ဘရာဇီးလ်အတွက် ရွေးချယ်ခံခဲ့ရတာပါ။

ဆော်ဒီ ၊ အာဂျင်တီးနားတို့နဲ့ ခြေစမ်းပွဲ ကစားသွားမယ့် ဘရာဇိးလ်အသင်းဟာ အသင်းရဲ့ လူစာရင်းအတွက် တော့တင်ဟမ် ဟော့စပါး တိုက်စစ်ကစားသမား လူးကပ်စ်မော်ရာကို ခေါ်ယူခဲ့ပါတယ်။ အသက် (၂၆)နှစ်အရွယ်ရှိ မော်ရာဟာ ဘရာဇီးလ် အတွက် ၂၀၁၆ ခုနှစ်မှာ နောက်ဆုံးကစားပေးခဲ့ပြီးနောက် လက်ရွေးစင်အသင်းကနေ ပျောက်ကွယ်နေခဲ့တာ ဖြစ်ပါတယ်။

Photo : Daily Mail

 

၂၀၁၅ နဲ့ ၂၀၁၆ တို့မှာ မော်ရာဟာ ဘရာဇီးလ်အတွက် စုစုပေါင်း (၃)ပွဲသာ ကစားပေးခဲ့ရပြီး အဆိုပါ (၃)ပွဲလုံးကိုလည်း လူစားဝင် ကစားသမား အဖြစ်သာ ပါဝင်ခဲ့ရတာ ဖြစ်ပါတယ်။ ဘရာဇီးလ်အသင်းမှာ ရွေးချယ်ခံထားရတဲ့ တိုက်စစ်မှူး အဲဗာတန် ဒဏ်ရာရရှိ သွားခဲ့ပြီးနောက်မှာ မော်ရာကို အစားထိုးခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

ချယ်လ်ဆီးပရိသတ်တွေ စိုးရိမ်စေမယ့် စကားတွေကို ပြောခဲ့တဲ့ ဟာဇက် 

Photo : Daily Mail

 

ဘရာဇီးလ်ကတော့ သောကြာနေ့မှာ ဆော်ဒီနဲ့ ကစားသွားမှာဖြစ်ပြီး နောက်ထပ် (၄)ရက်အကြာမှာ အာဂျင်တီးနားနဲ့ ထပ်မံကစားသွားမယ်လို့ သိရပါတယ်။ မော်ရာကတော့ ဒီရာသီအစမှာ ခြေစွမ်းပြနေခဲ့ပြီး ဖူလ်ဟမ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူခဲ့သလို မန်ချက်စတာယူနိုက်တက်နဲ့ ပွဲမှာလည်း အနိုင်ဂိုး (၂)ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။

Photo : Flipboard

 

အဲဒီနောက်ပိုင်းမှာတော့ မော်ရာဟာ ဂိုးမသွင်းနိုင်တော့ပဲ ရှိနေခဲ့ပေမယ့် ပိုချက်တီနိုရဲ့ စိတ်ကြိုက်ကစားသမားအဖြစ် ပုံမှန်ကစားခွင့် ရရှိနေခဲ့ပါတယ်။ ဒီရာသီမှာ စပါးအတွက် ပြိုင်ပွဲစုံ (၁၀)ပွဲအထိ လူးကပ်စ်မော်ရာက ပါဝင်ကစားခွင့် ရရှိထားခဲ့ပြီးနောက်မှာ ဘရာဇီး လက်ရွေးစင်အသင်းကြီးက မော်ရာကို ပြန်လည်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

Photo : Ipiaú Online

ဘရာဇီးလ်အသင်းတိုက်စစ်ပိုင်းအတွက် အဲဗာတန်တိုက်စစ်မှူး ရစ်ချာလီဆန်လည်း ရွေးချယ်ခံခဲ့ရပြီးနောက် ပရီးမီးယားလိဂ်က နောက်ထပ်ကစားသမားတစ်ဦးကို ဘရာဇီးလ်က ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ မော်ရာအတွက်တော့ (၂)နှစ်ကြာ ဝေးကွာနေခဲ့တဲ့ လက်ရွေးစင်အသင်းကြီးနဲ့ ပြန်လည်ပူးပေါင်းခွင့် ရရှိခဲ့ပြီး  အခွင့်အရေးကောင်းတစ်ခု ပိုင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က