ဖာဂူဆန်က ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းနဲ့ခေါ်ယူခဲ့တာ မှားယွင်းတယ်လို့ပြောခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြကြီး ဖာဂူဆန်တစ်ယောက် မန်ယူအသင်းရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးစိုးရိမ်နေတယ်လို့ အင်္ဂလန်မီဒီယာတွေက ဖော်ပြနေကြပါတယ်။ ပေါ့ဂ်ဘာကို ကမ္ဘာ့စံချိန်တင်ကြေးနဲ့ ပြန်ခေါ်ခဲ့တာက မှားယွင်းတဲ့လုပ်ရပ်လို့လည်း ဖာဂူဆန်က ယုံကြည်နေပါတယ်။

NINTCHDBPICT000435992890.jpg

Photo: The Sun

 

ပရီးမီးယားလိဂ်မှာ အရှိန်အဝါကြီးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့လက်ရှိအခြေအနေဟာ ရလဒ်ပိုင်းတင်မကပဲ စည်းလုံးမှုပါပြိုကွဲနေပါတယ်။ ဒီအခြေအနေအပေါ် မန်ယူဂန္တဝင်ကစားသမားတွေက ဝေဖန်ထောက်ပြမှုတွေရှိနေပြီး ပရိသတ်တွေကလည်း အသင်းကို ဆန့်ကျင်နေကြပါတယ်။ အသင်းကစားသမားတွေနဲ့နည်းပြအကြားက ဆက်ဆံရေးကလည်း နေ့စဉ်ပိုမိုဆိုးရွားလာနေပါပြီ။

Photo: The Sun

ကျုပ်ကို ခင်ဗျားက သေစေချင်နေတာလားလို့ သတင်းထောက်ကို မေးခွန်းထုတ်လိုက်တဲ့ ပေါ့ဂ်ဘာ 

အခုတော့ မန်ယူနဲ့ပတ်သက်တဲ့လူတိုင်း လေးစားရပြီးအရှိန်အဝါကြီးလွန်းတဲ့ နည်းပြကြီး ဖာဂူဆန်ကိုယ်တိုင်က မန်ယူအနာဂတ်အပေါ်စိုးရိမ်နေတယ်လို့ ပြောလာပါပြီ။ ဖာဂူဆန်ကတော့ မန်ယူရဲ့လက်ရှိခြေစွမ်းထက် အတွင်းသတင်းတွေအပြင်ထွက်နေတဲ့အပေါ်မှာ ပိုစိုးရိမ်မိတယ်လို့ သူ့မိတ်ဆွေတွေကို ဖွင့်ပြောခဲ့ပါတယ်။ ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၆)မှာ အိုးထရက်ဖို့ဒ်ကို လာအားပေးခဲ့ပေမယ့် ဝုဖ်လိုအသင်းနဲ့ သရေကျခဲ့လို့ မပျော်မရွှင်ဖြစ်ခဲ့ရပါတယ်။

Photo: The Sun

 

ဖာဂူဆန်က ပေါ့ဂ်ဘာကို ပြောင်းရွှေ့ကြေးပေါင် ၈၉သန်းနဲ့ခေါ်ယူခဲ့တာ မှားယွင်းတယ်လို့လည်း သူ့မိတ်ဆွေတွေကို ပြောခဲ့တယ်လို့ The Sun သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စည်းကမ်းကြီးလွန်းလို့ Hair Dryer လို့အမည်ပြောင်ရခဲ့တဲ့ ဖာဂူဆန်လက်ထက်မှာ မန်ယူကစားသမားတွေဟာ စည်းကမ်းပိုင်းကောင်းမွန်ခဲ့ပြီး အသင်းတွင်းပြဿနာတွေဟာ မီဒီယာတွေအပေါ်ကို ရောက်ခဲပါတယ်။ အခုတော့ မော်ရင်ဟိုနဲ့ ပေါ့ဂ်ဘာတို့ရဲ့အပြောအဆိုမဆင်ခြင်မှုတွေက အသင်းတွင်းဖြေရှင်းရမယ့် ပြဿနာကို ကမ္ဘာ့မီဒီယာတွေပစ်မှတ်ထားစောင့်ကြည့်နေတဲ့အဆင့်ရောက်နေပါတယ်။

Share

Loading Next Article...
က္က