၂၀၁၆ တုန်းက ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်လက်ရှိချန်ပီယံ မန်ချက်စတာစီးတီးအသင်းဟာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို ကြီးမားတဲ့ပြောင်းရွှေ့ကြေးနဲ့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့ သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။ မန်ချက်စတာစီးတီးအသင်းရဲ့ ဥက္ကဌ ခါဒွန်းအယ်လ်မူဘာရတ်ဟာ ယမန်နေ့က စပိန်မီဒီယာတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ မက်ဆီနဲ့ပတ်သက်တဲ့သတင်းတွေကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

Lionel-Messi.jpg



မန်ချက်စတာစီးတီးအသင်းဟာ ၂၀၁၆ ခုနှစ်တုန်းက မက်ဆီကို ဘာစီလိုနာအသင်းက ပေးချေနေတဲ့ လစာရဲ့ ၃ ဆအထိ ပေးချေဖို့ ကမ်းလှမ်းခဲ့တယ်ဆိုတဲ့သတင်းတွေကို ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးအသင်းဥက္ကဌ ခါဒွန်းအယ်လ်မူဘာရတ်က ယမန်နေ့က စပိန်မီဒီယာတွေနဲ့ တွေ့ဆုံရာမှာ ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး လီယွန်နယ်မက်ဆီကို မခေါ်ယူနိုင်ခဲ့တာဟာ ၎င်းအတွက် နောင်တရစရာအကောင်းဆုံးဖြစ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

 

မန်ချက်စတာစီးတီးအသင်းကို ၂၀၀၈ ခုနှစ်မှာ စတင်ချုပ်ကိုင်ခဲ့တဲ့ ခါဒွန်းအယ်လ်မူဘာရတ်ဟာ မက်ဆီကို ငွေကြေးနဲ့ ဆွဲဆောင်ပြီး ကမ်းလှမ်းမှုပြုလုပ်ဖို့ နည်းပြ ပက်ဂွါဒီယိုလာနဲ့ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ယင်းသတင်းတွေကို မန်ချက်စတာစီးတီးအသင်းက ငြင်းပယ်သွားခဲ့ပါတယ်။

"ဒီသတင်းစကားတွေဟာ လုံးဝအခြေအမြစ်မရှိတဲ့အမှားတွေဖြစ်ကြောင်း ကျွန်တော်တို့ ငြင်းပယ်ပါတယ်"လို့ မန်စီးတီးအသင်းရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဖြစ်ပြီး အသင်းခေါင်းဆောင် အင်နီယေစတာထွက်ခွာသွားပြီးနောက် ဘာစီလိုနာအသင်းရဲ့အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားပေးနေသူဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က