ဂျူဗင်တပ်စ်က စတင်ကြိုးပမ်းနေတာပါ။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ အာရွန်ရမ်ဆေးကို ခေါ်ယူဖို့အတွက် ပြိုင်ပွဲထဲမှာ ဂျူဗင်တပ်စ်အသင်းလည်း ပါဝင်လာခဲ့ပါတယ်။ လီဗာပူးလ် ၊ ချယ်လ်ဆီးတို့ကလည်း ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ ရမ်ဆေးဟာ ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အာဆင်နယ်ကနေ ထွက်ခွာနိုင်မှာ ဖြစ်ပါတယ်။



Photo : Goal.com

 

ဒါပေမယ့်လည်း ဝေးလ်လက်ရွေးစင်အသင်းကို ခေါ်ယူဖို့အတွက် ကြိုးစားမှုမှာ ဂျူဗင်တပ်စ်က လေးလေးနက်နက် လုပ်ဆောင်နေပါတယ်။ ဂျူဗင်တပ်စ်က ရမ်ဆေးကို အကြိုသဘောတူစာချုပ်ချုပ်ဆိုဖို့အတွက် ဇန်နဝါရီလထဲမှာ ကြိုးစားသွားမယ်လို့ Daily Mail သတင်းဌာနက အခိုင်အမာဖော်ပြခဲ့ပါတယ်။

Photo : Daily Mail

 

ရမ်ဆေးကို ဂျူဗင်တပ်စ်က တစ်ပတ်လုပ်ခ ပေါင်နှစ်သိန်းခွဲအထိ ပေးချေသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ စကူဒတ်တိုဖလားကို (၇)နှစ်ဆက် ရယူနိုင်ခဲ့ပြီး လက်ရှိရာသီမှာလည်း ဒုတိယနေရာက နာပိုလီကို (၆)မှတ်ဖြတ်ထားပြီး အမှတ်ပေးဇယားကို ဦးဆောင်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

Photo : Indepedent

 

တစ်ဖက်မှာ ချယ်လ်ဆီး နဲ့ လီဗာပူးလ်တို့ကလည်း ရမ်ဆေးကို ဆွဲဆောင်နိုင်တဲ့ အသင်းတွေအဖြစ် ရှိနေပါတယ်။ ရမ်ဆေးရဲ့ ကလေးငယ်လေးတွေဟာ ငယ်ရွယ်သေးတာကြောင့် ကစားသမားအနေနဲ့ အီတလီကို ရွှေ့ပြောင်းနေထိုင်ဖို့ အခက်အခဲအနည်းငယ် ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ တစ်ဖက်မှာလည်း ရမ်ဆေးအတွက် ဂျူဗင်တပ်စ်အသင်းဟာ ဆုဖလားတွေကို ကိုင်မြှောက်နိုင်ဖို့ အာမခံချက်ပေးနိုင်တဲ့ အသင်းဖြစ်နေပါတယ်။

Photo : Big World News

 

ဒါ့အပြင် ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ တွဲဖက်ကစားခွင့်ရမယ့် အခွင့်အရေးကလည်း ရှိနေခဲ့တာကြောင့် ရမ်ဆေးအတွက် လုယူဖို့ ကြိုးစားနေတဲ့ တိုက်ပွဲက ကြည့်ကောင်းလာခဲ့ပြီ ဖြစ်ပါတယ်။ ရမ်ဆေးကတော့ လက်ရှိအချိန်ထိ အာဆင်နယ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးရာမှာ အဆင်မပြေသေးပဲ စာချုပ်သက်တမ်းက လအနည်းငယ်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က