နယူးကာဆယ်ကို သွင်းယူခဲ့တဲ့ သွင်းဂိုးပါ။

နယူးကာဆယ်အသင်းနဲ့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အတွက် ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့တဲ့ အန်သိုနီမာရှယ်ရဲ့ သွင်းဂိုးဟာ ပေါင် (၈.၇)သန်း တန်ကြေးရှိတဲ့ သွင်းဂိုး ဖြစ်လာခဲ့ပါတယ်။ မာရှယ်ရဲ့ သွင်းဂိုးကြောင့် မန်ယူအသင်းဟာ မိုနာကိုအသင်းနဲ့ သဘောတူညီထားတဲ့ လိဂ်ဂိုး (၂၅)ဂိုးပြည့်ပါက ပေါင် (၈.၇)သန်း ပေးချေရမယ်ဆိုတဲ့ သဘောတူညီချက် အတိုင်း ပေးချေလိုက်ရလို့ပါပဲ။

Photo : talkSPORT

 

ပွဲကစားချိန် (၇၆)မိနစ်မှာ မာရှယ်က အသင်းဖော် ပေါ့ဂ်ဘာနဲ့ လှလှပပ အပေးအယူပြုလုပ်ပြီး ပေါ့ဂ်ဘာဖန်တီးပေးခဲ့တာကို အဆုံးသတ်ကန်သွင်းခဲ့တာ ဖြစ်ပါတယ်။ မာရှယ်ကို မိုနာကိုအသင်းထံက ခေါ်ယူခဲ့စဉ်က ကနဦးပြောင်းရွှေ့ကြေးအဖြစ် ပေါင် (၃၆)သန်း ပေးချေခဲ့ရ ပါတယ်။ ဒါပေမယ့်လည်း အခြားသောသဘောတူညီချက်တွေအရ လက်ရှိမှာ မာရှယ်ရဲ့ တန်ဖိုးက ပေါင် (၄၄)သန်းကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

အကြိတ်အနယ်ရှိလာတဲ့ အာရွန်ရမ်ဆေးကို လုယူပွဲများ 

Photo : Fox Sports

 

၂၀၁၅ခုနှစ်မှာ ခေါ်ယူခဲ့တုန်းက နောက်ထပ်သဘောတူညီချက်တွေမှာ မာရှယ်အနေနဲ့ ပရီးမီးယားလိဂ်သွင်းဂိုး (၂၅)ဂိုး ပြည့်မြောက်ခဲ့ပါက ပေါင် (၈.၇)သန်း၊ ပြင်သစ်လက်ရွေးစင်အသင်းအတွက် ဒီရာသီမကုန်ဆုံးခင်မှာ (၂၅)ပွဲ ပြည့်မြောက်အောင် ကစားပေးခဲ့ပါက နောက်ထပ် ပေါင် (၈.၇)သန်း၊ ဘလွန်းဒီအောဆုကိုလည်း ဒီရာသီမကုန်ဆုံးခိုင်မှာ ရရှိခဲ့ပါက ပေါင် (၈.၇)သန်းပေးချေရမယ်လို့ သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

Photo : Webnoviny

 

မာရှယ်အနေနဲ့ နယူးကာဆယ်နဲ့ပွဲမတိုင်ခင်မှာ သွင်းဂိုး (၂၄)ဂိုးအထိ မန်ယူအတွက် သွင်းယူပေးထားခဲ့ပြီး ဖြစ်ပါတယ်။ နောက်ထပ်တစ်ဂိုး သွင်းနိုင်ဖို့အတွက်တော့ (၈)လကျော်ကြာမြင့်ခဲ့ပြီး မိုနာကိုအတွက်တော့ ပေါင် (၈.၇)သန်း ရရှိဖို့ အချိန်တော်တော်လေး စောင့်ခဲ့ရပါတယ်။ လက်ရှိမှာ မာရှယ်က ပြင်သစ်အသင်းအတွက် (၁၈)ပွဲကစားပေးထားပြီး (၂၅)ပွဲပြည့်မြောက်ဖို့ (၇)ပွဲသာ လိုအပ်ပါတော့တယ်။

Photo : Yahoo Sports UK

 

ရာသီအစမှာ မန်ယူကနေ အသင်းပြောင်းရွှေ့ဖို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေခဲ့ပေမယ့် မန်ယူကတော့ မာရှယ်ကို အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ကစားသမားကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့အတွက် ကြိုးစားနေပြီး ဆွေးနွေး ညှိနိုင်းနေဆဲဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးခဲ့တဲ့အတွက် မာရှယ်အပေါ်မှာလည်း မော်ရင်ဟိုရဲ့ အမြင်က ပြောင်းလဲလာဖွယ်ရှိတယ်လို့ Telegraph က ရေးသားဖော်ပြခဲ့ပါတယ်။

Share

Loading Next Article...
က္က