဦးထဲမှာ တစ်ယောက်မှ ၎င်းတို့ရဲ့ပထမဆုံးလိဂ်ဖလားပွဲစဉ်ကို ရှုံးနိမ့်ခဲ့ခြင်းမရှိသေးပါဘူး။ နောက်ဆုံးရှုံးနိမ့်ခဲ့တဲ့နည်းပြကတော့ ကလော်ဒီယိုရာနီရေးနီဖြစ်ပြီး ၂၀၀၀ ခုနှစ်၊ နိုဝင်ဘာမှာ လီဗာပူးအသင်းကို ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

 

နှစ်ဖက်အသင်းသတင်းများ

 

ဆောက်သမ်တန်အသင်းကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ် ဒုတိယပိုင်းမှာ နံရိုးနာကျင်ဝေဒနာ ခံစားနေလျက်နဲ့ လူစားဝင်ကစားပေးခဲ့တဲ့ ဗန်ဒိုက်ကို ယနေ့ပွဲစဉ်မှာ စွန့်စားပြီး ပွဲထွက်စေဖွယ်မရှိပါဘူး။ နည်းပြယာဂင်ကလော့ပ်ဟာ လီဗာပူးအသင်းနဲ့ လာမယ့် ၂၉ ရက်နေ့မှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် အဓိကကစားသမားတွေကို အနားပေးသွားမယ်လို့ မျှော်လင့်ရပါတယ်။ ပွဲထွက်ကစားသမားစာရင်းမှာ ရှာကွီရီ၊ ကလိုင်းတို့ကို ထည့်သွင်းကစားစေဖွယ်ရှိနေပါတယ်။

 

လီဗာပူးအသင်းရဲ့ အိမ်ကွင်းအန်းဖီးလ်ကို လာရောက်ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် ပဏာမလူစာရင်းမှာ ချယ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ပက်ဒရို(ပခုံးဒဏ်ရာ)၊ ရူဒီဂါ(ပေါင်ခြံဒဏ်ရာ)၊ လော့ဖ်တက်ချိခ်(ခြေဖဝါးဒဏ်ရာ)တို့ လိုက်ပါလာခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။

 

ဖြစ်နိုင်ဖွယ်လူစာရင်း

 

လီဗာပူး- မစ်ဂနိုလတ်၊ ကလိုင်း၊ မာတစ်၊ ဂိုးမက်ဇ်၊ မိုရီနို၊ ဟန်ဒါဆင်၊ ခီတာ၊ ဖေဘင်ဟို၊ ရှာကွီရီ၊ မာနေး၊ စတားရစ်ဂျ်။

ချယ်ဆီး- ကီပါ၊ ဇက်ပါကော်စတာ၊ ခရစ်စတန်ဆန်၊ ဒေးဗစ်လူးဝဇ်၊ အလွန်ဆို၊ ဂျော်ဂျင်ဟို၊ ကန်တေ၊ ဘာကလေ၊ ဝီလီယံ၊ မိုရာတာ၊ ဟာဇက်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က