ချယ်လ်ဆီးမှာ လက်တွဲခဲ့ဖူးသူတွေ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား အီဒင်ဟာဇက်က ဘယ်လ်ဂျီယံသတင်းစာ တစ်စောင်နဲ့ တွေ့ဆုံမှုမှာ သူ့အနေနဲ့ ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုနဲ့ နောက်တစ်ကြိမ် လက်တွဲလိုတဲ့ ဆန္ဒရှိတယ်လို့ ထုတ်ဖော်ဝန်ခံလိုက်ပါတယ်။ ၂၀၁၄-၁၅ ဘောလုံးရာသီမှာ မော်ရင်ဟိုနဲ့အတူ ချယ်လ်ဆီးမှာ လက်တွဲခဲ့ပြီး ဟာဇက်က ပရီးမီးယားလိဂ်ဖလားကို ရရှိခဲ့ပါတယ်။

Photo : We Ain't Got No History

 

ဒါပေမယ့်လည်း နောက်ရာသီမှာတော့ ချယ်လ်ဆီးအသင်းနည်းပြရာထူးကနေ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရပါတယ်။ မော်ရင်ဟို ထုတ်ပယ်ခံခဲ့ရမှုမှာ ဟာဇက်က သူတို့ကစားသမားတွေရဲ့ အပြစ်မကင်းဘူးလို့လည်း အနည်းငယ်ခံစားရကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo : Daily Post Nigeria

 

"မော်ရင်ဟိုရဲ့ လက်အောက်မှာကစားခဲ့တဲ့ နောက်ဆုံး (၆)လက ၁၂နှစ်တာ ကာလအတွင်း ကျွန်တော့်အတွက် အဆိုးဝါးဆုံး ဘောလုံးရာသီ တစ်ရာသီပါပဲ၊ အဲဒါကလည်း ကျွန်တော့်ရဲ့ အမှားတွေပါ၊ အမှတ်ပေးဖလားကို ကျွန်တော်တို့ ရရှိခဲ့အပြီးမှာ ကျွန်တော်တို့ အသင်းသားတွေက အားလပ်ရက်ရမလားလို့ မော်ရင်ဟိုကို မေးမြန်းခဲ့ပါတယ်၊ ကျွန်တော် အားလပ်ရက်က ပြန်ရောက်လာတော့ လူက ပုံပျက်ပန်းပျက် ဖြစ်နေပါပြီ"

 

"သူ့ရဲ့နောက်ဆုံးဘောလုံးရာသီမှာ ကျွန်တော် မပျော်ရွှင်ခဲ့ပါဘူး၊ အသင်းက နိုင်ပွဲမရခဲ့သလို လေ့ကျင့်ရေးကွင်းမှာဆိုလည်း နွေးထွေးမှုမရှိတော့ဘူး၊ ပျင်းရိစရာကောင်းလောက်အောင်ကို လေ့ကျင့်ခန်းဆင်းနေခဲ့ရတယ်၊ သူနဲ့ အသင်း လမ်းခွဲခဲ့တာက နှစ်ဖက်စလုံးအတွက် အကောင်းဆုံး ဖြစ်ခဲ့တာပါ"

 

"ဒါပေမယ့် လက်ရှိမှာ ကျွန်တော်နဲ့ လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေထဲက ဘယ်သူနဲ့ ပြန်ပြီး လက်တွဲချင်လဲမေးရင်တော့ မော်ရင်ဟိုကိုပဲ ကျွန်တော် ရွေးချယ်မှာပါ၊ ကျွန်တော့်ရဲ့ ကစားသမားဘဝမှာ နောင်တရစရာ များများစားစား မရှိပါဘူး၊ ဒါပေမယ့် မော်ရင်ဟိုနဲ့အတူ ချယ်လ်ဆီးမှာ လက်တွဲခွင့် မရှိတော့ဘူးဆိုတဲ့ ခံစားချက်က ကျွန်တော်ရခဲ့တဲ့ နောင်တတစ်ခုပါပဲ"

Photo : We Ain't Got No History

 

"မော်ရင်ဟိုက ခံစစ်အားသန်တဲ့ နည်းပြဖြစ်နေတာက သိပ်မဆိုးရွားပါဘူး၊ သူက ဂွာဒီယိုလာလို ရင်ခုန်စိတ်လှုပ်ရှားစရာ စွန့်စားရတာမျိုးကို နှစ်သက်တဲ့ နည်းပြမျိုးမဟုတ်ဘူး၊  ကျွန်တော်တို့ ဖလားရတုန်းကဆို ဂိုးတွေအများကြီးသွင်းနိုင်ခဲ့ပြီး တကယ့်ပွဲကောင်းတွေကစားနိုင်ခဲ့တာပါ"

 

"ရလာဒ်တွေဆိုးဝါးနေပြီဆိုရင် မော်ရင်ဟိုက ကစားသမားတွေကို ဝေဖန်တော့တာပဲ၊ ဒါပေမယ့် နောက်ပိုင်းကျ ဒါကို ကစားသမားတွေက လက်သင့်ခံလာကြပါတယ်၊ ဒါက သူ့ရဲ့ စရိုက်ပါ၊ တကယ်လို့ အသင်းက နိုင်နေပြီဆိုရင်တော့ သူက အကောင်းဆုံးနည်းပြပဲဗျ၊ သူက ခင်ဗျားအတွက် သူငယ်ချင်းဖြစ်ပြီး ခင်ဗျားလိုချင်တာအကုန်၊ လုပ်ချင်တာအကုန် လုပ်လို့ရတော့တာပဲ" လို့ ဟာဇက်က မော်ရင်ဟိုရဲ့ အကြောင်းကို ပြောပြသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က