ပွဲထွက်ခွင့်ပိုမိုရရှိဖို့အတွက် အသင်းပြောင်းရွှေ့မှာပါ။

ချယ်ဆီးအသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ လော့ဖ်တက်ချိခ်ဟာ ယခုရာသီမှာ ပွဲထွက်ခွင့်အခွင့်အလမ်းနည်းပါးနေတာကြောင့် မပျော်မရွှင်ဖြစ်နေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ပုံမှန်ပွဲထွက်ကစားခွင့်ရရှိမယ့်အသင်းတစ်သင်းကို အငှားထွက်ကစားခွင့်ပေးဖို့ အသင်းကို တောင်းဆိုသွားမယ်လို့ Daily Mail ရဲ့သတင်းအရ သိရပါတယ်။

sei_27645764-5c29-e1537176712417.jpg



အသက် ၂၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လော့ဖ်တက်ချိခ်ဟာ နည်းပြသစ်မူရီဇီယိုဆာရီရဲ့လက်အောက်မှာ ယခုရာသီ ၁ ပွဲသာ ပွဲထွက်ကစားခွင့်ရရှိသေးသူဖြစ်ပြီး ယခုလအစောပိုင်းက မိုလ်ဗီဒီအသင်းနဲ့ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ပွဲထွက်ခွင့်ရရှိခဲ့တာဖြစ်ပါတယ်။

ချန်ပီယံလိဂ်ဖလားကို မကိုင်မြှောက်နိုင်ခဲ့တဲ့ ကမ္ဘာ့ထိပ်တန်းအဆင့် ကစားသမား ၅ ဦး 

လော့ဖ်တက်ချိခ်ဟာ ချယ်ဆီးအသင်းရဲ့ကွင်းလယ်မှာ နေရာရလာနိုင်တဲ့ကစားသမားအဖြစ် တစ်ကြိုပေးခြင်းခံခဲ့ရသူဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက ခရစ်စတယ်ပဲလေ့စ်ကို အငှားနဲ့သွားရောက်ကစားခဲ့စဉ်တုန်းက အကောင်းဆုံးခြေစွမ်းပြသခဲ့တာကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

 

လော့ဖ်တက်ချိခ်ဟာ ချယ်ဆီးအသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပါဝင်ခွင့်မရရှိနိုင်ဘူးလို့ ခံစားနေရပြီး လာမယ့်ဇန်နဝါရီမှာ အသင်းကနေ ထွက်ခွာလိုနေတာဖြစ်တယ်လို့ Daily Mail က ဖော်ပြခဲ့တာဖြစ်ပါတယ်။

ခရစ်စတယ်ပဲလေ့စ်အသင်းဟာ လော့ဖ်တက်ချိခ်ကို ပြန်လည်ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လော့ဖ်တက်ချိခ်ဟာ ၎င်းကို စိတ်ဝင်တစားစောင့်ကြည့်နေတဲ့ အာဆင်နယ်အသင်းကို ရွေးချယ်ဖွယ်ရှိနေပါတယ်။ အာဆင်နယ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ရမ်ဆေးဟာ ယခုရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် အာဆင်နယ်အသင်းက လော့ဖ်တက်ချိခ်ကို စောင့်ကြည့်နေတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က