အဲရစ်ဘိုင်လီကို ခေါ်ယူသွားမှာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းရဲ့နည်းပြ ပေါ့ချက်တီနိုဟာ ယခုလာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပေါင် ၈၅ သန်းအထိ အသုံးပြုပြီး ကစားသမား ၂ ဦး ခေါ်ယူသွားမယ်လို့ သိရပြီး မန်ယူအသင်းရဲ့နောက်ခံကစားသမား အဲရစ်ဘိုင်လီကို အဓိကပစ်မှတ်ထားနေတယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

gettyimages-1019449930.jpg

Photos: Metro

မန်ချက်စတာယူနိုက်တက်အသင်းရဲ့နောက်ခံကစားသမား အဲရစ်ဘိုင်လီဟာ နည်းပြမော်ရင်ဟိုရဲ့ နေရာပေးခြင်းကို မခံရတာကြောင့် ယခု ဆောင်းရာသီအပြောင်းအရွှေ့ကာလမှာ အသင်းကနေ ထွက်ခွာလိုနေပြီး အာဆင်နယ်အသင်းကလည်း ဘိုင်လီကို စောင့်ကြည့်နေတာဖြစ်ပါတယ်။

ပေါ့ချက်တီနိုဟာ အဓိကပစ်မှတ်စာရင်းမှာ အဲရစ်ဘိုင်လီအပြင် လိုင်ယွန်အသင်းရဲ့ ကွင်းလယ်ကစားသမား အန်ဒွန်ဘယ်လီကိုလည်း ထည့်သွင်းထားတယ်လို့ သိရပါတယ်။

Photos: Metro

 

အန်ဒွန်ဘယ်လီရဲ့ဈေးကွက်ပေါက်ဈေးကို ပေါင် ၅၅ သန်းအထိ လိုင်ယွန်အသင်းက သတ်မှတ်ထားပြီး ပြီးခဲ့တဲ့နွေရာသီက စပါးအသင်းက ပေါင်သန်း ၄၀ နဲ့ကမ်းလှမ်းခဲ့တုန်းက လိုင်ယွန်အသင်းက ပယ်ချခဲ့ဖူးပါတယ်။ စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ ကစားသမားတစ်ဦးမှ ခေါ်ယူနိုင်ခဲ့ခြင်းမရှိခဲ့တာကြောင့် ပေါ့ချက်တီနိုက ဇန်နဝါရီလမှာ လူအင်အားဖြည့်တင်းလိုနေတာဖြစ်ပါတယ်။

တော့တင်ဟမ်ဟော့စပါးအသင်းဟာ ပေါင် ၈၅ သန်းထဲက အန်ဒွန်ဘယ်လီကို အသုံးပြုပြီး ကျန်ရှိတဲ့ပမာဏအားလုံးကို အဲရစ်ဘိုင်လီကို ခေါ်ယူဖို့ သုံးစွဲသွားမယ်လို့ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က ဗီလာရီးရဲအသင်းကနေ ပေါင်သန်း ၃၀ ပေးပြီးခေါ်ယူထားတဲ့ အဲရစ်ဘိုင်လီကို ယင်းပမာဏထက် လျော့နည်းပြီး ပြန်လည်ရောင်းချသွားဖွယ်မရှိပါဘူး။

Share

Loading Next Article...
က္က