အသင်းဖော်ကန်တေကို အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့တာပါ။

ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်တောင်ပံကစားသမား အီဒင်ဟာဇက်ဟာ မိုဟာမက်ဆာလာ၊ ကန်တေ၊ ဒီဘရိုင်းနဲ့ အဂူရိုတို့ကို ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမား ၄ ဦးအဖြစ် ပြောကြားခဲ့တယ်လို့ Metro က ဖော်ပြခဲ့ပါတယ်။ ဟာဇက်ဟာ ၎င်းရဲ့ချယ်ဆီးအသင်းဖော် ကန်တေကိုလည်း ယခုထက်ပိုမိုဂုဏ်ပြုဖို့အတွက် ထိုက်တန်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

 

လီဗာပူးအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး မိုဟာမက်ဆာလာဟာ ပြီးခဲ့တဲ့ရာသီက ပြိုင်ပွဲစုံ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး PFA ရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ ယခုရာသီမှာတော့ မိုဟာမက်ဆာလာဟာ ပြီးခဲ့တဲ့ရာသီတုန်းကလို ခြေစွမ်းပြသနိုင်ဖို့အတွက် ရုန်းကန်နေရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး ၁ ဂိုးမှ မသွင်းယူနိုင်သေးသူဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

အီဒင်ဟာဇက်က ပရီးမီးယားလိဂ်ဖလားလုဖက် မန်ချက်စတာစီးတီးအသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမား ဒီဘရိုင်းကိုလည်း အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခဲ့ပြီး ဒီဘရိုင်းဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားရရှိခဲ့တဲ့ ဂွါဒီယိုလာရဲ့မန်စီးတီးအသင်းမှာ အဓိကအခန်းကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။

 

နောက်ထပ်အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် မန်ချက်စတာစီးတီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၄၈ ဂိုးအထိ သွင်းယူပေးထားတဲ့ ကြယ်ပွင့်တိုက်စစ်မှူး အဂူရိုကို ဟာဇက်က ရွေးချယ်ခဲ့ပြီး ပရီးမီးယားလိဂ်ဖလားကို ၂ ကြိမ်ကိုင်မြှောက်ခဲ့ဖူးတဲ့ အသင်းဖော် ကန်တေဟာ အကောင်းဆုံးကစားသမားဆိုတာထက်ပိုပြီး ဂုဏ်ပြုဖို့ ထိုက်တန်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားကို ပြောပြဖို့ မေးမြန်းခဲ့တဲ့ Sportbible ကို ဟာဇက်က ၎င်းရဲ့နာမည်ကို နှိမ့်ချတဲ့အနေနဲ့ မပြောဆိုခဲ့တာကို တွေ့ရပါတယ်။

"ခင်ဗျားအတွက် အကောင်းဆုံးကစားသမားဆိုတာ ဘယ်လိုဟာမျိုးလဲ"

"ခင်ဗျားအတွက်ကတော့ ဂိုးတွေများများပိုသွင်းနိုင်တဲ့လူမျိုး ဖြစ်ချင်ဖြစ်လိမ့်မယ်။ နောက်တစ်ယောက်ကတော့ အဲဒီအကြောင်းကို စဉ်းစားမှာ မဟုတ်ဘူး။ အခုအချိန်မှာတော့ ကျွန်တော် ကောင်းမွန်နေပါတယ်။ တကယ်လို့ ကျွန်တော်က အကောင်းဆုံးဖြစ်နေတာပဲဖြစ်ဖြစ်၊ မဖြစ်ဘူးပဲဖြစ်ဖြစ် အဲဒါကို ဂရုမစိုက်ပါဘူး"

"ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ ကစားသမားကောင်းတွေ အများကြီးရှိပါတယ်။ အဂူရိုက အကောင်းဆုံးထဲကတစ်ဦးပါ။ ဒီဘရိုင်းကလည်း ဒဏ်ရာရနေပေမယ့် အကောင်းဆုံးထဲကတစ်ယောက်ပါ"

"မိုဟာမက်ဆာလာက ပြီးခဲ့တဲ့ရာသီက အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းထဲက ကန်တေကလည်း အကောင်းဆုံးထဲက တစ်ယောက်ပါ။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က